Believe those Hero

သူတို့တွေကို ကျွန်တော် ယုံပါတယ်။ သူတို့တွေ ဆိုတာ ဘယ်သူတွေလဲ...?

ဟုတ်ကဲ့... မြန်မာပြည်က မီးသတ်ရဲဘော်တွေကို ပြောတာပါခင်ဗျာ။

လူတစ်ချို့က ပြောနေကြတယ်။ ပိုက်ဆံပေးမှ မီးသတ်ပေးကြတယ်။ မီးသတ်ကားက ရေလဲ မပါလာဘူး။ မီးကိုမြင်နေတာတောင် ကားက ရေမပတ်ဘူး။ တချို့မီးသတ်ကားတွေ ရေမပတ်ပဲ ရပ်ထားတယ်။ မီးသတ်တွေ မီးလောင်ပြင်ထဲ မ၀င်ရဲဘူး။ မီးသတ်ကားပေါ်မှာ မီးသတ်ရဲဘော်မတွေ့ဘူး။ စုံပလုံစိအောင် ကြားနေရတယ်။

မီးလောင်ပြင်မှာ ရပ်ကြည့်နေတဲ့ သာမန်လူတစ်ဦးအနေနဲ့ ဒီလို အမြင်တွေ မြင်မိမှာ ယထာဘူတ ကျပါတယ်။ သူတို့တွေ မသိလို့ နားမလည်လို့ ဒီလို ပြောကြဆိုကြတာပါ။ ကျွန်တော်အနေနဲ့ ၂၀၀၅ ကနေ ၂၀၀၇ ဧပြီလ အထိ ရန်ကုန်မြို့တွင်းမှာ လောင်တဲ့ မီးလောင်ပြင် အတော်များများကို အတွင်းစည်းထဲအထိ ၀င်ရောက် ကူညီဖူးတော့ ဒါတွေက မမှန်ဘူးဆိုတာ သိထားရပါတယ်။

ပိုက်ဆံပေးမှ မီးသတ်တယ်ဆိုတာက ကျွန်တော် မျက်စိရှေ့မှာတော့ တစ်ကြိမ်တစ်ခါမှ မကြုံဖူး မမြင်ဖူးသေးပါ။ လောင်နေတဲ့ အိမ်ကို မငြိမ်းပဲ ဘေးနားက ဘာမှ မလောင်သေးတဲ့ အိမ်တွေကို ရေပတ်နေတာက မီးကူးမှာကို ကြိုတင်ကာကွယ်တာပါ။ လောင်နေတဲ့အရာကို ရေတွေ ဖိလောင်းနေလည်း လောင်စာအားကောင်းတဲ့ အချိန်မှာ ဘာမှ အကျိုးမထူးပါဘူး။ မီးမလောင်သေးတဲ့ ဘေးပတ်ဝန်းကျင်ကို ရေဖြန်းထားတဲ့အတွက် ရပ်ကွက်တစ်ခုလုံး ပြာကျရမယ့် ဘေးကို ကာကွယ်ပေးရာရောက်ပါတယ်။

မီးသတ်ကားထဲမှာ ရေပါတယ်။ ဒါတောင် မီးသတ်ကားက မီးလောင်နေတဲ့နေရာကို ရောက်နေတာတောင် ရေမပတ်ဘူး။ အဲဒီလို့ ပြောတဲ့ကေ့စ်မှာတော့ မီးသတ်ကားတွေက ရေကို ပန်းထွက်လာအောင် ပတ်ဖို့အတွက် မီးသတ်စက်မှာ လေပေါင်ချိန်ပြည့်ဖို့ လိုပါတယ်။ လေပေါင်ချိန် မပြည့်မချင်း မီးသတ် ပိုက်ခေါင်းက ရေပန်းထွက်ဖို့ မဖြစ်နိုင်ပါဘူး။ မီးလောင်ပြင်က မီးသတ်စခန်းနဲ့ အလှမ်းဝေးတယ်ဆိုရင် လာရာလမ်းမှာ လေပေါင်ပြည့်အောင် လုပ်ခဲ့ပါတယ်။ မီးလောင်ပြင်လည်း ရောက်ရော အဆင်သင့် ရေပတ်နိုင်တာပေါ့။ ဒါပေမယ့် မီးလောင်တဲ့နေရာနဲ့ စခန်းက လှမ်းမြင်ရတဲ့ တစ်ခေါ်စာ နေရာမှာ ရှိရင် ကားက မီးလောင်ပြင်ကို ရောက်နေပေမယ့် လေပေါင်ချိန်ပြည့်ဖို့ ထိုင်စောင့်နေရပါတယ်။ အဲဒါကြောင့် ချက်ချင်း မီးငြိမ်းသတ်တာ မလုပ်နိုင်ပါဘူး။

မီးသတ်ကားတွေ ရေမပါလာဘူး။ အဲဒါကေ့စ်ကျတော့ ဒီလို ရှိပါတယ်။ နေရာတစ်ခုမှာ မီးလောင်ရင် အဲဒီနေရာနဲ့ အနီးဆုံးနေရာက မီးသတ်စခန်းတွေ စတင်လှုပ်ရှားရပါတယ်။ မီးသတ်စခန်းက ရပ်ထားတဲ့ ကားတိုင်းမှာ ရေဖြည့်ထားလေ့ မရှိပါဘူး။ မီးလောင်ပြင်နား တ၀ိုက်မှာ ရေဖြည့်တင်းဖို့အတွက် သက်ဆိုင်ရာ နယ်မြေခံ မီးသတ်စခန်းက စီစဉ်ပေးရပါတယ်။ မီးကြီးလာတာနဲ့အမျှ အပြင်စည်းက မီးသတ်စခန်းတွေပါ ထွက်ရပါတယ်။ တိုင်းမီးသတ်ဦးစီးက အကူယာဉ်တွေ ထွက်ပါဆိုပြီး စက်ထဲက အမိန့်ပေးလိုက်တာနဲ့ အပြင်စည်းက မီးသတ်တွေ ထွက်လာပါပြီ။ အဲဒီလို ထွက်လာတဲ့အခါကျရင်လည်း အပြင်စည်းဆိုတဲ့အတိုင်း မီးလောင်တဲ့နေရာနဲ့ အတော်လေး အလှမ်းဝေးတဲ့ မြို့နယ်ကနေ ထွက်လာရတဲ့အတွက် ရေသယ်လာဖို့ထက် မီးလောင်ပြင် ရောက်ဖို့ကို အဓိက ဦးစားပေးထားရပါတယ်။ ဒါကြောင့် မီးလောင်နေတဲ့ မြို့နယ်နားရောက်မှ ကားတွေကို ရေဖြည့်လေ့ ရှိကြပါတယ်။ အဲဒီလို ထွက်ပါလို့ ပြောတဲ့အချိန်မှာ မြို့နယ်မီးသတ်စခန်းက တာဝန်ကျရဲဘော်တွေ ကပျာကယာ အ၀တ်အစားလဲပြီး ကမူးရူးထိုး ထွက်ရပါတယ်။ အ၀တ်အစားတောင် စခန်းမှာ လဲဖို့အချိန်မရပါဘူး။ သွားနေတဲ့လမ်းမှာပဲ ကားပေါ်မှာ လဲဝတ်ရတာပါ။ ထွက်လို့ ပြောတဲ့အချိန်မှာ မထွက်မိတဲ့ စခန်းက တိုင်းဦးစီးကို ထုချေလွှာတင်ရပါတယ်။

