မထင်မှတ်ပဲ ဇွန် ၂၈ ရက် တနင်္ဂနွေ နေ့မှာ ကျွန်တော်အင်းလျားကန်စောင်းက စိမ်းလန်းစိုပြေ ကို သူငယ်ချင်းတစ်ယောက်နဲ့ အမှတ်မထင်ရောက်သွားမိတယ် …။ လူငယ်တစ်ချို့ ကဗျာတွေရွတ်နေတာ တွေ့ရတာနဲ့ စိတ်ဝင်တစ်စားနားထောင် နေမိတယ်။

မိုးရာသီဆက်တင်တဲ့….

မှတ်မှတ်ရရပဲ ကဗျာဆရာ ကိုစန်းဦးက အဲဒီနာမည်နဲ့ ကဗျာစာအုပ်တစ်အုပ်ထုတ်ခဲ့ဖူးတယ်

ပင်လယ်ကရီတယ်

ကံစီမံရာအတိုင်းပေါ့လေတဲ့

အဲဒီမရိုးမရွလှိုင်းတွေထဲ

မြို့လည်းလူးလူး

လူလည်းလှိမ့်လှိမ့် ….

ကိုစန်းဦး ကဗျာစုထဲက ပထမဆုံးကဗျာတစ်ပုဒ်ရဲ့ အကြိုက်ဆုံးအပိုဒ်လေးပါ။

အခု မိုးရာသီဆက်တင်ထဲမှာတော့ ၂၁ ရာစု တတိယလှိုင်ပေါ်ကလူငယ်လေးတွေ….

သူရဿဝါ၊ ဇာတိ၊ လင်းရမ္မာ၊ ဗညားရှိန်၊ မင်းယွန်းသစ်၊ ကိုဂစ်တာတဲ့ မှတ်မိသလောက်

နာမည်လေးတွေ ချရေးကြည့်လိုက်တာ သူတို့က လူငယ်တွေဆိုပေမယ့် သမိုင်းသစ်ကို

အသေအချာရေးနေကြပုံရတယ်… သူတို့ကြည့်ရတာ လေးလေးနက်နက်ရှိလွန်းတယ်…

အဲဒီထက်ပိုလေးနက်နေတာက တော့ သူတို့ကဗျာတွေပါပဲ…။ အသံနဲ့ရွတ်တဲ့ ကဗျာတွေကို

နှလုံးသားနဲ့ နားထောင်တတ်မှ အပြည့် အ၀ကြားနိုင်မှာပါ… ဖြန့်ထားတဲ့ ဗီနိုင်းစပေါ်မှာကတော့

မုတ်သုန်မြို့ရဲ့ သတို့သမီးတဲ့… မိုးရာသီဆက်တင်ထဲ အမှတ်တရပြန်ထွက်ခဲ့ပါတယ်…။

နောက်မိုးရာသီတွေထဲမှာ သူတို့ဆက်တင်ထဲ မိုးခိုခွင့်ရဦးမယ်လို့ မျှော်လင့်မိရင်း…။


အောင်ပိုင်စိုး




လူတွေရဲ့နေ့စဉ် ဘ၀တွေမှာ စီမံခန့်ခွဲမှုက အလွန်အရေးကြီးပါတယ်..။ တနေ့ချင်း စီမံမှုတွေကနေ တစ်လ၊ တစ်နှစ်နဲ့ တစ်ဘ၀လုံးအ

တွက်ပါ စီမံခန့်ခွဲနေရတာပါ…။ စီမံခ

န့်ခွဲမှုမှာ အမျိုးမျိုးရှိပါတယ်။ ရုပ်ဝထ္တုကို စီမံခန့်ခွဲခြင်း၊ ငွေကြေးကို စီမံခန့်ခွဲခြင်း၊ အချိန်ကို စီမံခန့်ခွဲခြားစတာတွေ ရှိပါတယ်။ ယနေ့မှာတော့ လူစွမ်းအား အရင်းမြစ်ရဲ့ အသုံး

ဝင်ပုံ ပညာလုပ်သားတွေရဲ့ အရေးပါမှုတွေ အပြင်လူဆိုတဲ့ အရင်းအနှီး တစ်ရပ်ဆိုတဲ့ အရေးပါမှုကို လက်ခံလာကြတဲ့အတွက် လူကို

စီမံခန့်ခွဲမှုက စီးပွားရေးလုပ်ငန်းများ၊ အဖွဲ့အစည်းများရဲ့ အောင်မြင်ရေး သော့ချက်များ ဖြစ်လာပါတယ်။

စီမံခန့်ခွဲတော့မယ်ဆိုရင် ကျွန်တော်တို့ ပထမဆုံး စဉ်စားကြတာက ကက်ပီတယ် အရင်းအနှီးကိုပါ။ ပြီးတော့အချိန်၊ နည်းပညာ ၊ သတင်း၊ ပြင်ပ အချက်အလက်တွေ ကျွန်တော်တို့ ဆောင်ရွက်မယ့် အမှုကိစ္စအတွက် ဆက်စပ်တည်ရှိမယ့် အရာတွေအပေါ် သက်ရောက်မှု၊ တုံ့ပြန်နိုင်စွမ်း၊ အကျိုးရလာဒ် စတာတွေ တွက်ချက်ပြီးတော့ ကျွန်တော်တို့ အများစုက စီမံကိန်းတွေ လုပ်ဆောင်ကြတာပါ။ ဒါပေမယ့် အရေးကြီးဆုံးဖြစ်တဲ့ လူကို စီမံခန့်ခွဲဖို့တော့ မေ့လျော့တတ်ကြပါတယ် လုပ်ငန်းအတွက် လူ(သို့) လုပ်အား၊ 

ဥာဏ်အား လိုအပ်ချက်ကို စနစ်တကျ ထည့်သွင်းကြတာ မရှိသလောက်ပါပဲ။

လုပ်ငန်းခွင်ထဲ ရော

က်လာတဲ့ ၀န်ထမ်းတွေကို သူတို့ စွမ်းဆောင်နိုင်လိမ့်မယ်၊ သူတို့တာဝန် သူတို့ထမ်းဆောင်နိုင်ရင် သူတို့ အခန်းကဏ္ဏ ပြီးဆုံးပြီလို့ ထင်မှတ်လိုက်ကြတာဟာ လူ့စွမ်းအား အလေအလွင့်ကို ဖြစ်ပေါ်စေနိုင်ပါတယ် ကြိုတင် သဘောတူညီထားတဲ့ ကတိက၀တ်တွေ ပြည့်စုံရုံနဲ့ အကောင်းဆုံး ရလဒ်တွေ ထွက်ပေါ်လာလိမ့်မယ်လို့ မျော်လင့်တတ်ကြပါတယ်။

စီးပွားရေး လုပ်ငန်းတွေအတွက် လူအရင်းအမြစ်ကို နေရာချတတ်မှုက အောင်မြင်မှုရဲ့သော့ချက်တွေ ဖြစ်လာပါလိမ့်မယ်။ အဲဒါကြောင့် ကော်ပိုရိတ်တွေ၊ အဖွဲ့အစည်းတွေ၊ စီးပွားရေး လုပ်ငန်းကြီးတွေက အစ၊ အသေးစား လုပ်ငန်းတွေအထိ လူကို စီမံခန့်ခွဲတဲ့ ဘာသာရပ်ဟာ အရေးကြီးတဲ့ စီမံခန့်ခွဲမှု တစ်ရပ် ဖြစ်လာပါတယ်။ စီးပွားရေး စနစ်သစ်မှာ HR မန်နေဂျာတွေ မရှိတဲ့ စီးပွားရေး လုပ်ငန်းတွေဟာ တိုးတက်မှု နှေးကွေးတဲ့ ရလာဒ်တွေ ရင်ဆိုင်ကြ

ရမှာအမှန်ပါ။

အဲဒါကြောင့် ကမ္ဘာတစ်ဝန်းလုံးမှာ လူ့စွမ်းအား အရင်းအမြစ်ဘာသာရပ်ဟာ အရေးကြီးလာခဲ့တာပါပဲ။ လုပ်ငန်းခွင်ထဲမှာ ဘယ်လိုလူတွေရှိလဲ အကြမ်းဖျင်းအားဖြင့် လူငါးမျိုး ရှိတယ်လို့ ဆိုနိုင်ပါတယ်။


(၁) အလုပ်အတွက် အလုပ်လုပ်တဲ့လူ

လုပ်ငန်းခွင်ပေါ် အာရုံစူးစိုက်နိုင်ဆုံးလူပါ။ လုပ်ငန်းခွင်အတွက် အလုပ်စွမ်းရည် ၇၅ ရာခိုင်နှုန်းက အဲဒီလူတွေဆီက လာတာပါ။ သာမန် ၀န်ထမ်းတွေထက် လုပ်ငန်းခွင်ကို ပိုအလေးထားပြီး သာမာန်လူတွေထက် နှစ်ဆ၊ သုံးဆ ပိုအလုပ်လုပ်နိုင်ပါတယ်။ မိမိလုပ်ငန်းခွင်ကို ချစ်မြတ်နိုးပြီး အ

လုပ်ကို တန်ဖိုးထားတတ်တဲ့သူပါ။ ငွေကြေး စကားတစ်ခွန်းမှ မပြောပါဘူး။ ကုမ္ပဏီ အဖွဲ့အစည်း အကျိုးကိုသာ ကြည့်ပြီး ကိုယ်ကျိုး မငဲ့ကွက်တတ်သူပါ။ အဲဒီလိုလူမျိုးတွေ လုပ်ငန်းခွင်တိုင်းမှာရှိတတ်ပါတယ်။ သူတို့ဟာ အလုပ်နဲ့ ဘ၀တန်ဖိုးကို တည်ဆောက်ထားကြတဲ့သူတွေပါ။ လုပ်ငန်းအကျပ်အတည်း ကာလမှာလည်း စိတ်ရှည်သီးခံတတ်သလို၊ အခက်

အခဲတွေကိုလည်း ထိုးဖောက် ကျော်လွှားနိုင်စွမ်းရှိတဲ့သူတွေပါ။ ဒါပေမယ့် တစ်ခါတစ်ရံမှာ လုပ်ငန်းခွင်ထဲကနေ မထင်မှတ်ဘဲ နုတ်ထွက်တတ်ပါတယ်။ သူတို့ဟာ အထက်လူကြီးနဲ့ အဆင်မပြေတတ်ပါဘူး။ သူတို့လောက် အလုပ်အကြောင်း မတတ်သိသူတွေရဲ့ တွန်းတိုက်မှုကို ခံရတတ်ပါတယ်။ အဲဒီအချက်ကတွေကို မန်နေဂျာတွေက သတိပြုရပါမယ်။ သူတို့ကို အသိအမှတ်ပြုရမှာ ဖြစ်သလို သူတို့ရဲ့လုပ်ဆောင်ချက်တွေ ကောင်းမွန်တဲ့ အခါတိုင်း အလျဉ်းသင့်သလို ဂုဏ်ပြုပေးရပါမယ်။ အဲဒါဟာ လုပ်ငန်းခွင်ထဲမှာ အသုံးဝင်သူတွေကို အသိအမှတ်ပြုတဲ့ အလေ့အထကို တခြားသူတွေဆီကိုပါ သိမြင်နိုင်စေပြီး၊ စိတ်ပိုင်းဆိုင်ရာအရ ကောင်းမွန်တဲ့ လှုံ့ဆော်မှုကို ရပါမယ်။ လုပ်သားကောင်းတွေလည်း ပြိုင်ဘက် ကုမ္ပဏီတွေဆီကို ရောက်ရှိမသွားအောင် ကာကွယ်ပြီးသားလည်း ဖြစ်ပါလိမ့်မယ်…။


(၂) လစာအတွက် အလုပ်လုပ်တဲ့လူ

အလုပ်တစ်ခုလုပ်မယ်ဆိုရင် လူတချို့က လစာဘယ်လောက်ရမှာလဲ၊ အကြံအဖန်ရှိလား၊ ဘေးပေါက်က ဘယ်လောက်ဝင်မှာလည်း အဲဒီစကားလုံးတွေအရင်မေးတတ်ကြတယ်။ အဲဒီလူမျိုးတွေဟာ လုပ်ငန်းခွင်ကို ၀ါသနာအရ ပညာအရ စိတ်မ၀င်စားတတ်ကြပါဘူး။ အဖွဲ့အစည်းရဲ့ စီးပွားရေးအဆောက်အအုံအပေါ်မှာ ခိုင်မြဲအောင်မပံ့ပိုးတတ်ပါဘူး။ သူတို့အဓိကထားတာက သူတို့ရဲ့ လစာဝင်ငွေပါ။ သူတို့ ၀င်ငွေလျော့ကျတာနဲ့တင် ကုမ္ပဏီအဖွဲ့အစည်းကို ငြိုငြင်တတ်ပါတယ်။ ကိုယ့်ကုပ္မဏီကနေပြီး အပြင်လုပ်ငန်းတွေကို သွားရည်ယိုတတ်ပါတယ်။ ဘယ်ကုမ္ပဏီမှာ ဘယ်လောက်ရတယ် ဘယ်အလုပ်မှာ ဘယ်လိုအခွင့်အရေးမျိုး ရတယ်ဆိုတဲ့ သတင်းမှားတွေကို မိမိအဖွဲ့အစည်းမှာ ပြောဆိုလှုံ့ဆော်တတ်ပါ တယ်။ အဲဒီလိုလူမျိုးတွေကို တာဝန်ပေးလိုက်ရင် အလေအလွင့်အဖိတ်အစင်များတယ်။ သူတို့လုပ်ဆောင်ချက်မှားလို့ ဆုံးရှုံးနစ်နာရင်လည်း တခြားသူအပေါ်မှာ အပြစ်လွှဲချ တတ်ပါတယ်။ လုပ်ငန်းခွင်က အခွင့်အရေးတွေကိုလည်း

 အပြည့်အ၀ယူပါတယ်။ အဲဒီလိုလူမျိုးတွေကို ကုမ္ပဏီအဖွဲ့အစည်းရဲ့ အရေးပါတဲ့နေရာကနေ ရွှေ့ပြောင်းထားဖို့လိုပါတယ်။ အဲဒီလူစားမျိုးတွေက အဖွဲ့အစည်းအတွင်းကို လိုလေသေးမရှိအောင် ပြည့်စုံတဲ့ထောက်ခံချက်တွေနဲ့ ၀င်ရောက်လာတတ်ပါတယ်။ အရာရာကို သိမြင်နှံ့စပ်သူ၊ အရေးပါတဲ့သူပုံစံမျိုးနဲ့ ရောက်လာတတ်ပါတယ်။ လစာနဲ့ဝင်ငွေအတွက်ဆို ကုမ္ပဏီအဖွဲ့အစည်းတွေရဲ့ လျှို့ဝှက်ချက်ကို ပြိုင်ဘက်တွေဆီ ရောင်းစားတတ်ပါတယ်။ အဲဒီ လူစားမျိုးကို ကုမ္ပဏီဦးဆောင်သူတွေက အယုံအကြည် မလွန်ကဲဖို့ လိုပါတယ်။


