မြန်မာနိုင်ငံဧ။် အထင်ကရ မြို့ကြီး နှစ်ခုဖြစ်သော မန္တလေး နှင့် ရန်ကုန်မြို့များတွင် ဘားကမ့် (BarCamp) နှစ်ခုကို ဖေဖော်ဝါရီလအတွင်း ရှေ့ဆင့်နောက်ဆင့် ကျင်းပမည်ဟု ဖေ့ဘုတ်စာမျက်နှာများမှတစ်ဆင့် သိရပါသည်..။ ရန်ကုန်တွင် Barcamp Yangon 2011 အဖြစ်ကျင်းပမည်ဖြစ်ပြီး မနှစ်ကကျင်းပပြု လုပ်ခဲ့သည့် ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေ အမ်အိုင်စီတီပါတ်ခ်တွင် ဖေဖော်ဝါရီ ၁၉၊၂၀ နှစ်ရက်ပြုလုပ်မည် ဖြစ်ပြီး ..။ Barcamp Mandalay ကို ဖေဖော်ဝါရီ ၁၂၊ ၁၃ရက်များတွင် ကျင်းပမည်ဖြစ်ပါသည်..။ ရန်ကုန် ဘားကမ့်အတွက် စာနယ်ဇင်းရှင်းလင်းပွဲကို ဖေဖော်ဝါရီ ၁ရက်နေ့ အမ်အိုင်စီတီပါတ်ခ် အခန်နံပါတ် ၂၀၅တွင် ကျင်းပပြုလုပ်မည်ဟာ ဘားကမ့်နှင့် နီးစပ်သူများထံမှ သိရပါသည်..။ အောက်ပါ လင့်ခ်များတွင် ဘားကမ့် များအကြောင်း ဖတ်ရှုနိုင်ပါသည်..။

http://www.barcampyangon.org/

http://www.facebook.com/#!/pages/Barcamp-Yangon/189050577566

http://barcampmandalay.org/

http://www.facebook.com/barcampmandalay


APS( News)

မြန်မာပြည်တွင်း ဓါတ်ပုံသတင်းထောက်နှစ်ဦးရဲ့ The Life of Other သတင်းဓါတ်ပုံ ပြပွဲလေးတစ်ခု ကို ယခုလ ၁၄ရက်နေ့မှာ ဗဟန်းမြို့နယ်.. မဟာစည်သာသနာ့ရိပ်သာ လမ်း ဟာမစ်တစ် မှတ်တိုင် အနီးက တကောင်းအနုပညာပြခန်း မှာကျင်းပပြုလုပ်ပါမယ်…။ ပြသမယ့် ဓါတ်ပုံသတင်းထောက် နှစ်ဦးကတော့ ကိုစိုးဇေယျထွန်း( ရိုက်တာ) နဲ့ ကိုကောင်းထက် (မြန်မာ့တိုင်း) တို့ဖြစ်ပါတယ်… ၂၀၀၇ ခုနှစ်ကနေ ၂၀၁၀ သြဂုတ်စ် အထိ ရိုက်ထားတဲ့ သတင်းဓါတ်ပုံပေါင်း ၇၀ ကျော်ကို ပြသဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်..။ ပြပွဲရက်ကတော့ အောက်တိုဘာ ၁၄ရက်နေ့မှ ၁၈ ရက်နေ့အထိဖြစ်ပါတယ်…။