မီးသတ်ကားတွေ ရေမပတ်ပဲ လမ်းဘေးမှာ တန်းစီရပ်ထားကြတယ်။ အဲဒီကေ့စ်မှာတော့ မီးသတ်ကားတိုင်း ရေပတ်ဖို့ မလိုပါဘူး။ တကယ် ရေထွက်အားကောင်းတဲ့ ကား ၂ စီး ၃ စီး ပတ်နေပြီဆိုရင် အဲဒီနားမှာ နောက်ထပ် ကားတွေက ရေထပ်ပတ်ဖို့အတွက် ကားရပ်စရာနေရာ မရှိတော့ပါဘူး။ အဲဒီအတွက် သူတို့က ရေသယ်ပေးပါတယ်။ တကယ် မီးသတ်နေတဲ့ကားတွေကို နောက်ကနေ ပိုက်တွေ တောက်လျှောက်ဆက်ပြီး ရေထည့်ပေးနေပါတယ်။ အဲဒီလို အဆင့်ဆင့် ရေဆက်တိုက် ထည့်ပေးမှပဲ ရှေ့မှာ ဒိုင်ခံ ပတ်နေတဲ့ကားမှာ ရေအလုံအလောက် ရမှာပါ။ အဲဒီလိုမှ မလုပ်ရင် ၁၀ မိနစ် ၁၅ မိနစ်နဲ့ ရေကုန်သွားမှာပါ။ အဲဒါကြောင့် ရေမပတ်တဲ့ကားကို သွားပြီး အပြစ်တင်လို့ မရပါဘူး။ သူတို့တွေလည်း တာဝန်ကိုယ်စီ ကျေပြွန်အောင် ထမ်းဆောင်နေကြတာပါ။

မီးသတ်တွေ မီးလောင်ပြင်ထဲ မ၀င်ရဲဘူး။ အဲဒါကိုလည်း စဉ်းစားကြည့်ရအောင် အသက်စွန့်တယ်ဆိုတာ ပြောတော့တာ အလွန်လွယ်တာပါ။ တကယ်လုပ်ကြည့်ရင် မလွယ်ပါဘူးခင်ဗျ။ မီးသတ်သမားတွေလည်း အသက်စွန့်ဖို့အတွက် နည်းနည်းတော့ အခက်အခဲ ရှိမှာပါ။ မီးလောင်ပြင်ထဲကို စွတ်ရွတ် ၀င်လိုက်ရင် မမြင်ရတဲ့ အန္တရာယ်တွေက ဆီးကြိုနေပါတယ်။ သေချာစူးစမ်းပြီးမှ ၀င်ရတာပါ။ မီးခိုးတွေ ဒီလောက်များတဲ့ အထဲမှာ အသက်ရှုရတာ ဘယ်လောက်ခက်သလဲ မျက်စိတွေ ဘယ်လောက်စပ်သလဲ ဆိုတာကို ၀င်ဖူးတဲ့လူမှ သိမှာပါ။ အသက်ရှူဖို့ အောက်ဆီဂျင်ဘူးတွေ ရှိပေမယ့် အရေအတွက်က ကန့်သတ်ချက် ရှိနေပါတယ်။ မီးလောင်ပြင်ဝင်နေတဲ့ မီးသတ်ရဲဘော် အားလုံးအတွက် လုံလောက်မှု လုံးဝ မရှိပါဘူး။ အဲဒါအပြင် မီးလောင်ပြင်ထဲကို ၀င်လို့ရတဲ့ မီးသတ်ဝတ်စုံလည်း မပြည့်စုံပါဘူး။ စခန်းမှာ တာဝန်ကျချိန် ၀တ်ဆင်တဲ့ သာမာန်ယူနီဖောင်းတွေနဲ့ မီးလောင်ပြင်ထဲ ၀င်သွားရင် ကိုယ်လုံးတီးဖြစ်သွားမှာပါ။ နိုင်လွန်တွေက မီးနားရောက်တာနဲ့ တဖျစ်ဖျစ် အသံထွက်ပြီး အသားမှာ ကပ်ကုန်ပါတယ်။ မီးသတ်သမားတွေ ယူနီဖောင်း အစုံအလင် မရှိတဲ့အတွက် သဘောင်္စက်ခန်းမှာ ၀တ်တဲ့ ဘွိုင်လာစုတွေကို ၀တ်ပြီး မီးလောင်ပြင်ကို ၀င်နေရပါတယ်။ ပစ္စည်းကိရိယာ အစုံအလင် ရှိရင်တော့ ကျွန်တော်တို့ တိုင်းပြည်က မီးသတ်ရဲဘော်တွေလည်း သတ္တိအရာမှာ မခေကြပါဘူးလေ။

မီးသတ်ကားပေါ်မှာ မီးသတ်ရဲဘော်တွေ မတွေ့ရပါဘူး။ ဟုတ်ပါတယ်။ ကားတစ်စီးမှာ မီးသတ်ရဲဘော် ၂ ယောက် ၃ ယောက်လောက်ပဲ လိုအပ်တာပါ။ ရေဖြည့်တာတွေ ရေပိုက်သယ်တာတွေ မီးသတ်ပိုက်ခေါင်း တပ်တာဖြုတ်တာတွေက အခြားသူတွေ လုပ်ပေးရင်လည်း ရပါတယ်။ မီးလောင်ပြင်မှာ လုပ်အားပေးနေတဲ့ ကြက်ခြေနီရဲဘော်၊ အရံမီးသတ်၊ ဘုန်းတော်ကြီးတွေ ၀င်ရောက် လုပ်ကိုင်နိုင်ကြပါတယ်။ မီးသတ်ရဲဘော်တွေ မီးသတ်နေတဲ့အချိန်မှာ ရေသွားဖြည့်တဲ့ မီးသတ်ကားတွေမှာ မီးသတ်ရဲဘော် အများကြီး ပါစရာ မလိုပါဘူး။ အဲဒါမျိုးတွေ မြင်ရလို့ မီးသတ်တွေ အလုပ် မလုပ်ဘူး မထင်လိုက်ကြပါနဲ့။ သူတို့တွေ မီးလောင်ပြင်မှာ ဆိုင်ရာတာဝန်တွေကို လုပ်နေကြပါတယ်။ တချို့ကျတော့လည်း မောလို့ပန်းလို့ ခဏ နားနေတာလည်း ရှိကြပါတယ်။ မီးဆိုတာ အတော်ပူတယ်လေဗျာ။