(၃) လစာရော အလုပ်အတွက်ပါ လုပ်တဲ့လူ

အလယ် အလတ်တန်းစားလူမျိုးပါ။ သူတို့ကို ပေးထားတဲ့လစာနဲ့ သူတို့ခိုင်းတဲ့အလုပ် မျှတမှုကို လိုလားတဲ့သူပါ။ အလုပ်ကိုလည်း ပုံမှန် တာဝန်ကျေလုပ်မယ်။ ကုမ္ပဏီအဖွဲ့အစည်းကလည်း ကတိက၀တ်ကိုကျေအောင် ဆပ်ရပါမယ်။ အဲဒီလိုမှမဟုတ်ရင်တော့ အလုပ်ထဲမှာ မကျေနပ်မှုတွေကို ဗြောင်ကျကျတိုက်ခိုက်တတ်ပါတယ်။ သူတို့က မိမိလုပ်ငန်းရဲ့ ပြင်ပ အခြင်းအရာတွေကို စိတ်မ၀င်စားသလို၊ ကုမ္ပဏီ အဖွဲ့အစည်းတွေရဲ့ စီးပွားရေးရည်မှန်းချက်ဟာ သူတို့နဲ့လုံးလုံး မပတ်သက်သလို နေတတ်ပြီး၊ သူတို့အလုပ်နဲ့ လစာအပေါ်မှာပဲ စိတ်ဝင်စားပါတယ်။
အဲဒီလူမျိုးတွေဆီက သာမန်ထက်ပိုကဲတဲ့ အလုပ်စွမ်းရည်ထွက်လာအောင် လုပ်လို့မရနိုင်ပါဘူး။ ဒါပေမယ့် လုပ်အားကိုယုံကြည်စွာ သုံးစွဲလို့ရပါတယ်။ လုပ်ငန်းခွင်အပေါ်မှာ အကြွင်းမဲ့သစ္စာမထားသလို ထောက်ထားငဲ့ညှာမှာလည်း မဟုတ်ပါဘူး။ သူတို့က ပေးတဲ့လစာအပေါ် မူတည်ပြီး အ

လုပ်လုပ်တဲ့လူ စက်ရုပ်ပါ။ သူတို့ကို လစာပေးချင်ယောင်ဆောင်ရင်တော့ သူတို့က အလုပ်လုပ်ချင်ယောင် ဆောင်ပြပါလိမ့်မယ်။ သူတို့က အလုပ်ရဲ့စိန်ခေါ်မှုကို မကြိုက်ပါဘူး။ သမားရိုးကျ လုပ်ရိုးလုပ်စဉ်တွေကိုပဲ လုပ်ချင်ကြတယ်။ လုပ်ငန်းခွင်က သူတို့ရဲ့ အားလပ်ချိန်ကို ဖဲ့ယူခဲ့မိရင်တောင် အပြင်းအထန် စိတ်ဆိုးတတ်သူတွေပါ။ အလုပ်ကို အလုပ်ချိန်ထဲမှာပဲလုပ်ရမယ်လို့ အရိုးစွဲနေတတ်သူတွေပါ။ အဲဒီလူတွေကို အလုပ်ရဲ့အခက်အခဲတွေဖြေရှင်းရတဲ့ နေရာမျိုး၊ ကိုယ်ပိုင် ဆုံးဖြတ်ချက်တွေချရတဲ့ နေရာမျိုးတွေမှာ ထားမိရင် အလွဲလွဲအချော်ချော်တွေ ဖြစ်တတ်ပါတယ်။ သူတို့က လုပ်ငန်းခွင်ထဲမှာ လုပ်သက်ကြာရှည်တတ်ပေမယ့် 

အရေးပါတဲ့နေရာကို ရောက်မလာတတ်ပါဘူး။


(၄) ရည်မှန်းချက်ကြီးတဲ့လူ

ဒီလူစားမျိုးက အဖွဲ့အစည်းရဲ့အရေးပါတဲ့ နေရာတွေကို ထိုးဖောက်ဖို့ ကြိုးစားနေပါတယ်။ သူတို့က အလုပ်ရဲ့ စိန်ခေါ်မှုကို ကြိုက်နှစ်သက်ပြီး တိုးတက်မှုကို လိုလားသူတွေပါ။ အပြောင်းအလဲတွေ ဖန်တီးဖို့ အမြဲကြိုးစားတတ်ပါတယ်။ အလုပ်ရဲ့ အရည်အသွေးနဲ့ ကိုယ်ရည်ကိုယ်သွေးကို အမြဲတမ်း ပြုပြင်နေတတ်ပါတယ်။ သူတို့က အကျိုးအမြတ်တွေကို ဖန်တီးလာတတ်သလို၊ အဲဒီအကျိုးအမြတ်တွေကနေ သူတို့အတွက် ခွဲဝေပေးမှ သဘောကျတတ်သူပါ။ အဖွဲ့အစည်းအတွင်းမှာ သူတို့ပန်းတိုင်ထား ကြိုးစားသလို၊ အဖွဲ့အစည်းရဲ့ ကိုယ်စားပြုပန်းတိုင်ကိုလည်း အရေးပါ ချီတက်တတ်ပါတယ်။သူတို့လူစားတွေက ကုမ္ပဏီအဖွဲ့အစည်းရဲ့ မူဝါဒတွေကို အလေးထားပါတယ်။ ချို့ယွင်းချက်တွေကို ချက်ချင်းပြုပြင် ပြောင်းလဲပစ်ဖို့ လိုလားပါတယ်။ အချိန်ဆွဲနေတာကို မကြိုက်ပါဘူး။ ကုမ္ပဏီအဖွဲ့အစည်းကို စိတ်တိုင်းကျ ဦးဆောင်ချင်တဲ့သူတွေပါ။ တခြား ၀န်ထမ်းတွေကြားမှာ သူတို့က ထင်ပေါ်နေတတ်သလို၊ အတွန်းအတိုက်လည်း အမြဲခံရတတ်ပါတယ်။ သူတို့ဆီက ကုမ္ပဏီ အဖွဲ့အစည်းအတွက် အနာဂတ် ရည်မှန်းချက်အတွက် ကောင်းမွန်တဲ့ စိတ်ကူးစိတ်သန်းတွေ၊ အကြံဥာဏ်သစ်တွေ ရတတ်ပါတယ်။ သူတို့က လုပ်ငန်းခွင်တစ်ခုလုံးကို ထဲထဲဝင်ဝင်လေ့လာပြီး အမှန်တကယ် သိစပ်မြင်နှံ့သူတွေပါ။ သူတို့ကို အရေးမပါတဲ့နေရာတွေမှာထားမယ်၊ သူတို့အခွင့်အရေးတွေကို ပိတ်ဆို့ထားမယ်ဆိုရင်တော့ ပြိုင်ဘက်ကုမ္ပဏီအတွက် အရေးပါတဲ့လူတော်တွေ လေ့ကျင့်ပေးသလို ဖြစ်နေပါလိမ့်မယ်။
သူတို့ကို စည်းရုံးဖို့အတွက်ကတော့ လုပ်ငန်းခွင်ထဲမှာ သူတို့အတွက် ကုလားထိုင်တွေ အလုံအလောက်ရှိကြောင်း ပြရပါမယ်။ ရေတိုရေရှည်စီမံကိန်းတွေမှာ သူတို့ရဲ့နာမည်နဲ့ လုပ်ငန်းရဲ့ဂုဏ်သိက္ခာ ထပ်တူကျကြောင်း ပြသရပါမယ်။ သူတို့ရဲ့ လုပ်ငန်းအပေါ် စိတ်ဝင်စားမှုကို အမြဲလှုံ့ဆော်နေရသလို သူတို့ရဲ့ဘ၀၊ သူတို့ရဲ့ တန်ဖိုးကိုပါ အဖွဲ့အစည်းက အလေးထားကြောင်း ပြသရပါမယ်။


(၅) ရည်မှန်းချက်မရှိတဲ့လူ

လူဆိုတာ အလုပ်လုပ်တယ်၊ ထမင်းစားတယ်၊ သတင်းစာဖတ်တယ်လို့ ယူဆထားတဲ့ လူစားမျိုးပါ။ လုပ်ငန်းခွင်ထဲကို ရင်းနှီးမှု နယ်ပယ်ကနေ ရောက်လာတတ်ပါတယ်။ ဘာတာဝန်မှ မယူချင်သလို ဘာအလုပ်မှလည်း မလုပ်ချင်ပါဘူး။ လုပ်ငန်းခွင်ထဲ ရောက်လာတာနဲ့ ဟိုသတင်းဒီသတင်းပြောပြီး ထမင်းချိုင့် အရင်ဖွင့်တတ်ပါတယ်။ လစာဝင်ငွေအတွက် လုပ်တာမဟုတ်သလို မိမိပညာ၊ ကိုယ်ရည်ကိုယ်သွေးအတွက် အတွေ့အကြုံ လာရှာတာလည်း မဟုတ်ပါဘူး။ လူဆိုတာ အလုပ်လုပ်ရတယ်ဆိုတဲ့ စကားအတွက် အလုပ်လုပ်နေတာပါ။ လုပ်ငန်းခွင်ကို အပျော်သက်သက်သာ သဘောထားပြီး အစည်းအဝေးတက်ဖို့ အမြဲပျက်ကွက်တတ်သူပါ။ အဲဒီလူစားမျိုးတွေက စီမံခန့်ခွဲသူတွေဆွဲယူလို့မရနိုင်တဲ့ လူစားမျိုးပါ။ အလုပ်အကိုင် တည်မြဲလေ့မရှိဘဲ လုပ်ငန်းခွင် ကူးပြောင်းနေရတာကို ပျော်မွေ့တတ်သူပါ။ အလုပ်ပေါ် တန်ဖိုးထားမှုကတော့ နည်းပါးပါလိမ့်မယ်။

အထက်ပါ လူစားမျိုးတွေက အလုပ်ခွင်ထဲ ရောနှော ပါဝင်နေတတ်ပါတယ်။ ဦးဆောင်သူတွေ၊ စီမံခန့်ခွဲသူတွေ၊ HR မန်နေဂျာတွေက ဘယ်သူတွေက ဘယ်လိုလူစားဆိုတာကို ခွဲခြားထားနိုင်ဖို့ လိုပါတယ်။ ဒါမှလည်း လုပ်ငန်းခွင်ထဲက နေရာချထားမှုက အံဝင်ခွင်ကျဖြစ်နိုင်မယ်။ ကုမ္ပဏီအဖွဲ့အစည်းတွေရဲ့ ရည်မှန်းချက်ပန်းတိုင်ကို ရရှိနိုင်မှာပါ။ လုပ်ငန်းခွင်ရဲ့အတွင်းစည်း အင်အားညီညွတ်မျှတမှဈေးကွက်မှာဖော်ဆောင်နေတဲ့ စီမံချက်တွေ ရလဒ်ကောင်းလာနိုင်မှာပါ။
မိမိဝန်ထမ်းတွေအကြောင်း သိမြင်ဖို့က လုပ်ငန်းခွင်ထဲမှာ ပုံမှန်အစည်းအဝေးတွေ ရှိရပါမယ်။ လုပ်ငန်းရည်မှန်းချက်တွေကို ၀န်ထမ်းတွေအတွက် ရှင်းလင်းစွာသိထားဖို့ လိုပါတယ်။ လုပ်သားတွေရဲ့ အလုပ်အပေါ် စိတ်ဝင်စားမှု၊ တခြားစိတ်ခံစားချက်များ၊ ဌာနအသီးသီးရဲ့ ပုံမှန်အစည်းအဝေးတွေကို အမှုဆောင်အစည်းအဝေးတွေမှာ တင်ပြဆွေးနွေးရပါမယ်။ အုပ်ချုပ်မှုအဆင့်ဆင့် ကွင်းဆက်မပြတ်ရသလို၊ အောက်ခြေကနေ စီအီးအိုကြားမှာ ရံဖန်ရံခါ ရင်းနှီးမှုအတွက်ထိတွေ့ဆက်ဆံရပါမယ်။ ၀န်ထမ်းကို ကုမ္ပဏီအဖွဲ့အစည်းက ဂရုစိုက်မှု ပြသရင် ၀န်ထမ်းတွေကလည်း အဖွဲ့အစည်းအပေါ် ပြန်လည်ဂရုစိုက်လာမှာပါ။

အဲဒါကြောင့် ကော်ပိုရိတ် စီးပွားရေးမှာ လူကို စီမံခန့်ခွဲတဲ့ ဘာသာရပ်ဟာ အသက်သွေးကြောတမျှ အရေးပါတာပဲ ဖြစ်ပါတယ်။ လူကို စီမံခန့်ခွဲမယ်ဆိုရင်….ယဉ်ကျေးမှု ကူးစက်ပါစေ။

ကုမ္ပဏီအဖွဲ့အစည်းထဲကို အထက်မှာ ဖော်ပြထားတဲ့လူတွေ ရောက်ရှိလာပါမယ်။ သူတို့ထဲက ဘယ်လိုလူမျိုးတွေပဲ ယူမယ်လို့ ကြိုတင်ဆုံးဖြတ်ထားလို့ မရပါဘူး။ ၀န်ထမ်းအားလုံးဟာ အစမ်းခန့် သုံးလအတွင်းမှာတော့ ပြည့်စုံကောင်းမွန်နေတတ်ကြပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ အမှုဆောင်အရာရှိတွေဟာ ၀န်ထမ်းဟောင်းဖြစ်သွားတဲ့ လူတွေအပေါ်မှာ အာရုံစူးစိုက်မှု မရှိတော့ပါဘူး။ ၀န်ထမ်းတွေဘက်ကလည်း ကုမ္ပဏီရဲ့ အားနည်းချက်တွေကို ထိုးဖောက်သိမြင်သွားပါပြီ။ ကုမ္ပဏီဝန်ထမ်းဟောင်းတွေရဲ့ အမူအကျင့်တွေက ကူးစက်သွားပါပြီ။ ၀န်ထမ်းဟောင်းတွေက ၀န်ထမ်းသစ်တွေအပေါ် အလုပ်အကြောင်း သင်ပေးချင်မှ သင်ပေးပါလိမ့်မယ်။ ကုမ္ပဏီအဖွဲ့အစည်းရဲ့ အားနည်းချက်ကို အခွင့်အရေးယူတတ်ဖို့ကိုတော့ မပျက်မကွက် သင်ပေးပါလိမ့်မယ်။ အဲဒီ အလေ့အထကို ဦးဆောင်သူတွေအနေနဲ့ သိမြင်ထားဖို့ လိုပါတယ်။ ၀န်ထမ်းဟောင်းတွေနဲ့ ၀န်ထမ်းသစ်တွေကြား ဘယ်လိုအလေ့အထ ကူးစက်သလဲဆိုတာ စနစ်တကျ စစ်တမ်း ကောက်ယူထားရမှာပါ။

