ကမ္ဘာပေါ်မှာ လူနေထူထပ် မြို့ကြီးတွေဟာ အစည်ကားဆုံး မြို့တွေဖြစ်တယ်ဆိုတာ အငြင်းပွားဖွယ်ရာ ကိစ္စတစ်ရပ်တော့ မဟုတ်ပါ။ မြို့ကြီးတွေမှာ လူတွေဘယ်လို ရှင်သန်နေထိုင်ကြသလဲဆိုတာကတော့ စိတ်ဝင်စားစရာပါ။ ကမ္ဘာကျေးလက်နေ လူထုက မြို့ကြီးတွေဆီ အချိန်နဲ့အမျှ စီးဆင်းနေပါတယ်။
မြို့ပြအိပ်မက်တွေကို မျိုးဆက်အဆင့်ဆင့်က လက်ဆင့်ကမ်းလာတဲ့ ယဉ်ကျေးမှု ဖြစ်နေပါပြီ။ မြို့ပြမှာ အခွင့်အလမ်းများတယ်။ ၀င်ငွေကောင်းတယ်။ ပညာရေးစနစ်၊ ကျန်းမာရေးစနစ် လက်လှမ်းမျှီတယ်ဆိုတဲ့ မြို့ပြဆီ ပြောင်းရွှေ့လာကြတဲ့ ကျေးလက်သားတွေဟာ တစ်စတုရန်းမီတာမှာ လူဘယ်နှစ်ဦး နေထိုင်တယ်ဆိုတာကိုြွကွားဝါနေကြတဲ့ မြို့ပြစီမံကိန်းတွေကြားမှာတော့ မွန်းကျပ်လို့နေပါတယ်။
အဆိုးဆုံးက မြို့ပြ၀င်ငွေနဲ့ မြို့ပြစရိတ်က အချိုးမညီလှတာ သိသာလွန်းနေပါတယ်။ မိမိအိတ်ကပ်ထဲက လုပ်ခငွေကြေးကို မျက်စောင်းခဲနေကြတဲ့ မြို့ပြညှို့ချက်တွေထဲမှာ ၀ဲလည်သွားကြတဲ့ အရေအတွက်ကလည်း မနည်းပါဘူး။
ဝမ်းစာအတွက် အမြဲမလောက်ငတဲ့ မြေကြမ်းတဲ့လယ်ကွက်လေးပေါ်မှာ ဟင်းစားတချို့ ရတတ်ပေမယ့် တစ်လ၀င်ငွေဟာ တစ်သီးစား၊ ရောင်းသလောက်ရတတ်တဲ့ မြို့ပြကို ကျေးလက်သား ရင်ခုန်တတ်ကြတာ ဓမ္မတာတရားတစ်ခု။
ဒါပေမယ့် မြို့ပြရဲ့ ခိုအိမ်ကလေးတွေမှာ မိသားစုအားလုံး စက်ရုပ်သဏ္ဍာန်လှုပ်ရှားနေရတတ်ပါတယ်။ မနက်စောစောမှာ စက်မှုဇုန်မှာ အလုပ်ဆင်းမယ့် ထမင်းချိုင့်တွေ၊ မနက်ခင်းစာကို အလုပ်သွားယာဉ်တစ်စီးစီးမှာ ဖြစ်သလို စားသောက်ရတဲ့ အလေ့အကျင့်၊ အလုပ်ပြန်ယာဉ်ပေါ်မှာ အိပ်ချိန်အနည်းငယ်ကို ဖန်တီးရတဲ့ဘ၀၊ အလုပ်နားရက်ဟာ လုပ်ခသုံးဆရဖို့ အခွင့်အရေးဖြစ်တဲ့ဆိုတဲ့ အတွေးနဲ့ ဘ၀ကို အချိန်ပို မထားကြသူတွေ တိုးပွားလာနေပါတယ်။
အထည်ချုပ်စက်ရုံက ကောင်မလေးဟာ သူတို့စက်ရုံက တီရှပ်ကို အချိန်ပိုလုပ်ခခြောက်လစာစုပြီးမှ ၀ယ်ဝတ်နိုင်ပါတယ်။
တစ်နှစ်တာနေထိုင်ခဲ့တဲ့ အခန်းကျဉ်းလေးဟာ နောက်တစ်ခါစာချုပ်တဲ့အခါ ပိုင်ရှင်က လခတိုးတောင်းလိမ့်မယ်ဆိုတာ ကြိုသိနေတဲ့အတွေးဟာ မြို့ပြရဲ့ အိပ်မက်တစ္ဆေပါ။ ဒီထက်ဈေးပေါပြီး ဒီထက် ပိုကျဉ်းတဲ့ တစ်နေရာရာစာ ရှာရလိမ့်မယ်။ တစ်နှစ်တာအသားကျခဲ့ပေမယ့် ပြန်လှည့်မကြည့်နိုင်မယ်ဈေးကို ပိုင်ရှင်နဲ့ပွဲစားက ပြောလာကြမှာက အသေအချာ နောက်တစ်နေရာရှာ နောက်တစ်ခါ ပွဲစားပေး နောက်ထပ်တစ်နှစ် နေထိုင်ဖို့ အိပ်စက်စို့။ မြို့ပြရှင်သန်နေထိုင်မှုက အမြဲတမ်းကျဉ်းထဲကျပ်ထဲမှာပါ။ မြို့ပြအတွေးအခေါ်က တတ်နိုင်သမျှ ခပ်ကြာကြာနေထိုင်ရေးပဲ။ မြို့ပြအကွက်အကွင်းဟာ ဘောဂဗေဒ ကျမ်းစာဟောင်းထဲကအတိုင်း တန်ဖိုးတက်ဆဲ။