နောက်ဆုံးပိတ် ပြောချင်တာက မီးလောင်မှု ကြီးမားပြီး မီးမငြိမ်းသတ်နိုင်တာဟာ မီးသတ်ရဲဘော်တွေရဲ့ တာဝန်မဟုတ်ပါဘူး။ ခေတ်မှီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်သစ်ကြီးကို တည်ဆောက်နေပေမယ့် အဆင့်မြင့် မြို့ပြကာကွယ်ရေးမှာ အလွန်အရေးပါလှတဲ့ မီးသတ်စနစ်တွေ မီးသတ်ကိရိယာတွေ မီးသတ်ကားတွေကို အဆင့်မြင့်တင်မှု မလုပ်ပေးနိုင်တဲ့သူတွေရဲ့ တာဝန်ပါပဲ။ မြို့ကြီးတွေမှာ အထပ်မြင့်တွေ ဆောက်ကြတယ်။ အထပ်မြင့် ငြိမ်းသတ်တဲ့ မီးသတ်ကား အလုံအလာက် မရှိပါဘူး။ မီးသတ် ကိရိယာတွေ ၀တ်စုံတွေ မရှိပါဘူး။ ကဲ... ဘယ်သူမှာ တာဝန်ရှိပါသလဲ...?

တကယ်တော့ ကျွန်တော်တို့ မြန်မာပြည်က မီးသတ်ရဲဘော်တွေဟာ သက်ဆိုင်ရာတာဝန်ကို ကျေပြွန်အောင် ထမ်းဆောင်နေတဲ့ အသံတိတ် သူရဲကောင်းတွေပါပဲ...

မီးလောင်ပြင်မှ သူရဲကောင်း မီးသတ်ရဲဘော်များကို ရည်ညွှန်းလျှက်...


julydream


ရေ… ရေ… ရေ

ကျွန်တော် လက်ဘက်ရည်ဆိုင်က ထွက်လာတော့ မနက်ကိုးနာရီထိုးပြီ.. အင်တာနက်ဆိုင် မှာအီးမေးစ် ခဏစစ်ပြီးရင်တော့ အိမ်ပဲပြန်စာဖတ်တော့မယ်လို့ စဉ်းစားမိတယ်.. ရာသီဥတုက အရမ်းပူတော့ ဟိုဟို ဒီဒီမသွားချင်တာ တော်တော်ကြာပြီ… အပူချိန်ကလည်း ကျွန်တော်တို့ ရန်ကုန်ဟာ အညာလိုဖြစ်နေသလိုပဲ.. ပိုဆိုးတာက မေလထဲကို လ၀က်လောက်ရောက်တာ တောင် မိုးရိပ်လေရိပ်မမြင်နဲ့…။ အီးမေစ်း စစ်တော့ ကျွန်တော်တို့ RAVEN သွေးလှုအသင်း အလုံ အဖွဲ့က တာဝန်ခံ ညီငယ် ကိုရဲဟိန်းက ဖေ့ဘုတ် ကနေ မေးစ်ပို့ထားတာကိုတွေ့ရတယ် ဒီနေ့ ရေသွားလှုမယ်လို့ ရေးထားတယ်… ကိုယ်က မီးမလာလို့ သောက်ရေသုံးရေပြတ်တဲ့ ဒုက္ခကို လက်တွေ့ခံစားနေရတဲ့ လူ ရန်ကုန်လိုမြို့ကြီးပေါ်မှာတောင် ဒီလောက်ခက်ခဲနေရင် နယ်ဘက်တွေဆို ဘယ်လိုလုပ်မလည်း တွေးမိတော့ အပြင်က အပူက ရင်ထဲကိုမဟပ်တော့ ကိုရဲဟိန်းဆီ ဖုန်းဆက်တော့ ဟာ အစ်ကိုအတော်ပဲ.. အစ်ကိုလိုက်ခဲ့အစ်ကို ဆယ့်နှစ်နာရီ ကျွန်တော်တို့ သွားမှာ အလုံကကျွန်တော့်အိမ်ကို သာလာခဲ့.. အခုထိ ဘယ်သွားလှုမယ်မှန်း ကိုယ်မသိသေးဘူး..။

အေး ညီ.. အစ်ကိုလာခဲ့မယ် ။

ကျွန်တော် အလုံ ဆင်မင်းလမ်းထဲရောက်တော့ လမ်းထိပ်လက်ဘက်ရည်ဆိုင်ကနေ ကျွန်တော့်ကို ကိုအာကာက လှမ်းခေါ်တယ်.. အစ်ကို ရေသွားလှုမလို့ အဲဒါအစ်ကိုကို့ ရဲဟိန်းစောင့်နေပါဆိုလို့.. အာကာနဲ့ကျွန်တော် လက်ဘက်ရည်သောက်နေတုန်း ကိုရဲဟိန်းရောက်လာတယ်.. အဲဒီမရှေးမနှောင်းမှာပဲ.. ကိုအောင်နိုင်ဦး. ရောက်လာတယ် သူက RAVEN ဗီနိုင်းတွေပါ ယူလာတယ်.. အခုထက်ထိ RAVEN အမာခံလေးဦး ပဲဆုံဖြစ်သေးတယ် ကျွန်တော်က ခရီးစဉ်ကို ကိုရဲဟိန်းကိုမေးတော့ အစ်ကို.. တွံတေး မြို့နယ်ထဲက ကရင်စုရွာ၊ ချောင်းဝိုင်းကြီးတောင်ပိုင်း မြောက်ပိုင်းနဲ့၊ ချောင်းဝိုင်းလေး ကျေးရွာတို့ကိုသွားလှုမယ်လို့ ပြောတယ်..။ ရေသန့် ၂၀ လီတာ ဘူကြီး ၁၀၀၊ ၅ လီတာ ဗူးလတ် ၂၁၀ နဲ့ ၁လီတာ ခြောက်ဗူးတွဲ ၉၀ နဲ့ ၆၀၀ မီလီမီတာ ဗူးသေး ၁၀၀ကျော် ပါတယ်အစ်ကို. ..