အထက်ပါ လူငါးမျိုးထဲက မျိုးတူအုပ်စုတွေကို သီးခြား ခွဲထုတ်ပြီး သီးခြား စီမံခန့်ခွဲရမှာပါ။ နံပါတ်တစ် လုပ်ငန်းခွင်အတွက် အားထားရဆုံးဖြစ်တဲ့ နံပါတ် တစ်အုပ်စုကို နံပါတ်နှစ်၊ သုံး၊ လေးနဲ့ ပူးတွဲ မလုပ်ကိုင်စေသင့်ပါဘူး။ အဲဒီလိုမဟုတ်ရင် အလုပ်ကို အလုပ်နဲ့တူအောင် လုပ်တဲ့

လူတွေပါ အလုပ်အပေါ် စိတ်ဝင်စားမှု လျော့ကျ သွားပါလိမ့်မယ်။ နံပါတ်တစ်အုပ်စုက လူတွေကို လစာတိုးပေးမယ်၊ ကြိုးစားပါလို့ သွားပြောမိရင် စီမံခန့်ခွဲသူအနေနဲ့ စော်ကားသလိုမျိုး ဖြစ်ပါလိမ့်မယ်။

သူတို့လို လူမျိုးတွေအတွက် လ

စာစရိတ်ထက် ကော်ပိုရိတ်ရဲ့ ကြင်နာမှုကို ပိုဂရုစိုက်တတ်သူပါ။ ဌာနခွဲ မန်နေဂျာတွေက သူတို့ကို ပုဂ္ဂိုလ်ရေးဆိုင်ရာ မေးခွန်းမျိုးတွေ မေးသင့်ပါတယ်။ သူတို့ရဲ့ခံစားမှုကို တလေးတစား နားထောင်ဖို့ လိုသလို၊ သူတို့ရဲ့ မိသားစုဘ၀တွေကိုပါ စိတ်ဝင်စားမှုရှိကြောင်း ပြသရပါလိမ့်မယ်။ လိုအပ်ရင် အကူအညီပေးဖို့ကို တုန့်ဆိုင်း မနေသင့်ပါဘူး။ ကုမ္ပဏီအဖွဲ့အစည်းနဲ့ သူတို့ကြားက သံယောဇဉ်ကြိုးဟာ အလုပ်စွမ်းရည်ရဲ့ ဂရပ်မျဉ်းကို တိုးတက်အောင် ဆောင်ကြဉ်းပေးနိုင်ပါလိမ့်မယ်။

နံပါတ်နှစ်လူမျိုးက အန္တရာယ်ရှိပါတယ်။ အဲဒီလို လူစားမျိုးတွေများပြားလာရင် ကုမ္ပဏီအဖွဲ့အစည်းဟာ တမဟုတ်ချင်း ပျက်စီးသွားနိုင်ပါတယ်။ ပထမဦးဆုံး အဲဒီလူမျိုးတွေ များလာရင် အမြီးကျက်အမြီးစား၊ ခေါင်းကျက်ခေါင်းစားနဲ့ ဘာမှမကျက်ရင်လည်း အစိမ်းစားမယ့်သူတွေပါ ပေါ်လာပါလိမ့်မယ်။ သူတို့က လာဘ်ပေးလာဘ်ယူအတွက် ၀န်မလေးသလို ကုမ္ပဏီအဖွဲ့အစည်းအတွက် အကျင့်ဆိုးတွေ သယ်ေ

ဆာင်လာတတ်ပါတယ်။ ငွေမုဆိုးတွေဖြစ်တဲ့အတွက် ဂုဏ်သိက္ခာအတွက် ထည့်မစဉ်းစားတတ်သူတွေပါ။ အနီရောင်အမှတ်အသားနဲ့ဖယ်ရှားဖို့ အချက်အလက်ရှာထားရပါမယ်။ အဲဒီလူမျိုးတွေဆီက ရစရာတစ်ချက်ရှိပါတယ်။ စည်းကမ်းထိန်းသိမ်းရေးအတွက် တခြားသူတွေရှေ့မှာ နမူနာအပြစ်ပေးမှုမျိုးကို အဲဒီလူတွေအပေါ် ပြုလုပ်လို့ရပါတယ်။

နံပါတ်သုံးလူတွေအတွက်ကတော့ ကုမ္ပဏီရဲ့တည်ငြိမ်တဲ့ပုံစံမျိုးကိုသာ ပေးရပါလိမ့်မယ်။ သူတို့ရဲ့ ပုံသေ၀င်ငွေတွေကို ခေတ်နဲ့လိုက်လျောညီထွေဖြစ်အောင် ပြုပြင်ပေးရတဲ့ အနေအထားတစ်ခုပဲ လိုအပ်ပါတယ်။ သူတို့ဆီက ပုံမှန်အလုပ်စွမ်းရည်ကို ရရှိနေသရွေ့တော့ သူတို့ကို အရေးတကြီးကိုင်တွယ်နေစရာ မလိုအပ်ပါဘူး။ သူတို့ရဲ့ လုပ်ဆောင်ချက်တွေ အားနည်းသွားပြီဆိုရင်တော့ သူတို့အခက်အခဲတွေကို ဖြေရှင်းပေးဖို့အတွက် ကုမ္ပဏီအဖွဲ့အစည်းက အရေးတယူစောင့်ကြည့်ပေးရပါမယ်။ ပုံမှန်အလုပ်စွမ်းရည်ရဖို့ သူတို့လူစုရဲ့အခက်အခဲကို ကြားဝင်ဖြေရှင်းပေးရတာမျိုးကလွဲလို့ ရှုပ်ရှုပ်ထွေးထွေး သိပ်မရှိလှပါဘူး။နံပါတ်လေးလူတွေက မိသားစုပုံစံ စီးပွားရေးတွေနဲ့ အသေးစားကုမ္ပဏီတွေမှာ အတွေ့ရနည်းတတ်ပေမယ့်၊ ကော်ပိုရိတ်တွေထဲမှာတော့ အများအပြားရှိတတ်ပါတယ်။ ထက်ထက်မြက်မြက်လူငယ်တွေ တွေ့ရတာနဲ့ ဂရုတစိုက်စောင့်ကြည့်ရမှာက ဌာနခွဲမန်နေဂျာတွေပါ။ သူတို့က လူငယ်တွေအပေါ် အစိုးရိမ်စိတ် လွန်ကဲတတ်ပါတယ်။ ကုမ္ပဏီအဖွဲ့အစည်းမှာ အမှည့်တ၀င်းဝင်း အကင်းတဖြုတ်ဖြုတ်ဆိုရင်တော့ တစ်စုံတစ်ရာလွဲချော်နေပါပြီ။ ရည်မှန်းချက်ရှိတဲ့၊ လုပ်ရည်ကိုင်ရည်ရှိတဲ့ လူငယ်တွေအတွက် ကုမ္ပဏီအဖွဲ့အစည်းမှာ စွန့်စားဖို့ Branch တွေရှိဖို့ လိုတယ်။ လုပ်ငန်းကျွမ်းကျင်မှုအားနည်းမယ်ဆိုရင်တောင် သူတို့မှာ အသိအမြင်သစ်တွေရှိပါတယ်။ စိန်ခေါ်မှုအသစ်တွေကို ဖြေရှင်းဖို့အင်အားဟာ အဲဒီလူစုမှာရှိပါတယ်။ သူတို့အုပ်စုက ကုမ္ပဏီအဖွဲ့အစည်းကို သွေးသစ်လောင်းပေးမယ်။ ခေတ်မီအောင် ပြုပြင်ပေးလိမ့်မယ်။ အဲဒီအတွက် ဦးဆောင်သူတွေက သဘောထားကြီးဖို့နဲ့ အပြောင်းအလဲတွေအားပေးလက်ခံနိုင်စွမ်းရှိဖို့ လိုပါလိမ့်မယ်။ စီးပွားရေးသစ်မှာ ရေရှည်အောင်မြင်မှုရဖို့ဆိုတာ ကုမ္ပဏီအဖွဲ့အစည်းမှာ အိုင်ဒီယာအသစ်တွေ ဘယ်လောက်မွေးမြူထားသလဲဆိုတဲ့ပေါ် မူတည်နေမှာပါ။ ခေတ်မမှီတော့တဲ့ ကျွမ်းကျင်မှုဟာ ပစ္စုပ္ပန်ရပ်တည်မှုအတွက်သာဖြစ်ပြီး အနာဂတ်ကိုတည်ဆောက်နိုင်မှာ မဟုတ်ပါဘူး။

နံပါတ်ငါးလူတွေက လုပ်ငန်းခွင်ထဲက ပျော်တော်ဆက်တွေပါ။ တခြားသူတွေ အင်တိုက်အားတိုက်ကြိုးစားလို့ ပင်ပန်းနေတဲ့အချိန်မှာ သူတို့က အရွှန်းဖောက် ဖျော်ဖြေတတ်ပါတယ်။ သူတို့ရှိတဲ့အတွက် လုပ်ငန်းခွင်အတွင်းရင်းနှီးမှုတွေကို ဖောင်ဆောင်နိုင်ပါတယ်။ နှစ်ပတ်လည်ညစာစားပွဲတွေမှာ အဲဒီလူမျိုးတွေကြောင့် အဖွဲ့အစည်းတွင်းကလူတွေ ပျော်ရွှင်ရတတ်ပါတယ်။ ဒါဟာ ကုမ္ပဏီမှာ လစာစရိတ်တွေ ဘတ်ဂျက်ပြည့်စုံနေတဲ့အချိန်မျိုးဆိုရင် အဲဒီလူမျိုးတွေဟာ ၀န်ထုပ်ဝန်ပိုးမဖြစ်သေးပါဘူး။ မိုးထဲရေထဲ ကြိုးစားလုပ်ကိုင်နေချိန်မှာတော့ သူတို့ကို လက်တွဲဖြုတ်ထားခဲ့ပါ။ သူတို့ကလည်း လိုလိုချင်ချင် နေရစ်ခဲ့ပါလိမ့်မယ်။

ကုမ္ပဏီတွေ၊ အဖွဲ့အစည်းတွေဟာ ဘယ်လိုလူမျိုးတွေကိုပဲ ယူမယ်ဆိုပြီး နာရီဝက်စာ အင်တာဗျူးတွေမှာ ချက်ချင်း ဆုံးဖြတ်လို့မရပါဘူး။ လုပ်ငန်းခွင်တိုင်းမှာ လူငါးမျိုးစလုံး ရှိနေမှာပါ။ မလိုအပ်တဲ့ လူစားမျိုးတွေ လုံးဝ မရှိအောင် လုပ်လို့ မရပေမယ့်၊ လူကောင်းတွေ များလာအောင် ဖန်တီးလို့ရပါတယ်။ ကုမ္ပဏီအဖွဲ့အစည်းအတွင်းမှာ လစဉ်စည်းဝေးပါ။ တစ်နှစ်

ကို နှစ်ကြိမ် ၀န်ထမ်းအားလုံးရဲ့ ဆန္ဒတွေကို စစ်တမ်းကောက်ယူပါ။ အထက် အောက်ဆက်ဆံမှု အပြန်အလှန် ပြေပြစ်မှုရှိအောင် လုပ်ဆောင်တတ်ပါစေ။ မိမိရရဲ့ အမှားအယွင်းကို မိမိကိုယ်တိုင် တာဝန်ယူခိုင်းပါ။ ရလဒ်ကောင်းတဲ့ လူတွေအတွက် အကျိုးခံစားခွင့် တိတိကျကျရရှိအောင် ပြုလုပ်ထားပါ။ ၀န်ထမ်းအချင်းချင်း ကောင်းမွန်တဲ့ ယဉ်ကျေးမှုတွေ ကူးစက်ပါစေ။ အရေးကြီးဆုံးအချက်က လူကို လူလို ဦးဆောင်သူတွေ မြင်တတ်ဖို့ပါပဲ။ လစာကောင်းကောင်း ပေးထားရုံနဲ့ ပြီးပြည့်စုံတဲ့ ၀န်ထမ်းတွေ ရရှိမယ်ဆိုပြီး တရားသေ ယူဆမထားဖို့တော့ လိုပါလိမ့်မယ်။


အောင်ပိုင်စိုး

ကားမှတ်တိုင်မှာ ကားစောင့်တာ သုံးမိနစ်ပဲ ရှိသေးတယ် ကတ္တရာလမ်းပေါ်က အပူလှိုင်းက လူတစ်ကိုယ်လုံး ကို လွှမ်းခြုံလိုက်ပြီ။ တစ်ကိုယ်လုံးချွေးစို့လာပြီ။ စီးစရာကားကို လိုက်ရှာတော့ ခေါင်းထဲမှာ အတွေ့အကြုံအရ အသေးစိတ် တွက်ချက်နေသေးတယ်။ ခရီးကလည်း မနီးတော့ အပူချိန်အနည်းဆုံးကားကို ရွေးစီးရမလားပေါ့။

မထသ၊ အဓိပတိ၊ သန်မြန်သူ၊ … အခြား လူလည်းမကျပ် အပူချိန်လည်းမတက်မယ့်ကားမျိုးပေါ့။ စာရေးသူက

အသက်ကြီးတော့ နေပူရင် ခေါင်းနောက်နောက် ဖြစ်ချင်တယ်။ အဓိပတိယာဉ်လိုင်းတွေဆိုရင် အဲယားကွန်းပါတယ်။ ဒါပေမယ့် တချို့ကားတွေက တံခါးဖွင့်မောင်းတယ်။ သတ်မှတ်ပေးထားတဲ့ စည်းကမ်းကို မလိုက်နာဘူး၊ ကိုယ်ကတော့ သတ်မှတ်ထားတဲ့ ယာဉ်စီးခကို အတိအကျပေးတယ်။

ရန်ကုန်မြို့နေလူဦးရေက ရန်ကုန်မြို့လိုင်းကားတွေနဲ့ ဘယ်တော့မှမလောက်ငှတတ်တာ သူသိတယ်။ ထိုင်ခုံအပြည့်သာ တင်တယ်ဆိုရင်တောင် ခရီးသည် တွေကလိုက်ချင်ကြပြန်တယ်။ အဲဒီတော့ တင်ရတာပဲပေါ့။