ပညာ အခြေစိုက်ခေတ်ဆိုပေမယ့် နီယွန်မီးတွေ အဆမတန်လင်းထိန်နေတဲ့ ဖျော်ဖြေရေးမြို့တော်တွေ က ၀င်ငွေအကောင်းဆုံးဖြစ်နေပါသေးတယ်။ ကောင်းမွန်တဲ့ ၀င်ငွေရရှိတာဟာ လူကိုပညာနဲ့ အလှမ်းဝေးသွား နိုင်စေပါတယ်။ ရှင်သန်ရပ်တည်မှုအတွက် ၀င်ငွေလိုအပ်သလို၊ ယဉ်ကျေးမှုကိုယ်ခံအားအတွက် ပညာကိုလိုအပ် နေပါတယ်။ ၀င်ငွေကောင်းခြင်းဟာ ချမ်းသာကြွယ်ဝမှုဆီကိုတော့ တွန်းမပို့နိုင်ပါဘူး။ ၀င်ငွေထိန်းသိမ်းခြင်းနဲ့ ရင်းနှီးမြှုပ်နှံမှု မှန်ကန်ဖို့ ပညာအခြေခံတွေ လိုအပ်ပါတယ်။ မြို့ကြီးကို မောင်းနှင်နေတဲ့ လူတန်းစားဟာ ပညာ အခြေခံ ယူနစ်တွေပြည့်စုံပါမှ ဂုဏ်သိက္ခာရှိတဲ့ မြို့ပြဖြစ်လာပါမယ်။ ကမ္ဘာ့အချမ်းသာဆုံး သူကြွယ်ကြီးနဲ့ တစ်နေ့ဝမ်းစာတစ်ဒေါ်လာကို စွန့်ပစ်ပစ္စည်းတွေထဲ ပြန်လည်ရှာဖွေစားသောက်နေရသူတွေ ယှဉ်တွဲနေထိုင်တဲ့ မြို့ဟာ ကောင်းမွန်တဲ့ မြို့ပြတစ်ခုတော့ မဟုတ်ပါဘူး။ သူ့ရင်ဘတ်နဲ့ မဆန့်မပြဲ လူဦးရေတွေ လက်ခံထားရတဲ့ မြို့ကြီးမှာတော့ မြို့နေလူတွေ အချင်းချင်း ရောဂါဘယတွေ ကူးစက်တယ်၊ ယဉ်ကျေးမှုတွေ ကူးစက်တယ်။ ရှင်သန်မှုပုံစံတွေကူးစက်၊ မြို့ပြရဲ့ နေထိုင်မှုက ကြုံသလို ဖြတ်သန်းခြင်းပါတဲ့။
ကျွန်တော်တို့အားလုံး ပန်းသီးဆွတ်ဖို့လာခဲ့ကြတာပါ။ တွင်းတူးသမားတွေ မဟုတ်ပါဘူး။
ရန်ကုန်စံတော်ချိန်။
Facebook Badge
Blogroll
- ကဗျာလွယ်အိတ်လေး( ကိုသားဖြိုး)
- ကဗျာပြခန်း
- ကိုညီညီ(သံလွင်)
- ကိုညီလင်းဆက်
- ကိုဖိုးသူတော်
- ကိုမင်းယွန်းသစ်
- ကိုမိုးလှိုင်ည(ကဗျာ)
- ကိုမိုးလှိုင်ည(စာစုများ)
- ကိုရန်အောင်
- ကိုလင်းဦး (စိတ်ပညာ)
- ကိုဖြိုး (စည်းအပြင်ကလူ)
- ကိုနွယ်ရိုး
- ကျွန်တော်တို့ချစ်တဲ့ကဗျာတွေ
- မအိန္ဒြာ
- မနော်ဟရီ
- လသာည
- လိပ်ပြာလေး
- လွတ်ကျသွားတဲ့မြို့တော်
- သုခမိန်( E- journal)
- အာရှခရီးသွားလမ်းညွှန်
- အမေ
- ကောင်းကင်ဖြူ
- တောကျောင်းဆရာရဲ့ တစ်ခါကတချို့တစ်လေ
- ဒေါက်တာ မွန်းသက်ပန်
- နိုင်းနိုင်းစနေ
စိတ်ကူးချင်းရင်းနှီးသူတွေ
Labels
- ကဗျာ (2)
- စာကောင်း စာဟောင်း (3)
- ဆောင်းပါး (1)
- ဓါတ္ပုံ (2)
- ဖတ်ညွှန်း (1)
- ကြုံခဲ့သမျှလူ့ဘ၀ (10)
- ဘာသာရေးစာပေ (1)
- သတင်း (2)
- သတင်းဆောင်းပါး (4)
- ဟာသ (1)
- အက်ဆေး (8)
- အင်တာဗျူး (1)
- အထ္ထုပတ္တိ (2)
- အတွေးစာစု (12)
- ဆောင်းပါး (29)
- ပေါ်လိုကိုဟိုး စာစုများ။ (2)
Posted by
အောင်ပိုင်စိုး
4 September 2008
အောင်ပိုင်စိုး
Labels:
အက်ဆေး
Subscribe to:
Post Comments (Atom)