ဟ.. မနည်းပါလား အခု ငါတို့ လေးယောက်ပဲ ရှိသေးတယ်လေ.. မဟုတ်ဘူးအစ်ကို ကျွန်တော်တို့ အလုံ က RAVEN လူငယ်တွေ အတော်များများ ရှိသေးတယ် .. တော်ကြာ လာကြတော့မှာ မနက်ကတည်းက ရေသန့်မှာပြီး အိမ်မှာ ထမင်းပြန်စားနေကြလို့.. ကျွန်တော်တို့ သိပ်ကြာကြာမစောင့် ရပါဘူး RAVEN လူငယ်တွေ ရောက်လာကြပါတယ်.. မွန်းလွဲတစ်နာရီခွဲမှာတော့ ကျွန်တော်တို့ ရေသန့်တွေကို အလုံသစ်တောလမ်း မြစ်ဆိပ်ကို ကားနဲ့ သယ်ရပါတော့တယ်.. သမ္ဗာန်ဆိပ်ကနေ ကျွန်တော်တို့ ငှားထာတဲ့ သမ္ဗာန်တွေထဲကို ရေဘူးတွေ ပြောင်းသယ်တော့ ကျွန်တော် တို့ လူနှစ်ဆယ် တော်တော်လေး ချွေးနစ်သွားတော့တယ် … ရန်ကုန်နေ ရန်ကုန်လေ ကိုပဲ အပြစ်ပြောရမလား.. ကိုယ်တွေစိတ်ကူးထဲမှာ ကိုယ်ထကိရေကို ပိုဆာလောင်နေမယ့် လူတွေ အတွက် ရေတစ်ငုံမှတောင် မသောက်ဖြစ်ကြဘူး.. သမ္ဗာန်တွေပေါ်တင်ပြီးတော့ ကျွန်တော်တို့ မြစ်ကို ဖြတ်ရပါတယ် ပြီးတော့ချောင်းကျဉ်းလေး အတိုင်း နာရီဝက်ခန့်မောင်းတော့ ကရင်စု ရွာကို ရောက်ပါတယ်.. ကရင်စုရွာကို ရေသန့် ပီပါ ခြောက်ဆယ်ဆန့်တဲ့ ရေသယ် သမ္ဗာန် တစ်စီးလှုခဲ့ပါတယ်.. ကျန်တဲ့ ရေသန့် တွေကိုတော့.. ကျွန်တော် တို့ ချောင်းဝိုင်းကြီးတောင်မြောက် ကျေးရွာနဲ့ ချောင်းဝိုင်းလေး.. ကျေးရွာတွေ မှာ ရွာခံလူကြီးတွေ အကူအညီ ခွဲဝေလှုဒါန်းခဲ့ပါတယ်..။ ချောင်းဝိုင်းကြီး ကျေးရွာရောက်တော့ ကျွန်တော်တို့ လိုရေသန့် လာလှုတဲ့ အဖွဲ့ တစ်ဖွဲ့ နဲ့ ရှေ့ဆင့် နောက်ဆင့် ဆုံဖြစ်ပါသေးတယ်.. ချောင်းဝိုင်းကြီးကျေးရွာက ရွာကြီးမို့ တခြား ရွာတွေထက် လူဦးရေကော အိမ်ထောင်စုကောပိုများပါတယ်.. ကျွန်တော်တို့လည်း ချောင်းဝိုင်းကြီး ကျေးရွာ ဆရာတော် ဆီကိုလည်း ရေသန့် ၅ လီတာ ၅ဗူးသွားလှုရင်း စကားပြောဖြစ်ခဲ့ပါသေးတယ်.. ဆရာတော်ကတော့ နှစ်ပေါင်းငါးဆယ် ဒါအဆိုးဆုံး မိုးခေါင်တာပါပဲ တဲ့.. နာဂစ်နောက်ပိုင်း ဒီနှစ်က အဆိုးဆုံးကပ် တစ်ခု ဖြစ်သလိုပါပဲ.. ဘုန်ကြီးကျောင်းဝင်းထဲက ရေကန်ကြီးကလည်း ခန်းခြောက်လို့နေပါတယ်.. ဆရာတော်က အရင်နှစ်တွေက ဆို အခုလို မခန်းကြောင်းပြောပါတယ် ..ခန်းသွားလည်း မိုးလိုက်လာတာနဲ့ ရေပြန်ပြည့်တယ် အခုက မိုးကလည်းခေါင်နေတာဆိုတော့ ချောင်းဝိုင်းကြီး

ပါတ်လည်မှာ ရှိတဲ့ရေကန်တွေ အကုန်ခမ်းခြောက်ကုန်ပြီး အနီးပါတ်ဝန်းကျင် ကျေးရွာ အများစုကလည်း အခုလို အခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့ ပြောပြပါတယ်..။ ချောင်းဝိုင်းကြီးကျေးရွာ က ရွာလူကြီး တစ်ဦးကတော့ သောက်ရေ အခက်အခဲ ရှိတာ သုံးပါတ်ခန့်ရှိပြီ.. လို့ပြောပါတယ်.. သုံးရေအတွက် ချောင်းထဲကရေကိုသုံးလို့ရ ပေမယ့် ချက်ပြုတ်ဖိုသောက်ဖို့တော့ ခက်ခဲကြောင်း မြစ်ဝကျွန်းပေါ်ဖြစ်တဲ့အတွက် ရေတွင်းနဲ့.. အ၀ိဇီတွင်းတူးလို့ မရဘူးခင်ဗျာ ရေငန်ထိုးတာရယ်..ကြောင့်ပါလို့ ရှင်းပြပါတယ်… ကျွန်တော်တို့ အဖွဲ့ဟာ ဒုတိယမြောက် ရေလာလှုတဲ့ အဖွဲ့ဖြစ်ပေမယ့် ဒီတစ်နေ့ပဲ ရေလာလှုကြသေးတယ်လို့ ချောင်းဝိုင်းကြီးကျေးရွာက မိခင်တစ်ဦးက ပြောပါတယ်.. ကလေးကိုဓါတ်ဆားရေတိုက်ချင်နေတာ နဲ့အတော်ပါပဲ.. ကျွန်မတို့ရေသန့်ကိုမျှော်နေတာ တော်တော်ကြာပြီလို့ သူမကပဲ ဆက်ပြောပြပါတယ်… လယ်သမားတချို့ကတော့ မိုးဦးအရမ်းနှောင်းမှာကို စိုးရိမ်မကင်းဖြစ်နေကြပါတယ်.. နောက်ပြီး.. မိုးခေါင်တဲ့နှစ်တွေမှာ မိုးနှောင်းသန်တာမို့ လယ်တွေရေနစ်တတ်ပါ တယ် မိုးခေါင်တယ်ဆိုတာ လယ်လုပ်သူတွေအတွက်နိမိတ်ဆိုးပါလို့ လယ်သမားတစ်ဦးကလည်း ပြောပြပါတယ် မိုးခေါင်တာနဲ့ တခြား လူမှု ဒုက္ခတွေ အများအပြား ပါဝင်လာနိုင်တယ်လို့… ရှေ့မှီနောက်မှီလူကြီးတစ်ဦးကလည်း ပြောပြပါတယ်.. ကျွန်တော်တို့ ညနေ လေးနာရီကျော်ကျော်မှာ ချောင်းဝိုင်းကြီးထဲကနေ စက်လှေတွေနဲ့ပြန် ထွက်လာခဲ့ကြပါတယ်… ကမ္ဘာကြီး ပူနွေးလာမှုက ကျွန်တော်တို့ကို ဘယ်လောက်ထိရိုက်ခတ်ဦးမှာလည်း ခြောက်သွေ့ကြမ်းလျှတဲ့ရန်ကုန် မြစ်ပေါ်ကလေတွေကို ဖြတ်သန်းရင်း… ရေအသက်တစ်မနက်တဲ့.. ရေငတ်လို့ သေခြင်းတရားနဲ့ ဖြေရှင်းသွားမယ့် အဖြစ်မျိုးတွေ မဖြစ်ပေါ်ပါစေနဲ့ လို့ ဆုတောင်းရင်း….။