အဲယားကွန်းက မအေး၊ လူတွေကကျပ်ဆိုတော့လည်း တံခါးဖွင့်မောင်းမှ လေ၀င်လေထွက်လေးရတာ။ ရန်ကုန်လမ်းမတွေပေါ်မှာ အဲယားကွန်းနဲ့ကားတွေ လိုင်းပြေးဆွဲတာ သူအမှတ်မမှားဘူးဆိုရင်တော့ ၁၅ နှစ်လောက်ရှိရော့မယ်ထင်ပါရဲ့။ ပထမဆုံး မြောက်ဥက္ကလာ ဆူးလေကို အဲယားကွန်းတပ်ကားနဲ့ ငွေနှစ်ဆယ်ကျပ်ပေးပြီး သူစီးဖူးတာ။ သိပ်မကြာလိုက်ဘူး။ အဲယားကွန်းတွေ ပျောက်သွားတယ်။ အခုတော့ပုံသေ

နှစ်ရာကျပ်ခေတ်။ လိုင်းကားတွေ ပိုများလာတယ်။ ကားလိုင်းတွေ ပိုများလာတယ်။ လူတွေလည်း ပိုများလာတာပါပဲ။ ပြီးတော့ အပူချိန်လည်း ပိုများလာတယ်လေ။

`ရန်ကုန်က တစ်နှစ်ထက်တစ်နှစ် ပိုပူလာတယ်´

တဖက်ခြံက အမျိုးသမီးကြီးက မှတ်ချက်ချသံကြားတော့ သူအိမ်ပေါ်တက်မယ့်ခြေထောက်တွေ တုံ့ဆိုင်းသွားတယ်။ ရေခဲမြစ်တွေအကြောင်း ဆောင်းပါးတစ်စောင်ရေးဖို့၊ ကိုးကားစရာ စာအုပ်တက်ယူမလို့ လုပ်နေတုန်း၊ ဒီအချိန်ဆို အိမ်ပေါ်ထပ်မှာရှိတဲ့ အရာအားလုံး ပူခြစ်တောက်နေမှာ သတိရသွားတယ်။

သွပ်မိုးက အသစ်ဆိုတော့ သွပ်ရဲ့ အပူချိန်က အိပ်အပေါ်ထပ်ကို ချွေးထုတ်ခန်းလောက်နီးနီးအပူချိန်ပေးထားတာ

ကိုယ့်အိမ်ကို ကိုရီးယားအထိရွှေ့ထားလိုက်ချင်တယ်။ ချွေးထုတ်ခန်း ဖွင့်စားမလို့လေ။ ကိုယ့်အတွေးကိုယ်ပြုံးမိပြီး

အပေါ်ထပ်ရောက်တော့ မျက်နှာကျက်တွေ မတပ်နိုင်သေးတာကို သတိထားမိတယ်။ မေလမုန်တိုင်းလေက အမိုးလှန်ပြီး မိုးရေတွေက မျက်နှာကျက်တွေကို အရည်ဖျော်ချသွားတယ်လေ။ မုန်းတိုင်းဝှေ့တာနဲ့ သစ်ပင်တွေလည်း သစ်သားဘ၀ပြောင်းသွားတာ ကြာလှပေါ့။

ဇွန်လဆန်းက စိုက်ထားတဲ့ ဗန်ဒါပင်လေးတွေ ကြည့်လိုက်တော့ အားရစရာသိပ်မရှိတာကို တွေ့ရတယ် အကြီးမြန်ရင် အခုတ်ခံရမှာစိုးတော့ သူတို့လည်း မကြီးထွားရဲတော့တဲ့ပုံပဲ။ နိုင်ငံခြားရောက်သမီးက အဖေ အဲယားကွန်း ၀ယ်တပ်ပါလား၊ သမီးကန်တော့ပါမယ်ဆိုတော့ အဲယားကွန်းဈေးသွားမေးကြည့်သေးတယ်။

`ဦးလေးတစ်ကောင်ခွဲလား လေးသိန်းနှစ်သောင်းကျပ်၊ ဒီအမျိုးအစားဆိုရင်တော့ သုံးဆယ်ရှစ်နဲ့ရမယ်၊ service

ပါပြီးသား ဦးလေး၊ အိမ်လိုက်ဆင်ပေးမယ်၊ သုံးလတစ်ကြိမ် servicing လုပ်ပေးမယ်။ အဲဒါ တစ်နှစ်ကို သုံးကြိမ်

Free ရမှာပါ။ ၀ယ်ထားတဲ့နှစ်ကိုလေ နောက်လုပ်ချင်တယ်ဆိုရင် အပြင်ကဈေးနဲ့ သက်သာတဲ့နှုန်းနဲ့ ဆားဗစ်စင်

လုပ်ပေးမှာ ဦးလေး နောက်မြင်းကောင်ရေအားများတာနဲ့ ပြန်လဲချင်တယ်ဆိုရင်လည်း အလိုက်ထပ်ပေးပြီးလဲလို့ရ

အောင်တာဝန်ယူပေးမယ် ဦးလေး´

`အေးကွာ ဦးလေးက ဈေးစုံစမ်းကြည့်တာပါ။ တပ်ဖြစ်မယ်ဆိုရင် ငါ့တူဆိုင်ကို အားပေးပါမယ် ကျေးဇူးပါပဲ´

အဲယားကွန်းရောင်းတဲ့ Show Room ကအထွက် ခြစ်ခြစ်တောက်ပူနေတဲ့ ကောင်းကင်ကို မော့ကြည့်ရင်း

ကိုယ့်တစ်ကိုယ်စာ အေးချမ်းဖို့အရေး ကမ္ဘာကြီးကို ဒဏ်ရာတွေ ထပ်ပေးနေဦးမှာလားဆိုပြီး ကိုယ့်အတ္တအတွက်

ကိုယ့်ဟာကိုယ် ပြန်ရှက်နေမိသေးတယ်။ အယ်လ်ဂိုး နိုဘယ်ဆုရတုန်းက မဆီမဆိုင် သူ ၀မ်းသာလုံးဆို့ခဲ့ဖူးတယ်

သူက ၂၀၀၀ ရွေးကောက်ပွဲကတည်းက အယ်လ်ဂိုးကို သဘောကျတာ။ ဒါပေမယ့် ရွေးကောက်ပွဲမှာ အယ်လ်ဂိုး

ရှုံးနိမ့်တာကိုက ကမ္ဘာမြေကြီးရဲ့ ၀မ်းသာစရာအချက်ဖြစ်နေပါသေးတယ်။ စာရေးရတာစိတ်တွေက ဟိုရောက်သည်ရောက်နဲ့ ၊ အဲယားကွန်းပြင်တတ်ရင် အလုပ်မရှားဘူးအဖေ ဆိုပြီး စကာင်္ပူထွက်သွားတဲ့သားကို

သစ်ပင်လေးတွေပြောင်းစိုက်ကြည့်ပါလားကွာ။ မင်းတစ်သက်လုံး ပျော်စေရမယ်၊ စိတ်ချမ်းသာမှုတွေ ရလိမ့်မယ်

လို့ ပြောတော့ပြောချင်မိပါရဲ့။ ဒါပေမယ့်….။


အောင်ပိုင်စိုး






ခင်မင်လေးစားရတဲ့ ကိုလင်းဦး(စိတ်ပညာ)က တက်ပ်ပါတယ် ၀ါသနာပါရာဆိုတဲ့ခေါင်းစဉ်နဲ့

လူတိုင်းမှာ သာမာန်ထက်ပိုစိတ်ဝင်စားမိတဲ့ အသက်မွေးဝမ်းကျောင်းမဟုတ်တဲ့ အလုပ်တွေရှိနေတတ်ပါတယ် အဲဒီအလုပ်ကို ဘာအတွက်မှမရည်ရွယ်ပဲ လုပ်မိတတ်သလို ရည်ရွယ်ချက်ကြီးကြီးမားမားနဲ့ လုပ်တတ်တဲ့လူတွေလည်းရှိပါတယ် အဲဒါကို ၀ါသနာ လိုများအကြမ်းဖျင်းကောက်ယူလို့ ရနိုင်မလားမသိဘူး ကျွန်တော်က ဆွေးနွေးငြင်းခုန်ရတာကို သဘောကျတဲ့ အလေ့အထ ရှိပါတယ် အဖြစ်အပျက် တွေရဲ့ အကြောင်းခြင်းရာကို လေ့လာရတယ်ခွဲခြမ်း စိတ်ဖြာရတာကို သဘောကျတယ်… အဲဒီလိုနဲ့ ကျွန်တော်ဟာ မိသားစု

သူငယ်ချင်းအပေါင်းအသင်းတွေ ကြားမှာအငြင်းသန်သူဖြစ်လာပါတယ် အဲဒီအချိန်အထိ ကျွန်တော့် ၀ါသနာကို ကျွန်တော် သေချာအကဲမခတ်မိသေးပါဘူး ….။ အငြင်းသန်တဲ့အတွက်ပုံမှန်အားဖြင့် အလွယ်တကူ လက်ခံလိုက်ရမယ့်ကိစ္စတွေ ခွဲခြမ်းစိတ်ဖြာဖို့ လိုအပ်ကောင်းလိုအပ် နေပေမယ့် အများစုက ဂရုစိုက် စဉ်းစားမနေတဲ့ကိစ္စတွေကို တစ်ယောက်တည်း စဉ်းစားတွေးတောရင်း အဖြေမရတဲ့အခါ ဒါမှမဟုတ် အဖြေရတဲ့အခါ နီးစပ်ရာလူတွေကို လျှောက်ပြောတတ်တဲ့အတွက် တစ်ခါတစ်လေမှာ အများနဲ့ ဆန့်ကျင်ဘက်တွေ ဖြစ်ဖြစ်လာတတ်တယ်..။ အဲဒီလို့နဲ့ တဖြည်းဖြည်း ဆွေးနွေးဖက် ရှားပါးလာတဲ့ အခါ ကျွန်တော်စာတွေပိုဖတ်ဖြစ်လာတယ် စာအုပ်တွေက ကျွန်တော်အဖော်တွေ ဖြစ်ဖြစ်လာပါတယ်… ။ ကျွန်တော်ကို ဘယ်တော့မှ စိတ်မဆိုးတဲ့ စာအုပ်တွေက ကျွန်တော်အဖော်တွေပါပဲ… သူတို့ကပဲ ကျွန်တော်ကို အနုပညာတွေ အတွေးအခေါ်တွေ ကမ္ဘာကြီးအကြောင်း လူတွေအကြောင်းကို သေသေချာချာ ရှင်းပြပါတယ်ကျွန်တော် စာဖတ်ခြင်း အလေ့အထကို စွဲလန်းသွားပါတယ်…။ ဗိုက်ဆာတဲ့အချိန် ထမင်းမစားပဲ နေနိုင်ပေမယ့် ဖတ်စရာ စာအုပ်မရှိတဲ့အချိန်ကို ကျွန်တော်မနေနိုင်တော့ပါဘူး စာငတ်တဲ့ဝေဒနာဟာအစာငတ်တဲ့ ဝေဒနာထက် ကျွန်တော့်အတွက် ပိုခံစားရခက်နေပါတယ်။ကျွန်တော်စာဖတ်နေရင်းနဲ့ တစ်ခါတစ်လေ စိတ်ထဲဝင်ရောက်လာတဲ့ စာတချို့ကို ကျွန်တော်ရေးခြစ်မိလာတယ်..။ တချို့စာတွေကို မဂ္ဂဇင်း၊ ဂျာနယ်တွေကို ပေးပို့ခဲ့ပြီး တချို့စာတွေ ကိုတော့ ဒိုင်ယာရီစာအုပ်လေးထဲမှာပဲ သိမ်းဆည်းထားခဲ့ပါတယ်..။ ငယ်ငယ်က စိတ်ကူးအိပ်မက် ထဲမှာတော့ ကျွန်တော်ဟာ တရားမျှတတဲ့ရှေ့နေ တစ်ယောက်လုပ်မယ်လို့မျှော်လင့်ချက်ထားခဲ့ဖူးတယ်ဒါပေမယ့် ကျွန်တော်ရှေ့နေတစ်ယောက်အဖြစ်ကို ဒီနေ့အထိရောက်မလာခဲ့သေးပါဘူးတစ်ခါတစ်လေ သူငယ်ချင်းရှေ့နေတွေနဲ့ တရားရုံးဘေးက လက်ဘက်ရည်ဆိုင်တွေမှာ ဥပဒေပညာရပ်တွေအကြောင်း စိတ်ဝင်တစားဆွေးနွေး တတ်ပေမယ့် ကျွန်တော် ရှေ့နေတစ်ယောက်လုပ်ချင်တဲ့ စိတ်ကူးကိုတော့ ဆိုင်းငံ့ထားခဲ့ပါတယ် …။ ဘလော့လေးရေးဖြစ် တဲ့အခါကျတော့ စိတ်ကူးသီတဲ့ စကားလုံးလေးတွေကို အင်တာနက်စာမျက်နှာတွေပေါ် တင်လာခဲ့မိပါတယ်..။ လတ်တလောအခြေအနေ အရကော ထာဝရအတွက်ပါ သေချာနေမယ့် ကျွန်တော်ဝါသနာက စာရေးစာဖတ်ဖြစ်နေပါလိမ်မယ့် …. ဘာကြောင့် အဲဒီလိုပြောနိုင်လည်းဆိုတော့ စာအုပ်တစ်အုပ် လက်ဖက်ရည်တစ်ခွက် စီးကရက်တစ်ပွဲ ရှိနေရင် ကျွန်တော်ကျေနပ်နှစ်သိမ့်နိုင်လို့ပါ အဲဒီထက်ပိုကြွယ်ဝလာတဲ့အခါ ဘောပင်တစ်ချောင်း စက္ကူအလွတ် တချို့ပါရနေရင်တော့ ….။ကျွန်တော်ဝါသနာ ကို အပြည့်အ၀အကောင်အထည်ဖော်နိုင်ပါပြီ…..။အခုလို ကိုယ့်ဝါသနာပါတဲ့ အကြောင်းလေး ပြောပြခွင့်ရတဲ့ အတွက် ကိုလင်ဦး (စိတ်ပညာ)ကိုကျေးဇူးတင်ရှိပြီး အခုတက်ဂ် ဂိမ်းလေးကို ကျွန်တော်ခင်မင်ရတဲ့

၁။ ကိုဖိုးသူတော် နဲ့

၂။ ကိုသုခမိန် ( E-Journal) တို့ဆီလက်ဆင့်ကမ်းပေးလိုက်ချင်ပါတယ်… ။


ခင်မင်စွာဖြင့်

အောင်ပိုင်စိုး


ဓါတ်ပုံ - Google Image





ဒီချောင်းကို

ဝင်မိလျှင်၊ မထင်နဲ့

တစ်ခေါက်တည်း…၊

တက်မကုန် သက်မစဲ၊

မောလောက်အောင်ပဲ။


ဆရာဇော်ဂျီရဲ့ ဗေဒါလမ်းကဗျာ(၂၂)ပါ၊


ရှေ့နေ လုပ်သက်ခြောက်နှစ်လောက်ရှိပြီ ဖြစ်ပေမယ့် အမှုတွေလက်မလည်အောင် ဖြစ်နေတာမျိုး မကြုံဖူးသေးဘူး။ ရုံးချိန်းတွေ တိုက်နေတာ၊ စာချုပ်တွေ ခဏခဏချုပ်နေတာ၊ နို့တစ်တွေ အများကြီးထုတ်ပေးနေရတာ မျိုးတွေမရှိသေးပါဘူး။ `ရှေ့နေဆို ပျိုမှတဲ့´ ဘယ်သူပြောသွားတာလဲတော့ မသိဘူး။ အခုတော့ မနက်ရုံးလာ၊ လက်ဖက်ရည်သောက် ဆရာသမားတွေရဲ့ အမှုတွဲတွေ ခဏကြည့်ပေး၊ ရုံးချိန်းတောင်းပေး ပညာရအောင်လို့ အလကားလိုက်ပေးရတဲ့ အမှုတွေနဲ့ တစ်နေ့တစ်နေ့ မုန့်ဖိုး ပဲဖိုးနဲ့ အိမ်ပြန်ရတာ။ ဒါပေမယ့် ဒီလုပ်ငန်းက ပညာ၊ အတွေ့အကြုံ နှစ်ဖြာရင့်ကျက်မှ တန်ဖိုးတက်တာဆိုတော့ ဒီလိုပဲအနစ်နာခံရတာပါပဲ။ စီးပွားရှာဖို့သက်သက်တော့ ဒီလိုလုပ်ငန်းမျိုးကို ရွေးချယ်ဖို့ မသင့်ဘူးထင်ပါတယ်။ မျှတတဲ့ စိတ်ထားနဲ့ ပညာရပ်ကို မြတ်နိုးတော့ မီးသင့်ကျောက်တွေလို အခက်အခဲ ဖိအားနဲ့ပဲ ကိုယ်ရည်ကိုယ်သွေးကို အရောင်တင်ရတာ မို့လား။ ခက်ခဲပေမယ့်လည်း ပျော်ပါတယ်။ ဘယ်မှာမှ ဖြေရှင်းလို့မရတဲ့ အရှုပ်အထွေးတွေကို ကိုယ်ကိုယ်တိုင် ပါဝင်ကူညီ လိုက်ရလို့ ပြုံးပျော်သွားကြတဲ့ လူတွေ၊ သင့်မြတ် သွားကြတဲ့လူတွေ တွေ့နေရတော့ ပီတိဖြစ်ရပါတယ်။ စေတနာသန့်ရင်တော့ ကုသိုလ်လည်းရ ၀မ်းလည်းဝပါ။

`ရှေ့နေဖြစ်ချင်ရင် တိုက်ပုံခေါက်တတ်အောင် အရင်သင်ကွ´ ဆရာသမားတစ်ယောက်က နောက်နောက်ပြောင်

ပြောင် မိန့်ကြားဖူးပါတယ်။ တစ်ရုံးဝင် တစ်ရုံးထွက် အမှုတွေ လက်မလည်အောင် လိုက်နေရတဲ့ ရှေ့နေအဖို့

တိုက်ပုံ တွန့်ကြေနေလို့ ဘယ်ဖြစ်မလဲပေါ့။ အမှန်တကယ်တော့ တရားခြင်း၊ မတရားခြင်းဟာ ဥပဒေအပေါ်မှာ

ဘယ်လောက် အစွန်းထွက် ပြုမှုမလဲဆိုတာ မူတည်ပါတယ် ဥပဒေ ချိန်ခွင်လျှာပေါ်မှာ အစွန်းထွက်တဲ့ဘက်ကို

အရေးယူနိုင်ဖို့၊ မိမိလျှောက်လဲချက်တွေဟာ ဖြောင့်မတ်မှန်ကန်ဖို့ အရေးကြီးပါတယ်။ ဥပေဒေနဲ့ အမှန်တရား

ထပ်တူကျလာပါမှ သင့်မြတ်တဲ့ ဖြတ်ထုံးတွေ ဖြစ်လာမှာပါ။ အဲဒါကြောင့် အမှန်ကိုမြတ်နိုးတဲ့စိတ်က ပိုမိုမွန်မြတ်တယ် လို့ ချိန်ဘာဆရာက သင်ကြားဖူးပါတယ်…။ အခု ကျွန်တော့် ရဲ့သမာအာဇီဝ နေ့လည်စာဟာ လက်ဖက်ရည်တစ်ခွက်သာ ဖြစ်နေပေါ့။ တက်မကုန် သက်မစဲပေမယ့် ကျွန်တော်မမောသေးပါ။


အောင်ပိုင်စိုး





ကြီးကျယ်ခမ်းနားတဲ့ အရာရာတိုင်းဟာ အပိုင်းအစလေးတွေနဲ့ တည်ဆောက်ထားတာပါ။

နှစ်ကာလတွေဟာ စက္ကန့်ငယ်အပိုင်းအစလေးတွေရဲ့ တန်ဖိုးနဲ့ တည်ဆောက်ထားတာပါ။ စက္ကန့်ပိုင်းလေးတွေ မလှုပ်ရှားတော့တာနဲ့ အချိန်ဟာ ပျက်သုဉ်းသွားပါတယ်။ `ခင်ဗျား နာရီမှာ စက္ကန့်တံတွေ မရွေ့လျားတော့တာနဲ့ ခင်ဗျားနာရီကို ခင်ဗျား အသုံးပြုလို့ မရတော့ဘူး´။

အသေးအဖွဲလေးတွေကို လျစ်လျူရှုလိုက်တာဟာ ကြီးမားတဲ့ အခက်အခဲတွေကို ဖိတ်ခေါ်လိုက်တာပါပဲ…။ အဲဒါကြောင့် စီမံခန့်ခွဲမှုမှာ အသေးအဖွဲဖက်တာတွေကအစ ဂရုစိုက်ရတယ်။ ကော်ပိုရိတ် တစ်ခုဟာ ဈေးကွက်ဝေစုတွေ အများကြီးရနေတယ်။ အလုပ်တွေ အရမ်းအောင်မြင်နေတယ်။ အဲဒီလို အခြေအနေမှာဆိုပေမယ့် သုံးလပတ်၊ ခြောက်လပတ် စာရင်းချုပ်တဲ့အခါ အမြတ်ရာခိုင်နှုန်းက ဘာကြောင့် ထူးထူးခြားခြား မဖြစ်သလဲဆိုတဲ့ အခြေအနေမျိုး ကြုံလာပြီဆိုရင် ကုမ္ပဏီရဲ့စီမံခန့်ခွဲမှုမှာ ရောဂါရှာဖို့ လိုနေပြီ။ ကုမ္ပဏီမှာ အလုပ်နဲ့ ၀န်ထမ်းအင်အား ညီမျှလား၊ ၀န်ထမ်းတွေမှာ ကျွမ်းကျင်မှု အားနည်းလား ဆိုတာ စစ်ဆေးကြည့်ရပါမယ်။ မန်နေဂျာတွေက စီးပွားတိုးနှုန်းကို ပီတိနဲ့ကြည့်မိရင် အလေအလွင့်တန်ဖိုးရဲ့ ဂရပ်ဖ်ကလည်း မြင့်တက်လာလိမ့်မယ်။ မန်နေဂျာကောင်းတွေဟာ လုပ်ငန်းကို ထောင်တက်အောင် စွမ်းဆောင်တတ်ရုံ မဟုတ်ပါဘူး။ ရေရှည်ရပ်တည်နိုင်အောင် အပြစ်အနာအဆာ ကင်းအောင် ဆောင်ရွက်တတ်ရပါမယ်။

ရာစုနှစ်များစွာ ရပ်တည်လာတဲ့ ကော်ပိုရိတ်တွေမှာ စီမံခန့်ခွဲမှုပိုင်းမှာ စီအီးအိုကနေ အောက်ခြေ၀န်ထမ်းအထိ တာဝန်ယူမှုနဲ့ ဆုံးဖြတ်ချက်ချမှုကို မိမိလုပ်ဆောင်ချက်အပေါ် မူတည်ပြီး ခွဲဝေထားပါတယ်။ ဆုံးဖြတ်ချက်ချမှုတွေကို ချုပ်ကိုင်ထားတဲ့ ကော်ပိုရိတ်ကို ဦးဆောင်သူတစ်ယောက်နဲ့အတူ လုပ်ကိုင်နေရရင် ဂျိမ်းစ်ဘွန်းကားကြည့်သလို အသည်းတယားယား၊ ရင်တဖိုဖို ဖြစ်မိတာပါပဲ။ လက်တွေ့ဖြစ်ရပ်တွေမှာက ဂျိမ်းစ်ဘွန်းဇာတ်ကားတွေကို အမြဲတမ်း အနိုင်မရနိုင်ဘူး။ အောက်ခြေ၀န်ထမ်းတွေရဲ့ တန်ဖိုးကို မှန်မှန်ကန်ကန် နားလည်နိုင်မှ ကော်ပိုရိတ်တွေဟာ ရေရှည်ရပ်တည်လို့ ရမယ်လို့ အထက်အရာရှိတစ်ယောက်က ပြောဖူးပါတယ်။

`အဆောက်အအုံတစ်ခုရဲ့ သက်တမ်းက အုတ်ခဲတစ်လုံးရဲ့ ဒဏ်ခံအားပေါ်မှာ တွက်ယူလို့ ရတယ်ကွ´လို့ သူငယ်ချင်း အင်ဂျင်နီယာတစ်ယောက်က ပြောဖူးပါတယ်။ အဲဒါကြောင့် အုတ်တစ်ချပ်၊ သဲတစ်ပွင့်ဆိုတဲ့ စကားဟာ ရေပန်းစားမှု လျော့ကျမသွားတာပေါ့။ ဒါပေမယ့် သဲက သဲဖြစ်ဖို့တော့လိုတယ်။

နုန်းသဲလား၊ ပင်လယ်သဲလား ဆိုတာ ခွဲခြားဖို့တော့ လိုတာပေါ့။ သဲကလည်း မသန့်စင်၊ ဘိလပ်မြေကလည်း အရောအနှော၊ အုတ်ကလည်း မီးမကျက် ဆိုရင်တော့ ဖောင်ဒေးရှင်း ဘယ်လောက်ကောင်းကောင်း အဲဒီအဆောက်အအုံက ရေရှည်မခံဘူး။ အဲဒါကြောင့် အမှုန်ဓါတ်တွေကို သန့်စင်တတ်ဖို့လိုတယ်။ မင်းလည်း ကြားဖူးသားပဲ၊ ရူပဗေဒ ဘာသာရပ်မှာ အမှုန်သီအိုရီတွေက နိုဗယ်လ်ဆု တသီတတန်းကြီး ရယူဖူးတာ။ လူ့ခန္ဓာကိုယ်ကြီး တစ်ခုလုံးကလည်း အသေးငယ်ဆုံး ဆဲလ်တွေနဲ့ ဖွဲ့စည်းထားတာ။ ဓါတုဗေဒ၊ ဇီဝဗေဒတို့မှာလည်း အသေးငယ်ဆုံးအရာတွေကို ခွဲခြမ်းစိတ်ဖြာပြီး လူအတု၊ တိရစ္ဆာန်အတုတွေတောင် ပြုလုပ်လို့ရနေပြီ မဟုတ်လား။

အသေးဖွဲဆုံး အရာတွေကနေ အကြီးဆုံးစွမ်းအင်တွေ ထုတ်လုပ်နိုင်တယ်ဆိုတာကို ဒီခေတ်မှာ အသိသာဆုံးပဲ၊ ဖုန်းဆိုလည်း သေးသေးလေး အပိုင်းအစလေးတွေ၊ သီချင်းနားထောင်ဖို့ဆိုလည်း MP3, MP4 ပလေယာလေးတွေက သေးသေးလေး အပိုင်းအစလေးတွေ၊ လွန်ခဲ့တဲ့နှစ် ၂၀၊ ၃၀ က ရေဒီယိုတွေနဲ့ ယှဉ်ကြည့်ရင် ဒီနေ့ ပစ္စည်းအပိုင်းအစလေးတွေက အရင်က ထုကြီးထည်ကြီးတွေထက် စွမ်းရည်အဆပေါင်းများစွာ ပိုသာတယ်။ အဲဒါကြောင့် `အသေးအဖွဲဆိုပြီး ပေါ့မနေပါနဲ့၊ ဟန်ဆာပလပ်စ် ဆောင်ထားပါ´ ဆိုသလို ငါ တိုက်ဆောက်ရင် အုတ်တစ်ချပ်၊ သဲတစ်ပွင့်ကအစ ဂရုစိုက်တာ။

အေး… ဟုတ်တယ်ကွာ။

ငါကလည်း အသေးအဖွဲကောင်ဆိုတော့ ငါ့လစာ အသေးအဖွဲလေးကို ကုမ္ပဏီက နည်းနည်းဂရုစိုက်ရင် ကောင်းမယ်ထင်တာပဲ။


အောင်ပိုင်စိုး

ဓါတ်ပုံ - Google Image



တတိယထောင်စုနှစ်ရဲ့ လိုက်ကာအဖွင့်ကတော့ အဖြစ်အပျက်အပြောင်းအလဲတွေနဲ့ ထုံမွှမ်း နေပါတယ်။ ကမ္ဘာကြီးတစ်ခုလုံးက မယုံနိုင်စရာမရှိအောင်ဘဲ ပြောင်းလဲမှုက မြန်နှုန်းမြင့်နေပါတယ်။ နှစ်စဉ်တိုးတက်လာတဲ့စီးပွားရေးပုံစံခွက်တွေက တစ်ခုပြီးတစ်ခု ကွဲအက်ပြိုကျကုန်တယ်။ အပြောင်း အလဲအသစ်ကို ကြုံရဖို့အတွက် ဆွေးမြေ့နေတဲ့ စနစ်ဟောင်းတွေ ပြိုကျကုန်ခြင်းလား။