အောင်ပိုင်စိုး

ဧပြီ တစ်ရက်နေ့ မနက် ကိုးနာရီ အချိန်မှာ ကျွန်တော် တို့ RAVEN စေတနာသွေးလှုရှင် အဖွဲ့ဝင်တွေ သင်္ကန်းကျွန်း စံပြဆေးရုံရဲ့ ပင်မဆောင်ထဲက အခန်းတစ်ခန်းထဲကို စုပေါင်း ရောက်ရှိခဲ့ပါတယ်.. ဘာအတွက်လည်း ဆိုတော့ ကျွန်တော်တို့ရဲ့ ပထမအကြိမ် စုပေါင်း သွေးလှုဒါန်းပွဲကို မကြာခင်ပြု လုပ်တော့မှာမို့ မနက် ကိုးနာရီဆယ့်ငါးမိနစ်မှာ ဆေးရုံအုပ်ကြီး ရောက်လာပြီး ကျွန်တော် တို့ကို စုပေါင်းသွေးလှုဒါန်းတဲ့ အတွက်ကျေးဇူးတင်ကြောင်း …နဲ့

သွေးလိုအပ်ချက်ဟာ ဆေးရုံတစ်ရုံ အဓိက အရေးကြီး အချက်တစ်ခုဖြစ်ပြီး သွေးသန့်ရရှိဖို့ လည်း ခဲယဉ်းတဲ့အတွက် အခုလို လူငယ်တွေ အများကြီးကို တစ်စုတစည်းတည်း သွေးလှုဖို့ တွေ့ရတာအတွက် ကျေးဇူးတင်ဝမ်းမြောက်ကြောင်း ပြောကြားပေးခဲ့ပါတယ်… နောက်တစ်ဆက်တည်းမှာပဲ… phathologic

က ဒေါက်တာအေးအေးဝင်း တာဝန်ခံဆရာမ ကလည်း… စေတနာ သွေးလှုရှင်တွေ ဟာ သွေးသန့်ဖို့အရေးကြီးကြောင်း နောက်ပြီး သွေးသန့်ရရှိရေးအတွက်တစ်ကိုယ်ရည် ကျန်းမာရေးစောင့်ရှောက်မှုအတွက် အရေးကြီးတဲ့ အချက်အလက်တွေ ကို ပညာပေးဟောပြောပေးပါတယ်… ကူးစက်ရောဂါများမှကာကွယ်ရန်နှင့် စေတနာသွေးလှုရှင်တွေ လေးလတစ်ကြိမ် သွေးပုံမှန် လှုဒါန်းခြင်း လူနာတွေ နဲ့ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကိုပါ ကူညီနေတာ ဖြစ်တဲ့အတွက် လေးစားဂုဏ်ယူမိကြောင်း ကို ဗဟုသုတဖြစ်ဖွယ်.. ရှင်းလင်းပြောပြပေးခဲ့ပါတယ်… ပြီးနောက်တော့ ကျွန်တော်တို့

RAVEN စေတနာသွေးလှုရှင်အဖွဲ့မှ အမှုဆောင် တစ်ဦးဖြစ်တဲ့ ကိုမိုးလှိုင်ည က RAVEN စေတနာသွေးလှုရှ

င်အဖွဲ့ ကို ၂၀၀၆ ခုနှစ်တွင် ကိုဇူလိုင်၊ ကိုရန်နိုင်ဇော်ဦး တိုနဲ့အတူ လူမှုရေးလုပ်ငန်းတွေကို ၀ါသနာပါတဲ့ လူငယ်တစ်စု က စတင်ဖွဲ့စည်းခဲ့ပါတယ်။ဆေးရုံများမှ လူနာများ သွေးလိုအပ်က ဆက်သွယ်တောင်းခံနိုင်ပြီး လူနာများထံသို တိုက်ရိုက်လှုဒါန်းတဲ့ အဖွဲ့ ဖြစ်ပြီး ပြည်တွင်း စေတနာရှင် လူငယ်များဖွဲ့စည်း ထားတဲ သွေးလှုရှင်အသင်းတစ်ခု ဖြစ်ကြောင်း ၂၀၀၈ခုနှစ်မှာ နာဂစ်မုန်တိုင်းသင့် ပြည်သူများကိုလည်း ကူညီဆောင်ရွက်ပေးခဲ့တဲ့ လူမှုကရုဏာလုပ်ငန်းများကို စဉ်ဆက်မပြတ် လုပ်ဆောင်ခဲ့ပါတယ် စဉ်ဆက်မပြတ်လုပ်ခဲ့ပါတယ် အဲဒီ ၂၀၀၈ ခုနှစ်ထဲမှာပဲ နောက်ထပ်အဖွဲ့ ခွဲ တစ်ခုကို သင်္ကန်းကျွန်းမြို့နယ်မှာ ထပ်မံဖွဲ့စည်းပြီး… စံပြဆေးရုံ၊ တောင်ဥက္ကလာပ ဆေးရုံ ၊များသွေးလိုအပ်ချက်များကို ကူညီလှုဒါန်းပေးဖြစ်ခဲ့ပါတယ်… အခုဟာ က စုပေါင်းသွေးလှုဒါန်းပွဲကို ပထမအကြိမ်စုပေါင်းကျင်းပတာဖြစ်ပြီး ပါဝင်ကူညီကြတဲ့ RAVEN စေတနာသွေးလှုရှင်အဖွဲ့မှ လူငယ်များနဲ့ ပါဝင်လှုဒါန်းကြတဲ့ သွေးလှုရှင်များကို အထူးတလည်ကျေးဇူးတင်ကြောင်းနဲ့ နောက်ထပ်လည်း အဆင်ပြေမယ်ဆိုရင် စုပေါင်းသွေးလှုဒါန်းပွဲတွေ ဆက်လက် ပြုလုပ်သွားဖို့ ကြိုးစားသွားမှာဖြစ်ပါတယ်.. အရေးပေါ်သွေးလိုအပ်မှု ရှိရင်လည်း ၂၄ နာရီ ကူညီဆောင်ရွက်ပေး နိုင်ဖို့ ဆက်လက် ကြိုးစားသွားမယ် လို့ ပြောကြားသွားခဲ့ပါတယ်။