ကံကောင်းလို့စီးပွားပျက်တာပါ။စီးပွားပျက်လာတာဟာ ကံကောင်းတာဟုတ်ပါ့မလား ဒါပေမယ့် အခွင့်အလမ်းသစ်တွေက ကံမကောင်းတဲ့အထဲမှာရောပါလာတတ်ပါတယ်။ တစ်ခါတစ်ရံမှာတော့ အခက်အခဲတွေက ကျွန်တော်တို့ လူ့အဖွဲ့အစည်းကို တိုးတက်မှုတွေကို ဖြစ်ပေါ် စေပါတယ်။ ကိုယ့်ကိုယ်ကိုယ် ကံဆိုးတယ်လို့ထိုင်တွေးနေလို့ မဖြစ်ဘူး။

ပြဿနာကြီးကြီးနဲ့ ရင်ဆိုင်ရလေလေ၊ လူသားရဲ့စွမ်းရည်ဟာ ပိုမိုတိုးတက်လာလေပါပဲ။ ခေတ်ကာလကြီးက ကျွန်တော်တို့အားလုံးကို စမ်းသပ်ဖို့ပါ။

စီးပွားပျက်ကပ်တွေ ဘာကြောင့်ဆိုက်ရသလဲဆိုတဲ့မေးခွန်းက ပညာရှင်တွေကြားမှာတော့ ပွတ်လောရိုက်လှိုင်းထ၊ အဖြေအမျိုးမျိုးကောက်ချက်အမျိုးမျိုးနဲ့ပါ။ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအနေ နဲ့ကတော့ ပညာရှင်တွေ ရည်ညွှန်းပြောဆိုကြတာ ဗားရှင်း ၂ အနေနဲ့ပဲရှိပါသေးတယ်။ ပထမအ ကြိမ်က ဘောဂဗေ’ပညာရှင်ဂျွန်မေနပ်ကိန်းရဲ့ ငွေကြေးတွေကို လည်ပတ်သုံးစွဲရေး ပေါ်လစီနဲ့ကယ် တင်ခဲ့ပါတယ်။ ငွေကြေးဟာလူ့ခန္ဓာကိုယ်ရဲ့သွေးတွေလိုပဲ စီးပွားရေးအတွက် အရေးကြီးဆုံးပါ။ ပြီးတော့ လှည့်ပတ်စီးဆင်းမှုအားကောင်းရင် အဲဒီနိုင်ငံရဲ့စီးပွားရေး၊ကျန်းမာရေးကောင်းမွန်မှာပါပဲ။ လက်ရှိလည်း အမေရိကန်ဗဟိုဘဏ်က ဒေ’ါ်လာ ၇၀၀ ဘီလီယံနဲ့ အမေရိကန်ရဲ့ ငွေကြေးဈေးကွက် ကို ကျားကန်ပေးဖို့စီစဉ်နေတယ်။ ဥရောပ၊ အာရှနဲ့ အခြားဒေသဆိုင်ရာ ငွေကြေးအဖွဲ့အစည်းတွေက အရန်ငွေကြေးတွေနဲ့ ငွေကြေးယန္တရားတွေကို အခြေမပျက်အောင် ကျားကန်ထားပါဦးမယ်။ဒ’ါပေမယ့် ဒီလိုပြုလုပ်ထားတာဟာ လက်ရှိဈေးကွက်တွေ ထပ်မံပြိုမဆင်းသွားအောင်ဘဲ တက်နိုင်ပါတယ်။ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးပြန်လည်လည်ပတ်နိုင်ဖို့အတွက်က အချိန်ယူရဦးမှာပါ။ ဘာကြောင့် စီးပွားပျက်သလဲဆိုတော့ အခြေခံအချက် နှစ်ချက်ရှိပါတယ်။ အလွန်အမင်းစုဆောင်းမှုနဲ့ ၀င်ငွေကို အဆမတန် ကြိုတင်သုံးစွဲမှုတွေကြောင်ပါပဲ။ ၂၀၀၅ခုနှစ် တစ်နှစ်တည်းမှာ ကမ္ဘာကြီးဟာ ဒေါ်လာ ၁၁ထရီယံလောက် စုဆောင်းခဲ့တယ်လို့IMF ကခန့်မှန်းခဲ့ပါတယ်။ အဲဒီငွေသေအိုင်တွေဟာဒီကနေ့ စီးပွားရေးကို ယိုင်လဲသွားစေတဲ့ ထိုးနှက်ချက်တစ်ခုဖြစ်နေပါတယ်။

ဥရောပရဲ့ပင်စင်စုဆောင်းငွေများ၊ ဂျပန်ရဲ့အိုနာစာရန်ပုံငွေများ၊ အာရှသူဌေးတွေရဲ့ အက်ဆက် ၀ယ်ယူမှုတွေက ငွေကြေးအကျပ်အတည်းကို တစ်နည်းတစ်ဖုံ ပတ်သက်နေပါတယ်။ အခြားတစ်ဖက် ကလည်း ရေနံဈေးနှုန်းတွေကအဆမတန်တိုးမြင့်လာနေတယ်။ ၂၀၀၃ခုနှစ်က ရေနံတစ်စည်ကို ၂၉ ဒေါ်လာအထိ တက်သွားလို့ ဗြိတိန်လမ်းမတွေပေါ်မှ ထရပ်ကားတွေရပ်ပြီး ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ ဖူးပေမယ့် ၂၀၀၈ခုနှစ်မှာ ဒေါ်လာ ၁၄၀ ထိ တက်သွားတဲ့ ရေနံဈေးကိုတော့ တစ်ကမ္ဘာလုံးက အောင့် အီးသည်းခံနေခဲ့ရတယ်။ ရုရှား၊ အိုပက်နဲ့ အရှေ့အလယ်ပိုင်း နိုင်ငံတော်တော်များများကို ပိုက်ဆံ အလုံး အရင်းနဲ့ လှိမ့်ဝင်သွားပါတယ်။

အာရှငွေကြေး အကျပ်အတည်းကြောင့် ဖင်ထိုင်သွားခဲ့ရတဲ့ ဂျပန်နဲ့ အာရှကျားတွေနေရာမှာ တရုတ်က စီးပွားရေးအင်ဂျင်ကို ၀င်ကိုင်လာပါတယ်။

၂၀၀၁ စက်တင်ဘာ ၁၁ အကြမ်းဖက်မှုအပြီး အမေရိကန်နဲ့ လူဝင်မှုကြီးကြပ်ရေးဥပဒေအရ အိန္ဒိယတိုက်ငယ်ကို အိုင်တီပညာရှင်တွေ လူငယ်တွေ ပြန်လည်ဝင်ရောက်လာခဲ့ပါတယ်။ လက်ဗလာ၊ ခြေဗလာနဲ့ ပြန်လာတဲ့လူငယ်တွေကအိုင်ဒီယာတွေပါလာပါတယ်။ သူတို့ကနေ့ချင်းညချင်း မီးခိုးတိတ် ကုန်စည်တွေ ထုတ်လုပ်တော့တာပဲ။ မွန်ဘိုင်းကို အခြေစိုက်ပြီးကမ္ဘာအရပ်ရပ်ကို ဆော့ဝဲတွေရောင်းချတယ်။ Outsourcing တွေလက်ခံဆောင်ရွက်တယ်၊ ၂၀၀၇ အိမ်ခြံမြေ အကျပ်အတည်းအပြီးမှာတောင် ကြွေးဆိုးတွေကြွေးပြန်တောင်းတဲ့ လုပ်ငန်းကို အိန္ဒိယလူငယ်တွေက ကျယ်ကျယ်ပြန့်ပြန့်လုပ် ဆောင်လာကြတယ်။

၁၉၃၀ ကာလလောက်က “ဘဏ်တွေက ငါတို့ဝါခင်းတွေကို ဘာကြောင့်သိမ်းယူတာလဲ” ဆိုတဲ့ အုတ်ကီးတွေ ညည်းရတဲ့အဖြစ်မျိုး တစ်ကျော့ပြန်လာတာပါ။

“အဘိုးက ‘ဒီ မြေကို အသက်နဲ့ရင်းပြီး ရယူထားတာကွ၊ အဖေကျတော့ ဒီမြေပေါ်မှာ မွေးခဲ့တာ။ ပေါင်းပင်မြက်ပင်တွေကို ပင်ပန်းကြီးစွာရှင်းပြီး စိုက်ပျိုးမြေဖြစ်အောင် လုပ်ထားတာ။ ကျုပ်တို့လည်း ဒီမြေမှာ မွေးခဲ့တာ။ ရာသီဥတုအရမ်းဆိုးဝါးတဲ့နှစ်တွေမှာ အဖေငွေနည်းနည်း ချေးခဲ့ ရတယ်။ သူ့ခမျာ အခက်အခဲကြုံလာတော့ ငွေမချေးလို့ မဖြစ်တော့ဘူး။ နောက်တော့ ဒီမြေကို ဘဏ်ကပိုင်သွားရော။ဒ’ါပေမယ့် ဒီမြေမှာ ကျုပ်တို့ဆက်နေခဲ့တယ်။ စိုက်ပျိုးလို့ထွက်တဲ့သီးနှံတွေထဲက ကျုပ်တို့နည်းနည်းပဲရတာ။

“‘ဒါကြောင့်ဒီမြေဟာ ကျုပ်တို့မြေပဲ၊ ကျုပ်တို့မြေ။”"မဟုတ်ဘူးကွ၊ ဘဏ်ကပိုင်တဲ့မြေ။ မင်းတို့ထွက်သွားပေးရမယ်။” ဂျွန်စတိန်းဘတ်ရဲ့ ဇာတ် ၀င်ခန်းတစ်ခန်းပါ။ ၁၉၃၀ ကာလက အုတ်ကလာဟိုးမားက ခြေသလုံးအိမ်တိုင်ဖြစ်ကျန်ခဲ့တဲ့ အမေ ရိကန် ယာသမားတွေအကြေားပါ။ စူးအက်တူးမြောင်းကြောင့် စပါးအရောင်းအ၀ယ်တွေကောင်းပြီး ကြီးပွားလာတဲ့ အရှေ့တောင်အာရှသားတွေကျတော့ . . .။

“အတိုးခဏ ဆိုင်းချင်လို့ပါ ဘာဘူရယ်။”

“မရဘူး။ ကျုပ်တို့ကလည်း ဘဏ်ကို အတိုးပြန်သွင်းနေတာ။ အခု ဘဏ်က ကျုပ်တို့ကို ပိုက်ဆံပြန်တောင်းနေပြီ။”

“စပါးဈေးကဒီနှစ်နှစ် ခွက်ခွက်လန်အောင်ရှုံးတာ။ ရသမျှလည်း ဘာဘူကို အကုန်ထိုးအပ် တာပဲ။”

“ငါလည်း ဘာတတ်နိုင်မှာလည်း ၀ယ်မယ့်သူမှ မရှိတာအတိုးမတက်နိုင်ရင် လယ်ခွဲရောင်း ပေါ့”

သမီးပေးတာတောင် ချစ်တီးအကြွေးက မကြေနိုင်ဆိုတဲ့ ခါးခါးသီးသီးဖြစ်ရပ် အရှေကတောင် အာရှက လယ်သမားတွေ ခံစားလိုက်ရပါတယ်။

၁၉၃၀တွေနဲ့ မတူတဲ့အချက်က ဂလိုဘယ်လိုက်ဇေးရှင်းကအပြန့်ကျယ်လာတာပါပဲ။ လေးမန်းဘ ရားသားဘဏ်ကို လက်လွှတ်ဆုံးရှုံးပြီး၊ အေအိုင်ဂျီ ကို မကယ်တင်နိုင်ခင် စပ်ကြားမှာတော့ စင်ကာပူက စတော့ရှယ်ယာရှင်တွေက နေမထိမထိုင်မသာပါ။ အမေရိကန်က စတော့ရှယ်ယာညွှန်းကိန်းတွေက ကမ္ဘာပေါ်က စိုးရိပ်သောကတွေကို ကိုယ်စားပြုနေပါတော့တယ်။ အနာဂတ်ဝင်ငွေ အလွန်အမင်း ကြိုတင်သုံးစွဲမှု ဖြစ်စဉ်က ကမ္ဘာ့ငွေကြေးကို အကျပ်အတည်းကာလထဲ ထိုးစိုက်သွားစေခဲ့ပါတယ်။ ဒါဆိုရင် စီးပွားပျက်စေတဲ့ အကြောင်းရင်းလေးတွေကို ကျွန်တော်တို့ရေတွက်ကြည့်ရအောင်၊ ကာကွယ်ရေးစရိတ်အဆမတန် တိုးမြင့်လာခြင်း၊ အခွန်လျော့ကျခြင်းနဲ့ အလွန်အကျွံစုဆောင်းခြင်း၊ အဆမတန်ကြိုတင်သုံးစွဲခြင်းနဲ့ စိတ်ကူးယဉ်ရင်းနှီးမြှပ်နှံမှုကြောင့်တို့ပဲ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အကျပ်အတည်းကာလမှာ ကျွန်တော်တို့ ရစရာ အခွင့်အလမ်းတစ်ရပ် ရှိပါသေးတယ်။ အဲဒါကတော့ လက်ရှိကမ္ဘာကြီးထက် ပိုကောင်းမွန်တဲ့ကမ္ဘာကြီးကို ချီတက်ဖို့ ကောင်းမွန်သေချာတဲ့ အပြောင်းအလဲ တွေနဲ့ စတင်ကြဖို့ပါပဲ။

အမေရိကန်မှာ အပြီးသတ်ရွေးကောက်ပွဲတွေမလာခင် ၂၀၀၇ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် အယ်ဂိုးက ဘားရတ်အိုဘားမားကို လူသိရှင်ကြား ထောက်ခံလိုက်ပါတယ်။ ပြီးတော့သမ္မတကြီး လင်ကွန်းနဲ့ ခိုင်းနှိုင်းပြောဆိုသွားခဲ့ပါတယ်။ မစ္စတာ အယ်ဂိုးအနေနဲ့ ဘားရတ်အိုဘားမားဘက်ကနေ ကြွားဝါလွန်းနေရာ ကျမလားတော့ မသိပါဘူး။ သူကတော့ ကမ္ဘာကြီးကို မကိုင်တွယ်မထိရသေးပါ ဘူး။ အပြောင်းအလဲဆိုတဲ့ စကားလုံးနဲ့ အိုဘားမား ရွေးကောက်ပွဲအနိုင်ရလိုက်ပါတယ်။ တောင်အာဖ ရိက သမ္မတဟောင်း နယ်ဆင်မင်ဒဲလားရဲ့ သ၀ဏ်လွှာထဲမှာတော့ စိတ်ဝင်စားစရာ စကားတစ်ခွန်းပါ လာပါတယ်။ မစ္စတာအိုဘားမားဟာ ကမ္ဘာပေါ်က မျှော်လင့်ချက် သန်းပေါင်းများစွာကို ထပ်မံပေါက် ပွားသူလို့ အဓိပ္ပာယ်သက်ရောက်တဲ့စကားစုပါ။ အိုဘားမားလက်ကိုင်သုံးစွဲခဲ့တဲ့ စကားလုံးကလည်း အပြောင်းအလဲ၊ ကမ္ဘာကြီးနဲ့ အမေရိကန်နိုင်ငံ လိုအပ်နေတာကလည်း အပြောင်းအလဲပါပဲ။ ပြီးတော့ အိုဘားမားကိုယ်တိုင်က အပြောင်းအလဲပါ။