မနက် ဆယ်နာရီ ထိုးတဲ့ အချိန်မှတော့ သွေးလှုဒါန်းပွဲ စတင်ပါပြီ.. တာဝန်ခံ ကိုဖြိုးနဲ့ ကိုရဲဟိန်းတို့က သွေးလှုရှင်များကို နာမည် စာရင်းခေါ်ပြီးတော့ ဆယ်ယောက်တစ်သုတ်ဆီ.. သွေးပေါင်ချိန်၊ ကိုယ်အလေးချိန်ချိန်၊ သွေးစစ်ဆေးခြင်းတို့ကို ပြုလုပ်ဆောင်ရွက်ပေးပါတယ်..။ သွေးလှုရှင်များကို လှုဒါန်းခွင့်ရမရ စောင့်ဆိုင်းချိန်မှာ ကော်ဖီနဲ့ ဧည့်ခံကျွေးမွေးပါတယ်.. သွေးလှုဒါန်းခွင့် ရရင်တော့ သွေးလှုဘဏ် သွေးထုတ်ခန်းမှာ သွေးဘဏ်က ဆရာမများနဲ့အတူ… RAVEN စေတနာသွေးလှုရှင်အဖွဲ့မှ ဒေါက်တာ အောင်နိုင်ဦး၊ ဒေါက်တာဟန်ဝင်းအောင်

အမှုဆောင်ကို ဥာဏ်မျိုးအောင် တို့က ကူညီ သွေးထုတ်ယူဖို့ အတွက် ကူညီဆောင်ရွက်ပေးပါတယ်… ကျန်တဲ့ လူငယ်တွေက သွေးလှုရှင်များနေ့လည်စာ ကျွေးမွေးခြင်း လက်ဆောင်ပေးခြင်းနဲ့ … အနားယူရင်း အအေးတွေကို ဝေငှပေးနေတာကိုတွေ့ရပါတယ်.. . သွေးလှုရှင်များထဲမှာ သင်္ကန်းကျွန်းမြိုနယ် RAVEN အဖွဲ့မှ တာဝန်ခံ မအေးအေးသွယ်လည်း ပါဝင်လှုဒါန်းခဲ့ပါတယ်…။

အလှုရှင် အများစုကတော့ ပထမအကြိမ် အလှုရှင်တွေပါ… ကျွန်တော်တို့ စုပေါင်းသွေးလှုဒါန်း ခြင်း အကြောင်းကို ရှင်းပြထားလို့.. ပထမလျာထားတဲ့ အလှုရှင်ထက်ပိုမို များပြားလာတာကို တွေ့ရပါတယ် ထူးထူးခြားခြား မွေးနေ့ရှင် နှစ်ယောက် ပါ ပါဝင်လှုဒါန်းတာကို တွေ့ရပါတယ် သင်္ကန်းကျွန်းမြို့နယ်က ကိုသူရကျော်နဲ့ ကိုဇာနည်တို့ပါ … လို့ တာဝန်ခံ ကိုရဲဟိန်းက ပြောပြပါတယ်…။

သွေးလှုဒါန်းဖို့ ပထမစာရင်း ပေးထားတာ အယောက်သုံးဆယ်ပါ အခမ်းအနားစတော့မှ လှုမယ်ဆိုပြီး ထပ် စာရင်းလာပေးတော့ အားလုံးပေါင်း လေးဆယ့် ရှစ်ယောက်ဖြစ်သွားပါတယ်.. အဲဒီထဲကမှာ A သွေး ဆယ်လုံး၊

B သွေး ဆယ်လုံး၊ AB သွေးတစ်လုံး ၊ O သွေး ဆယ်သုံးလုံး လှုဒါန်းဖြစ်ခဲ့ပါတယ်.. လို့ တာဝန်ခံ ကိုဖြိုးက ပြောပြပါတယ်..

ဧပြီ ၁ရက်နေ့ နေ့လည် ဆယ်နှစ်နာရီခွဲ အချိန်မှာတော့ သွေးလှုဒါန်းပွဲလေး ပြီးဆုံးသွားခဲ့ပါတယ်.. စုပေါင်းသွေးလှု ပွဲမှာ ပါဝင်ကူညီဆောင်ရွက်ပေးခဲ့တဲ့ လူငယ်များနဲ့ စံပြဆေးရုံမှာ သွေးဘဏ် တာဝန်ရှိသူများ စုပေါင်း ဓါတ်ပုံ ရိုက်ခဲ့ကြပြီး… တစ်ယောက်နဲ့ တစ်ယောက်အရူးလုပ်ဆော့ကစားတတ်တဲ့ ဧပြီဖူး နေ့ကလည်း

Raven သွေးလှုရှင်လူငယ်များက ပီတီအပြုံးတွေနဲ့ တည်ကြည် လေးနက်ခဲ့ကြပါတော့တယ်…။



အောင်ပိုင်စိုး




``ခင်ဗျားဆီက ပန်းသီးတစ်လုံးနဲ့ ကျွန်တော်ဆီက ပန်သီးတစ်လုံးချင်းလဲရင် ကျွန်တော်တို့ နှစ်ယောက်ဆီ ပန်းသီးတစ်လုံးချင်းပဲရှိမယ်… ခင်ဗျားဆီက အတွေးတစ်ခုနဲ့ ကျွန်တော်ဆီက အတွေးတစ်ခု အလဲအလှယ် လုပ်ရင် ကျွန်တော်တို့ နှစ်ယောက်လုံးစီမှာ အတွေးနှစ်ခုရသွားမယ်´´

အသိဥာဏ်ဆိုင်ရာ တိုးတက်မှုအတွက်တော့ အတော်ကောင်းတဲ့ နမူနာလေးပါ.. ဘယ်မှာ
ဖတ်ဖူမှန်း အမှတ်မရတော့လို့… မူရင်ရေးသားသူကို မတင်ပြနိုင်တာကို
စိတ်မကောင်းဖြစ်မိတယ်…။