ဘာကြောင့် အပြောင်းအလဲကို အရေးတကြီး လိုအပ်နေတာလဲ၊ အပြောင်းအလဲထဲမှာ လက်ရှိ အကျပ်အတည်းထဲက ဖောက်ထွက်ဖို့အတွက် ပိုမိုကောင်းမွန်တဲ့ မျှော်လင့်ချက်တွေရှိနေလို့ပါ။ ခေါက်ရိုးကျိုးနေတဲ့ စနစ်ဟောင်းတွေပျော့ကွက် ဟာကွက်တွေ ရှိနေတဲ့ စနစ်ဟောင်းတွေကို ဆေးမြီး တိုနဲ့ မောင်းနှင်ခဲ့တဲ့ ဆယ်စုနှစ်တွေအပြီးမှာ အားကောင်းမောင်းသန်တဲ့စနစ်တစ်ခု လူမှုဘ၀တစ်ခု အတွက် ကျွန်တော်တို့အားလုံးဟာ ဒီကနေ့အကျပ်အတည်းတွေကိုမျက်နှာမူပြီး ရင်ဆိုင်ဖြေရှင်းရတော့ မှာပါ။ နှစ်ထောင်ပြည့်လွန် ဆယ်စုနှစ်ထဲ အမေရိကန်ပြည်ထောင်စုရဲ့ လူမည်းသမ္မတ၊ အရင်းရှင် ကွန်မြူနစ်နိုင်ငံတော်၊ အာကာသခရီးသွားလုပ်ငန်း၊ အိုင်တီ ပေါက်ကွဲမှု၊ ကမ္ဘာ့ငွေကြေး အကျပ်အတည်း၊ မုန်တိုင်းကြီးများ၊ ကမ္ဘာမြေစိမ်းလန်းစိုပြေရေးတို့နဲ့ တစ်ရံမလပ်တဲ့ အဖြစ်အပျက်တွေနဲ့လှုပ်ရှားပြောင်း လဲနေပါတယ်။

အမေရိကန်နဲ့ ကမ္ဘာ့ဈေးကွက်ထဲမှာ လတ်တလောပျောက်နေတဲ့ ယုံကြည်မှုတွေက အကောင် အထည် မဖော်ရသေးတဲ့ သမ္မတသစ်အိုဘားမားရဲ့ စကားတွေကြောင့် ဈေးကွက်ထဲမှာ ယုံကြည်မှု တချို့ ပြန်လည်ရရှိခဲ့ပါတယ်။ ရေနံဈေးက ဒေါ်လာ ၅၀ကျော်ထိ ပြန်မြင့်လာပါတယ်။ ရွှေတန်ဖိုး ပြန်မလာသလို၊ ကမ္ဘာ့အကြီးဆုံး ဘဏ်လုပ်ငန်းစုဖြစ်တဲ့ Citigroup ကို ကယ်တင်မယ်ဆိုတဲ့ အချက်ကြောင့် စတော့ရှယ်ယာဈေးတွေ ပြန်လည်မြင့်တက်လာတာပါပဲ။

စီးပွားရေးဂုရုကြီး အဒမ်စမစ်က ဈေးကွက်ကို အစိုးရက ၀င်ရောက်စွက်ဖက်တာကို သဘော မကျပါဘူး။ ဈေးကွက်မှ အလိုအလျောက် ထိန်းညှိဖို့ ခလုတ်တွေရှိတယ်လို့ သူကယုံကြည်တယ်။ ပြီး တော့ ဈေးကွက်မှာမြင်ရတဲ့လက်တွေရှိတယ်။ဒါပေမယ့် ၂၁ ရာစုမနက်ခင်းမှာ တော့ Globalcompanyတွေသိပ်များနေလွန်းသလို၊ ကမ္ဘာပတ်လည်ဖြန့်ကျက်လာတဲ့ ကော်ပိုရိတ်ဈေးကွက်က မမြင်ရတဲ့ လက်တွေကိုမှ ဖမ်းချုပ်ဖို့ ကြိုးစားလာကြပါတယ်။ ကော်ပိုရိတ် စီအီးအိုတွေဟာ ဖာရို ဘုရင်တွေထက် လိုချင်တပ်မက်မှု ပိုမိုများပြားလာတယ်။ သူတို့က နိုင်ငံများရဲ့ဓနကို သူတို့အိတ်ထောင် ထဲ လှောင်ထည့်ထားချင်လာကြတယ်။ စစ်ရေး၊ နိုင်ငံရေးတို့ကို စီးပွားရေးသြဇာနဲ့ တွန်းတိုက်ချင်ကြ တယ်။ သူတို့ရဲ့ အင်ပိုင်ယာဟာ နိုင်ငံများကြားက နယ်ခြားမျဉ်းတွေကို

ကျော်လွှားသွားခာချင်တယ်။ တတိယကမ္ဘာရဲ့ မပြည့်စုံသေးတဲ့ ဥပဒေစနစ်တွေကို ဈေးကွက်စီးပွားရေး မျက်နှာဖုံးနဲ့ ကျော်လွှားသွားလာကြတယ်။ စီးပွားရေးကိုလိုနီနယ်တွေကို ဈေးကွက်စီးပွားရေးခေတ်ဦးမှာ နိုင်ငံစုံကော်ပိုရိတ်တွေက ခြေလှမ်းဖြန့်ခဲ့ကြတယ်။ မမြင်ရတဲ့လက်တွေကို မသမာတဲ့နည်းနဲ့ ဖမ်းချုပ်ချင်ကြတာ ပါ။ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှပ်နှံမှု FDIကို ရေငတ်သလို ငတ်မွတ်နေတဲ့ တတိယကမ္ဘာကအစိုး ရတွေဟာ ကော်ပိုရိတ စီအီးအို တွေရဲ့အချော့အမြူမှာ ပျော့ညွတ်ခဲ့ရတဲ့ သာဓကတွေရှိနေပါတယ်။ နောက်ဆုံးတော့ ကော်ပိုရိတ်တွေရဲ့ လောဘဟာ အကျပ်အတည်းတစ်ခုဆိုက်ပြီး ဇာတ်သိမ်းသွားကြ တာချည်းပါပဲ။ ၁၉၉၈ ခုနှစ်မှာ ဒေ၀ူးရဲ့အမာခံကုမ္ပဏီတွေဟာ ၀င်ငွေ၅၁ ဘီလီယံရှိပြီး၊ ၄၅၈သန်း အရှုံးပေါ်ခဲ့တယ်။ နှစ်ချုပ်စာရင်းတွေမှာ အမြတ်ဝင်ငွေပိုပြ၊ အခွန်ပို ထမ်းပြပြီးမှာ ရှယ်ယာတန်ဖိုး နှစ်ဆ၊ သုံးဆပိုတက်အောင် လုပ်ပြတဲ့အတတ်ကို ဝေါစထရိကနေ ဆိုးလ်အထိ စီအီးအိုတွေရဲ့ အဌာ ရသ တစ်ပါးလို တတ်မြောက်ထားရမယ်လို့ ကော်ပိုရိတ်လောကက ထင်မှတ်ထားကြပါတယ်။ ဈေး ကွက်စီးပွားရေးမှာ ပျောက်စေဆရာတွေ ပိုများလာပါတယ်။ ဆင်းရဲတွင်းထဲက နင်းကန်ထိုးတက်နေ တဲ့ နိုင်ငံတွေက ကော်ပိုရိတ်ပွဲစားတွေရဲ့ သုတေသနဖန်ပြားပေါ်မှာ အစမ်းသပ်ခံသတ္တ၀ါလေးတွေ ဖြစ်လို့နေပါတယ်။ တစ်သက်လုံးဖြစ်နေတဲ့ အရှုံးကို နှစ်ပိုင်း လပိုင်းအတွင်း အမြတ်ရာနှုန်းတွေ ဖွံ့ဖြိုးမှုရလဒ်တွေ၊ ခေတ်မီမြို့ပြကြီးတွေ တည်ဆောက်ပြလိုက်တယ်။ တတိယကမ္ဘာက သူတို့ပြန် သယ်သွားတာက သစ်တောတွေ၊ တွင်းထွက်တွေ၊ ကျောက်မျက်၊ဓာတ်သတ္တု ရုပ်ကြွင်းလောင်စာတွေ ပါပဲ။

ငွေကြေးဟာ အကြွေးစနစ်တွေ လည်ပတ်မှုယန္တရားမှာ တစ်နေရာမှာ အဖုအထစ်ဖြစ်ခဲ့ရင် အကျပ်အတည်း ဆိုက်တော့တာပါပဲ။ ဘဏ်တွေဟာ အရန်ငွေသားနဲ့ အကြွေး

လည်ပတ်မှုတန်ဖိုးကို မှန်မှန်ကန်ကန် ကျားကန်ပေးရပါတယ်။ ငွေကြေးအမြောက်အမြား စုပုံတောင်းခဲ့ရင်ဖြစ်စေ၊ ဘဏ်က ထပ်မံရင်းနှီးထားတဲ့ လုပ်ငန်းတွေ အရှုံးပေါ်ရင်ဖြစ်စေ ငွေကြေးအကျပ်အတည်း ဆိုက်ရောက်တတ်ပါ တယ်။ စာရင်းလိမ်ပြတတ်တဲ့အတတ်ဟာ အကျပ်အတည်းဆိုက်စေတာကလွဲလို့ အကျိုးဖြစ်ထွန်းမှု နည်းပါးပါတယ်။ ရေတိုမှာတော့ မြိုးမြိုးမြက်မြက်အကျိုးရှိသယောင်ဆိုပေမယ့် အမြတ်ရာနှုန်းတွေ ချည်း မျက်စိမှတ်တွက်နေရင်တော့ ချောက်ကမ်းပါးဘက် ဦးတည်လျှောက်နေသလိုပါပဲ။

ခန္ဓာကိုယ်လေဖြတ်သလို အကြွေးချထားတာတွေက ပြန်မဆပ်ဘူး။ ဦးနှောက်ကို သွေးတိုး သလို ကြွေးပူတွေက အတိုးတက်ပြီဆိုရင်တော့ နှလုံးကိုလေဟပ်ခံရတာပါပဲ။ အာရှငွေကြေးအကျပ် အတည်းမှာ ထိုင်းနိုင်ငံ ဆောက်လုပ်ရေးသူဌေးတွေ သူတို့မျှော်လင့်တဲ့ အဆောက်အအုံမြင့်မြင့်တွေ ပေါ်က လက်လွတ်လုန်ဆင်းခဲ့ရတဲ့ သာဓကတွေရှိပါတယ်။ အကြွေးဟာ စီးပွားအင်ဂျင် ကောင်းမွန် စွာလည်ပတ်နေချိန်မှာတော့ ချောဆီလိုပဲ တန်ဖိုးရှိပါတယ်။ ၀ယ်လိုအား၊ ရောင်းလိုအားနဲ့ စီးပွားရေး ဖွံ့ဖြိုးမှု တန်ဖိုးပြဂရမ်မျဉ်း သိသိသာသာ မြင့်တက်သွားစေပါတယ်။ ဒါပေမယ့် လူဆိုတာ အမြဲတမ်း စနစ်တကျ ဖွဲ့စည်းထားတဲ့ သတ္တ၀ါမဟုတ်ပါဘူး။ သွေးလေချောက်ချားသလို စိတ်ဓာတ်တွေ ဖောက် ပြားလာရင်တော့ မိုက်မိုက်မဲမဲ သုံးဖြုန်းတတ်လာပါတယ်။ စီးပွားရေး သိပ်ဆန်ပါတယ်ဆိုတဲ့ Money Hunter တွေတောင်စီးပွားဖွံ့ဖြိုးမှုများလာရင် အလွန်အကျွံသုံးဖြုန်းတတ်ပါတယ်။ အဆိုး ဆုံးက မမြင်ရတဲ့ ၀င်ငွေကို ကြိုတင်သုံးစွဲတာပါပဲ။

၁၉၉၂မှာ တရုတ်ဈေးကွက် စီးပွားရေးခေတ်ဦးထဲမှာ စွန့်စွန့်စားစား ထိုးစိုက်ဆင်းလာတာက တရုတ်သူဌေးတွေ မဟုတ်ပါဘူး။ ဥရောပနဲ့ အမေရိကန်က စွန့်စားရင်းနှီးမြှပ်နှံသူတွေပါ။ ဆိုဗီယက် အပြိုအပျက်ထဲက သင်ခန်းစာတွေကို ကျေညက်ခဲ့တဲ့ အာရှရဲ့ ကြယ်နီကြီးဟာ တစ်နိုင်ငံစနစ်နှစ်မျိုးနဲ့ တိန်ရှောင့်ဖိန့်ဖီလော်ဆိုဖီကို ပီပီပြင်ပြင် ကိုယ်တွယ်ပြလိုက်ပါတယ်။ နဂါးကြီးနိုးအထကို အာရှကျား တွေ ကုတ်ခဲချင်ကြပါသေးတယ်။ ဒါပေမယ့် ၁၉၉၇ အကျပ်အတည်းက နဂါးကြီးကို အခွင့်အရေး တွေ ပေးလိုက်ပါတယ်။ ဈေးကွက်စီးပွားရေးရဲ့ ပင်လယ်ရေခပ်သောက် မကုန်ဟာ တရုတ်ပြည်ဖြစ်ခဲ့ ရပါတယ်။ ကြီးမားကျယ်ပြန့်တဲ့ စားသုံးသူဈေးကွက် ကြီးမားကျယ်ပြန့်တဲ့ လုပ်အားဈေးကွက်နဲ့ ကမ္ဘာ့နိုင်ငံတော်တော်များများက တရုတ်ပြည်ကို ကုန်သွယ်ဖက် ဖြစ်ချင်လာပါတယ်။ တရုတ်စာ၊ တရုတ်စကား၊ တရုတ်ယဉ်ကျေးမှုက ကမ္ဘာ့အနှံ့အပြားမှာ လေ့လာလိုက်စားသူတွေ တိုးပွားလာပါ တယ်။