ဘားကမ့် ရန်ကုန် ၂၀၁၀ ကိုမြန်မာနိုင်ငံကွန်ပြူတာ ပညာရှင်များအသင်းချုပ်
ဦးဆောင်မှုနဲ့ ရန်ကုန်အခြေစိုက်
အိုင်တီကျွမ်းကျင်သူ လူငယ်များက ပူပေါင်းကျင်းပဖိုစီစဉ်နေပါတယ်..။
ဇန်န၀ါရီ ၂၃ ၊ ၂၄ရက်များမှာ မနက် ၉နာရီကနေ ညနေ ၅ နာရီအထိ ရန်ကုန်တက္ကသိုလ်
လှိုင်နယ်မြေထဲက မြန်မာ အင်ဖိုတက်ခ် အဆောက်အဦး
မှာကျင်းပ မှာဖြစ်ပါတယ်…။ BarCamp ဆိုတာ သမရိုးကျဆွေးနွေးပွဲပုံစံတွေက
နေခွဲထုတ်ပြီး လွတ်လပ်ပေါ့ပါးတဲ့ ဘယ်သူမဆို ပါဝင်ဆင်နွှဲနိုင်တဲ့ နည်းပညာ
ဖလှယ်ပွဲတစ်ခု ဖြစ်ပါတယ်။ Web 2.0 ခေတ်မှာ လူတွေ လက်ခံလာတဲ့ ပူးပေါင်း
လုပ်ဆောင်ခြင်း Collaboration and Knowledge Sharing ဆိုတာကို အခြေခံပြီး
လူတစ်ယောက်နဲ့ တစ်ယောက်ကြား၊ ပညာရှင် ဟုတ်သူနဲ့ မဟုတ်သူတွေကြား အသိပညာ
ကွာခြားချက်ကို ကျဉ်းမြောင်း လာအောင် လုပ်ဆောင်ကြတဲ့ Community Activity
တစ်ခုလည်း ဖြစ်ပါတယ်။ တစ်ယောက်တည်းက ပြောဆိုနေတာကို ကျန်တဲ့သူတွေက
နားထောင် နေရတာမျိုး မဟုတ်ဘဲ ကိုယ်သိတဲ့ ကိုယ်တတ်ကျွမ်းတဲ့ ဘာသာရပ်တွေကို
ကိုယ့်အနေနဲ့လည်း ဖွင့်ဟပြောဆို နိုင်တာမို့ လူအများကြီးနဲ့ ထိတွေ့ဆက်ဆံ
နိုင်ခွင့်ကိုလည်း ရရှိစေမှာပါ BarCamp ရန်ကုန်ရဲ့ ၀ဘ်ဆိုဒ်မှာ
ဖော်ပြထားပါတယ်..။


BarCamp တွေကို အမေရိကန် ၊ ဥရောပ နဲ့ အခြားနိုင်ငံများမှာ
အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ပြီးပါပြီ… ဒေသတွင်းနိုင်ငံတွေထဲမှာလည်း
အိန္ဒိယ တစ်နိုင်ငံတည်းတင် အကြိမ် ၇၀ လောက်ပြုလုပ်ပြီးပါပြီ.. တခြားအာဆီယံ
နိုင်ငံတွေလည် BarCamp ပြုလုပ်ခဲ့ကြပြီး.. အခု မြန်မာပြည်အတွက် BarCamp
Yangon
ဟာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်.. BarCamp တွေဟာ နည်းပညာ၊ အသိပညာ
မျှဝေဖို့အတွက် အကောင်းဆုံးပါပဲ.. ကွန့်ဖရင့်တို့ ဆီမီနာတို့လို
တင်းကျပ်တဲ့ ပုံစံလည်း မရှိတဲ့အပြင် ပညာရှင်တစ်ယောက်တည်း က ပြောပြတာကို
အားလုံးဝိုင်းနားထောင်ကြတဲ့ပုံစံမဟုတ်ပဲ .. မိမိ ထင်မြင်ယူဆချက်တွေ မိမိ
တွေ့ကြုံဖူးတာတွေကို ပါ အပြန်အလှန်ပါဝင်ဆွေးနွေးလို့ရတဲ့အတွက်
စိတ်ဝင်စားဖွယ် ကောင်းပြီး တချို့ နိုင်ငံတွေမှာ အကြိမ်ပေါင်း
မြောက်မြားစွားပြုလုပ်ကြတာပါ..။ BarCamp တွေကို မြို့ အလိုက်
ပြုလုပ်ကြပြီး BarCamp ဘန်ကောက်၊ BarCamp ဖနွမ်းပင်၊ BarCamp ဒေလီ၊
စသည်ဖြင့်ပြုလုပ်လေ့ ရှိကြတယ်လို့ BarCamp ရန်ကုန်ပွဲကိုစီစဉ်သူတစ်ဦးက
ပြောပြပါတယ်..။

BarCamp ရန်ကုန်ကို မည်သူမဆို တက်ရောက်နိုင်ပြီး.. မည်သည့် Topic ကိုမဆို
ပါဝင်ဆွေးနွေးနိုင်ပါတယ်..
ပွဲစီစဉ်သူတွေအနေနဲ့ အချိန်နေရာ နဲ့ ပရိုဂျက်တာ ဆွေးနွေးမှုနဲ့သက်ဆိုင်
တဲ့ ပစ္စည်းတွေ စီစဉ်ပေးမှာဖြစ်ပြီး
ဘယ်အကြောင်းရာကို ပြောရမယ်.. ဘယ်အကြောင်းရာကို ပါဝင်ဆွေးနွေးမယ်ဆိုတာ က
ပွဲကိုတက်ရောက်သူ
တွေကိုယ်တိုင် ပါဝင်ဆုံးဖြတ်လို့ရနိုင်ပါတယ်.. ဒါပေမယ့်
ခေါင်းစဉ်တစ်ခုအတွက် အခန်းတစ်ခန်းမှာ
တစ်နာရီပဲ ပြောခွင့်ရမှာဖြစ်ပြီး.. ဆက်လက်ဆွေးနွေးလိုပါ က
ပါဝင်ဆွေးနွေးလိုသူတွေနဲ့ အချိန်နေရာထပ်မံ
ရွေ့ဆိုင်းပေးမှာဖြစ်ပါတယ်.. အဲဒီအတွက် ခေါင်းစဉ်တစ်ခုကို တစ်နာရီအတွင်း
presentation လုပ်နိုင်ဖို့ လိုတယ်လို့ Organizer တစ်ဦးဖြစ်သူ
ကိုညီလင်းဆက်က ပြောပါတယ်..။

BarCamp ဆိုတာ add- hoc Gathering ဖြစ်တဲ့အတွင် လှုပ်ရှားတက်ကြွနေတဲ့
တွေ့ဆုံမှု ဖြစ်တဲ့အတွက် ပြည်တွင်း အိုင်တီကဏ္ဍအတွက် တိုးတက်မှုတွေ
ဖြစ်ပေါ်လာနိုင်ပါတယ်.. ၀ါသနာတူ ကမ္ဘာအရပ်ရပ်က အသိမိတ်ဆွေ
တိုးပွားသွားနိုင်ပြီး ကိုယ့်ရဲ့ အိုင်တီ Net work ပိုမိုကျယ်ပြန့်
နိုင်ပါတယ်… ကိုယ့်ရဲ့ Talent ကိုထုတ်ပြနိုင်ပြီး… တခြားသူတွေနဲ့
ပညာရပ်ပိုင်းဆိုင်ရာ ဗဟုသုတတွေ ပြန်လည်ရှယ်ယာလုပ်နိုင်တဲ့
အတွက်လူငယ်တွေအတွက် အကျိုးအများကြီးရှိစေမှာပါ..။ BarCamp ရန်ကုန်ကို
အိုင်တီလုပ်ငန်းခွင်ထဲက လူငယ်တွေအများဆုံး တက်ရောက်မယ်လို့
မျှော်လင့်ရပါတယ် ..။ ရန်ကုန်မှာ ပထမဆုံးအကြိမ်လုပ်တာပါ နောက်နှစ်တွေဆို
ရန်ကုန်အပြင် BarCamp မန္တလေး၊ BarCamp တောင်ကြီး၊ BarCamp ရတနာပုံ
ဆိုပြီးပေါ်ပေါက်လာနိုင်ပါတယ်… အခုပွဲက MCPA နဲ့ လူငယ် Freelence
အိုင်တီသမားတွေ ပူပေါင်းပြီး ပထမဆုံးပြုလုပ်တဲ့ BarCamp ဖြစ်ပါတယ်လို့
BarCamp ရန်ကုန်ရဲ့ PR Teamမှ ကိုမင်းယွန်းသစ်က ပြောပြပါတယ်…။
BarCamp ရန်ကုန်ကို နည်းပညာနဲ့ သက်ဆိုင်တဲ့ ကုမဏီတချို့က
စပွန်ဆာပေးပါတယ်… အမှန်တကယ်တော့ နည်းပညာ ကဏ္ဍတင်မဟုတ်ပါ
တခြားအသိအမြင်ဆိုင်ရာ ဖလှယ်မှုတွေပါ ပြုလုပ်တဲ့အတွက် ကဏ္ဍပေါင်းစုံ
ပါဝင်ပက်သက်နိုင်တဲ့ တခြားစီးပွားရေးဆိုင်ရာ အမှတ်တံဆိပ်တွေကိုလည်း
BarCamp မှထည့်ကြော်ငြာရင် အကျိုးအမြတ်အများကြီး ရရှိနိုင်ပါတယ်…
အနာဂါတ်လူငယ်တွေရဲ့ စံနှုန်းအသစ်ဖြစ်တဲ့အပြင်.. BarCamp ဟာတစ်မူထူးခြား
အသိပညာဆိုင်ရာ ရှာဖွေမှုနည်းလမ်းတစ်ခု ဖြစ်နေပါတယ်… ကမ္ဘာအရပ်ရပ်မှာလည်း
BarCamp ပွဲတွေဟာ ပေါ်ပြူလာဖြစ်လာနေပြီး.. အသိပညာရှာဖွေတဲ့
လူငယ်တွေလူလတ်ပိုင်းတွေကြားမှာ ရေပန်းစားလာပါပြီ… community development
အတွက်လည်း အထောက်အပံ့ဖြစ်တဲ့အတွက် BarCamp မှာမိမိကုန်စည်နဲ့
အမှတ်တံဆိပ်တွေကို စပွန်ဆာပေးရင်းနဲ့ စီးပွားဆိုင်ရာ
အကျိုးအမြတ်တွေရရှိနိုင်ပါတယ်. ဒါပေမယ့် BarCamp ဟာ စီးပွားရေးဆိုင်ရာ
သက်သက်အတွက်တော့ ပြုလုပ်တာမဟုတ်ပါဘူး လို့ BarCamp ရန်ကုန်
မားကက်တင်းအဖွဲ့မှ ကိုဇော်ဇော်မျိုးလွင်က ပြောပြခဲ့ပါတယ်…။
BarCamp ရန်ကုန်ကို တက်ရောက်လိုသူတွေအနေနဲ့
http://www.barcampyangon.org/ မှာ Register ပြုလုပ်ထားဖို့လိုပါတယ်..
ကြိုတင် Register ပြုလုပ်ဖို့ အခက်အခဲ ရှိသူတွေအနေနဲ့လည်း ပွဲအတွင်းမှာ
Register ပြုလုပ်နိုင်မှာဖြစ်ပါတယ်.. BarCamp ပွဲကိုလာတဲ့အတွက် Gift pad
တစ်ခုပေးမှာဖြစ်ပြီး နည်းပညာဆိုင်ရာ အသုံးချ DVD တစ်ချပ်ကို opensource
ဆော့ဝဲလ်တွေ ဝေငှပေးမှာဖြစ်ပါတယ်.. ဘားကမ့်ရက်အတွင်းမှာ
ကြိုးမဲ့အင်တာနက်ကို BarCamp ရန်ကုန် ကျင်းပတဲ့ ဧရိယာမှာ မည်သူမဆို
အခမဲ့သုံးစွဲနိုင်ပြီး.. အိုင်တီလူငယ်တွေအချင်းချင်း နည်းပညာ
မျှဝေနိုင်ဖို့အတွက် ဖိုင်ရှယ်ယာ sever တစ်လုံးထားပေးထားပါမယ်… wireless
အင်တာနက်သုံးစွဲနိုင်တဲ့ 3Gဖုန်းတွေ ၊ PSP၊ Notebook၊ Netbook၊
တွေယူဆောင်လာလို့ရပါတယ်.. အဲဒါတွေမပါရင် အင်တာနက် သုံးစွဲနိုင်ဖို့ PC
တချို့တပ်ဆင်ထားပေးပါမယ်.. ကိုင်ပိုင် ကြိုးမဲ့ အင်တာနက်
ချိတ်ဆက်နိုင်တဲ့ Tool တွေယူဆောင်လာရင်တော့ ပိုအဆင်ပြေနိုင်တယ်လို့
Planning Team မှာ ကိုကျော်ဇေယျက ပြောပြပါတယ်..။

BarCamp ပွဲတွေကို မည်သူမဆိုပါဝင်နိုင်တဲ့ အိုင်တီနည်းပညာဆိုင်ရာ
ဖလှယ်ပွဲဖြစ်တဲ့အတွက် တခြားမြို့တွေမှ အိုင်တီပညာရှင်တွေကော
ပြည်တွင်းပြည်ပမှာ အိုင်တီလူငယ်တွေအားလုံးစိတ်ဝင်စားကြပါတယ်..
ပရီအနေနဲ့တော့ BarCamp စီစဉ်သူတွေနဲ့ ပါဝင်ကူညီတဲ့လူငယ်တွေ
ပွဲမတိုင်ခင်မှာသုံးရက် အလိုမှာပြုလုပ်ကြမယ် ၂၀၁၀ အတွက် နည်းပညာနဲ့
အိုင်ဒီယာလိုဂျီ ပြောင်းလဲမှုမှတ်တိုင်တစ်ခုအနေနဲ့ BarCamp ရန်ကုန်ကို
အိုင်တီခေတ်လူငယ်တွေ စိတ်ဝင်စားနေကြပါတော့တယ်…။

အောင်ပိုင်စိုး