အကျိုးအမြတ်အနေနဲ့ တိုင်ပေက တရုတ်သူဌေးကြီးတွေဟာ ခန်းဆောင်နီအတွက် ဧည့် ကောင်း၊ ဆောင်ကောင်းဖြစ်လာပါတယ်။ အရင်က အငတ်ဘေးတွေနဲ့ အမြဲနပန်းလုံးခဲ့ရတဲ့ ကမ္ဘာ့ လူဦးရေအများဆုံးနိုင်ငံကြီးဟာ အရံငွေကြေးအများဆုံး၊ နိုင်ငံရေးသြဇာ အကြီးဆုံးနဲ့ Asiapasific Friendတွေရဲ့ စိတ်ကူးအိမ်မက်တွေကိုတွန်းတိုက်ခဲ့ပါတယ်။ တရုတ်စတော့ ပူဖောင်းတွေ ဘယ်အ ချိန် ထပေါက်မလဲလို့၂၀၀၆ခုနှစ်က စိုးရိမ်ခဲ့တဲ့ စီးပွားရေးအကဲဖြတ်တွေဟာ အမေရိကန်က ၀ါးကွမ် နဲ့ အင်ရွှန်ပြိုအကျမှာတော့ မင်သက်နေခဲ့ရပါတယ်။ အကျပ်အတည်းကြားမှာတော့ upgrade လုပ် ထားတဲက ကွန်မြူနစ်ပါတီဟာ ဘယ်လိုဝှက်ဖဲတွေ ကစားမလဲလို့ ကမ္ဘာအရပ်ရပ်က စောင့်ကြည့်နေ တုန်းပါ။

အနောက်နဲ့ ရင်းရင်းနှီးနှီးဆက်ဆံတတ်တဲ့ အာရှနိုင်ငံတွေထဲမှာ အိန္ဒိယက ထိပ်ဆုံးမှာပါ ၀င်ပါတယ်။ မဇ္ဈိမသားတွေက ကမ္ဘာနဲ့မျက်ခြေမပြတ်အောင် ရင်းရင်းနှီးနှီး ဆက်ဆံတတ်ပါတယ်။ စာမတတ်သူသန်းပေါင်းများစွာကို ရင်ဝယ်ပိုက်ထားသလို ကမ္ဘာပေါ်မှာ အတော်ဆုံးဦးခေါင်းတွေကို လည်း ခေတ်အဆက်ဆက် အားကောင်းမောင်းသန် ထုတ်လုပ်တတ်ပါတယ်။ ယမထာရွှေကြိမ်လုံး ရယ်နဲ့ ထွန်တုံးကိုတဲ့ခြေတော်တင်ဆိုတဲ့ ဗြဟာရပြည်နယ်သားတွေရှိသလို၊ Cyberlab ထဲကနေ ကမ္ဘာပတ်လည်အကြွေးတောင်းနေတဲ့

လူငယ်များလည်းရှိနေပါတယ်။ ၂၀၀၇ အထိ စီးပွားရေးတိုးနှုန်း ကိုးရာခိုင်နှုန်းရှိနေတဲ့ အိန္ဒိယ

ဟာ သမ္မတဘုရှ်ရဲ့ နူကလီးယားလောင်စာ ရောင်းချမှုအစီအစဉ်က အိန္ဒိယတိုက်ငယ်ကိုအားဆေးပေးလိုက်သလိုပါပဲ။ စစ်ရေး၊ စီးပွားရေး မဟာဗျူဟာအရ အာရှကို အဲယားဖိုစ့်ဝမ်းက အင်အားချိန်ခွင်လျှာ ညှိပေးသွားတာပါ…။

မုဆိုးမများရဲ့ ဂရားမင်းဘဏ်၊ လီမိသားစုရဲ့ စင်ကာင်္ပူကော်ပိုရိတ်၊ သက်ဆင်ရှင်နာဝပ်ရဲ့ ပဉ္စလက်စီးပွားရေးအတတ်တို့နဲ့ အာရှငွေကြေးနဲ့ အာရှစီးပွားရေး

က မှန်ကူကွက်ဆန်နေပါတယ်။ အာရှဟာ ကမ္ဘာရဲ့ ဘယ်အရပ်ဒေသထက်မဆို လောကဓံ

ကို ပိုခံစားဖူးပြီး၊ ပိုပြီးရင့်ကျက်နေတာကိုတွေ့ နေရပါတယ်။ အကျပ်အတည်းဆိုတာ အာရှရဲ့

လက်ရှိမျိုးဆက်အတွက်တော့ အခက်အခဲမဟုတ်တော့ပါဘူး။ အစကတည်းက နှောင်ကြိုးမဲ့

ဈေးကွက်မဟုတ်တဲ့အတွက် ဈေးကွက်အလျော့အတင်းဟာ အစိုးရမူဝါဒတွေနဲ့ တိုက်ရိုက်

ပက်သက်နေပါတယ်…။ အာရှမှာစီးပွားပျက်ပေမယ့် ကိုယ့်ကိုယ်ကိုသတ်သေတဲ့နှုန်းနည်းတယ်

အိမ်ကလေးတစ်လုံးမရှိတာနဲ့ ဘ၀ကိုအဆုံးခံမယ်ဆိုတဲ့ အတွေးမျိုး အာရှသားတွေက မတွေးပါဘူး။ အာရှငွေကြေး အကျပ်အတည်းအပြီး ၁၉၉၉ခုနှစ်မှာ (အေဒီဘီ)က

ဒေါ်လာငါးဘီလီယံတန်ဖိုးရှိ ချေးငွေတွေထုတ်ချေးပေးခဲ့ဖူးပါတယ်။ ဒေါ်လာသန်း၂၀၀နီးပါး

နည်းပညာအကူအညီတွေ အာရှကိုခွဲဝေပေးနိုင်ခဲ့ပါတယ်။ အခုလည်း အာရှတရုတ်ကြီးနဲ့

ဂျပန်တို့က အာရှငွေကြေးတွေကို ကျားကန်ပေးမယ့် ရန်ပုံငွေတစ်ရပ် အေဒီဘီမှာ ထည့်

ဝင်ဖို့ကြိုးစားနေကြပါတယ်။ ရင့်ကျက်တဲ့ အာရှဟာ ငွေကြေးအကျပ်အတည်းကို ဘယ်လို

ဖောက်ထွက်မလည်းဆိုတာ စိတ်ဝင်စားဖွယ်ရာ စောင့်ကြည့်ရမှာပါ။

တရားခံဘယ်သူလဲဟေ့

လေးမန်းဘရားသား ဒေ၀ါလီခံဖို့ မလျှောက်ထားခင် နှစ်နှစ်လောက်အလိုကတည်းက စီးပွား ရေးပညာရှင်တွေက အကျပ်အတည်းဖြစ်ပေါ်လာမှာကို ကြိုတင်သတိပေးခဲ့တာတွေ ရှိပါတယ်။ သူတို့ စကားတွေ အီရတ်စစ်ပွဲလောက် ငြင်းခုန်စရာမကောင်းပါဘူး။ ဆက်ဒမ်ဟူစိန်ကို ဖယ်ရှားပြီးတော့ လည်း အမာတီနီဂျက်နဲ့ သမ္မတဘုရှ်တို့ နှုတ်လှန်ထိုးနေတာကို အမေရိကန်နဲ့ ဥရောပက အာရုံစိုက်နေ ကြတယ်။ ယူရိုငွေကြေးကတဖြည်းဖြည်းမာလာတယ်။ ရေနံဈေးက တစ်ရိပ်ရိပ် တက်လာတယ်။ တာတာကော်ပိုရိတ်က အမေရိကန်သံမဏိ လုပ်ငန်းစုကြီးကို ၀ယ်ယူလိုက်ပါတယ်။ အင်္ဂါဂြိုဟ်ပေါ် မှာ မြေကွက်ရောင်းတဲ့ ကုမ္ပဏီကို တရုတ်အစိုးရကအရေးယူလိုက်တယ်။ အမေရိကန် ဗဟိုဘဏ် ဥက္ကဋ္ဌ အလန်ဂရင်းစပန်း အနားယူသွားတယ်။ ၁၉၃၃နောက်ပိုင်း အမေရိကန်ငွေကြေးရဲ့ အဆိုးဆုံး နှစ်ကာလတွေကို ရင်ဆိုင်လာရပါတယ်။ ကမ္ဘာပေါ်က စီးပွားရေးဝေဖန်သူတွေက ဘုရှ်အစိုးရအပေါ် ပြဿနာအစုအဝေးကို ပုံချလာကြပါတယ်။ သမ္မတဘုရှ်ကလည်း သမိုင်းတွင်စေမယ့်ေ’ါ်လာဘီလီ ယံ ၇၀၀ကို ငွေကြေးဈေးကွက်ကို ကယ်တင်ဖို့ လက်မှတ်ထိုးခဲ့ပါတယ်။ လက်ဖွာတဲ့ အမေရိကန်တွေ အတွက် ခြိုးခြံချွေတာတဲ့ နေ့ရက်တွေ ရောက်ရှိလာပါတော့ ခြောက်ကပ်ကပ်နိုင်လှတဲ့ ခရစ်စမတ်ကာ လ ဖြစ်တော့မှာပဲလို့ စိုးရိပ်မကင်းကြသူတွေလည်းဒုနဲ့ဒေးပါ။

ပစ္စည်းသင်္ခါရ၊ လူသင်္ခါရ၊ ငွေကြေးသင်္ခါရ မသေမချင်း ပြန်ရှာလို့ရပါတယ်။ ဒါဟာလူတိုင်း နားလည်တဲ့ သဘောတရားပါ။ ဒါပေမယ့် သင်္ခါရကို လူတိုင်းမခံစားနိုင်တာတော့ အမှန်ပါပဲ။ စင် ကာပူကနေ ပြည်တော်ပြန်ခွင့်ကြုံနေတဲ့ ရွှေ့ပြောင်းလုပ်သားတွေ၊ လစာတွေ ငါးရာခိုင်နှုန်းကနေ ၂၅ရာခိုင်နှုန်းအထိ လျော့ချခံရဖွယ်ရှိနေတဲ့နေရတဲ့ နိုင်ငံသားလုပ်သားတွေ၊ စတော့တွေလည်းရှုံး၊ အိမ်အပေါင်လည်းဆုံးဆိုတော့ အဆုံးအရှုံးတွေကြားရတာ စိတ်မချမ်းသာစရာပါ။

GM နဲ့ Ford တို့တောင် အစိုးရအိတ်ကပ်ထဲက ငွေကြေးကို မျက်စပစ်တောင်းဆိုနေရပါ တယ်။ အိမ်ဖြူတော်အနေနဲ့ကလည်း လူမှုဖူလုံရေးမှာ ရန်ပုံငွေတွေထိုးသွင်းမလား။ မော်တော်ကားလုပ်ငန်းတွေ ကိုပဲ ကျားကန်ပေးမလား။

အိုဘားမားကတော့ ကားလုပ်ငန်းတွေကို ကယ်တင်တာလူ့အဖွဲ့အစည်းကို အကူအညီပေးသလိုပါပဲတဲ့။ ဈေးကြီးပြီး ဆီစားတဲ့ အမေရိကန်ကားတွေကို ကမ္ဘာကြီးကသုံးစွဲနိုင်ဦး မလား။ ရေနံစိမ်းတစ်ပီပါဒေါ်လာ ၆၀ဆိုတော့ စွမ်းအင်ကိစ္စကို ဧပြီလလယ်လောက်ကလို ကမ္ဘာကြီး က ပူပန်နေပုံမရပါဘူး။ ချမ်းသာကြွယ်ဝတဲ့ စင်ကာပူကျွန်းလေးမှာတော့ အစိုးရ၀န်ထမ်းတွေကအစ လစာလျော့ချခံရဖွယ် ရှိနေပါတယ်။ တရုတ်တွေမှာ နှစ်ပေါင်းထောင်ချီတဲ့ စီမံခန့်ခွဲမှု ရှိတယ်ဆိုတဲ့ မစ္စတာလီရဲကအသံကို သိပ်မကြားရတော့ပါဘူး။

ဝေါစထရိမှာ ကပ်ဆိုက်နေပေမယ့် Ebayနဲ့ Amazonကတော့ ငြိမ်ဆိတ်နေပါတယ်။ Network Cableတွေကနေေ’ါ်လာသန်းနဲ့ချီနှိုက်ထုတ်ပြတတ်တဲ့ ကုမ္ပဏီကြီးတွေဟာ ငွေကြေးနဲ့ အရောင်းအ၀ယ်မလုပ်ရင် ပစ္စည်းချင်းအလဲအလှယ်အထပ်ကို ပွဲစားခထွက်လာအောင် ဘယ်လိုလုပ်မ လဲ ကြံဆနေပုံရပါတယ်။ ဖရီးမားကက် ကျဆုံးပြီလားဆိုတဲ့စကားကို ပလူပျံအောင် ကြားနေရပေ မယ့် ပခုံးတွန့်ပြမယ့် Cyber ကုမ္ပဏီနှစ်ခုပါ။ ပိုင်ဆိုင်မှုအက်ဆက် တွေကို မှတ်ကျောက်တင်ပေးတာပါ။ နှောင်ကြိုးမဲ့ဈေးကွက်ဇာတ်လမ်းတွေမျက်ရမ်းမှန်းဆပြောဆိုကြတာ ကို ပြန်လည်ချေပချက်တွေပါ။ ဖလှယ်မှုတန်ဖိုး၊ သိုလှောင်မှုနှုန်းစံ၊ ကမ္ဘာ့စီးပွားရေး အဘိဓာန်ထဲမှာ ထည့်သွင်းရေးသားဖို့ အတွေ့အကြုံတစ်ရပ်၊ အပြောင်းအလဲတွေ စလုပ်ဖို့ အခွင့်အရေးကောင်း။

စီးပွားပျက်ကပ်ကို ဘယ်နှစ်၊ ဘယ်အချိန်ဘယ်လိုအခြေအနေမျိုးနဲ့ ကျော်လွှားနိုင်မယ်လို့ ဘယ်လိုပညာရှင်များမှ တိတိကျကျမပြောနိုင်။ ဘယ်တော့မှ အဆုံးသတ်မှာလဲဆို တာ မသိနိုင်ပေမယ့် အရာအားလုံးဟာ အစကပြန်စကြရမှာပါ။




အောင်ပိုင်စိုး

ကိုးကား

(၁) နိုင်ငံများ၏ စီးပွားရေး – (ကျော်ဝင်း)

(၂) ကမ္ဘာလုံးစီးပွားရေး အဘိဓာန် – (ကျော်ဝင်း)

(၃) ကမ္ဘာ့စီးပွားရေး ဇာတ်ခုံပေါ်မှ ပုံရိပ်များ (မောင်ဝံသ)

(၄) အင်တာနက်