ဟေ့ရောင်တွေ ဘာလုပ်နေတာလည်း






ရေတီရှာနေတာကွ ငါ့ စဥ့်အိုးပဲ့ထဲက

ငါးလေးတွေကျွေးဖို့










ရေမှော်တွေဖယ်ပြီး ရှာမှတွေမှာပေါ့








မင်းတို့နှစ်ယောက်အကြီးဆိုပြီး

အနိုင်မကျင့်နဲ့နော်

ငါရေကူးမလို့ ဖယ်ပေး မဖယ်ရင်အုတ်ခဲကျိုးနဲ့ဆော်မှာနော်




ကျွန်တော်အားလုံးရဲ့ အနာဂတ်တွေပါ...။ ကလေးငယ်တွေဆိုတာက တန်ဖိုးအရှိဆုံး
သယံဇာတတွေပါ သူတို့အပေါ် ကျွန်တော်တို့ တာဝန်မကျေပုံ က အထက်ကပုံတွေ
အထင်းသားရှိပါတယ်... ။ နာလည်းစာနာနိုင်ပါစေ ။

လေပြင်းက ကြမ္မာဆိုးတွေကို သယ်ဆောင် လာပြီး ဘ၀တွေထဲကို ၀င်ရောက်မွှေနောက် လာခဲ့သည်။ အရင်က အမြဲလှပနေကြကောင်း ကင်တစ်ခုလုံးလည်း အုံ့ဆိုင်းမှုန်မှိုင်းပြီး အရိုင်း ဆန်နေသည်။ မိုးပြင်းမိုးပေါက်တွေက ဖော်မ ကြည့်နိုင်အောင် စူးစူးရှရှအဆက်မပြတ် ကျ ရောက်လျှက်ရှိသည်။ မြေပြင်ပေါ် မတ်မတ် ထောင်နေတဲ့ အရာအားလုံးကို ညွတ်ကိုင်းပိ ပြားသွားအောင် အငြိုးတကြီးတိုက်ခိုက်နေဆဲ။ သက်ရှိအားလုံး စွဲမြဲငြိမ်သက်သွားအောင် သ ဘာဝတရားကတော့ အစွမ်းကုန် ယမ်းခါလျှက် ရှိသည်။ မြဲမြံတဲ့လက်တွေနဲ့ အသက်ရှင်ခြင်းကို ဆုပ်ကိုင်ရင်း အံတုနေရပြီ။ ရေတွေမိုးတွေ လေ ပြင်းတွေက သေမင်းရဲ့ တမန်တော်တွေလို့ သူ တိုရ အပိုင်စားရတဲ့ မုန်တိုင်းခံဒေသထဲ အင် အားနည်းသူ၊ ပေါ့လျော့သူ၊ ဆုံးဖြတ်ချက်လွဲသူ တွေကို ဆွတ်ယူဖို့ ချောင်းမြောင်းနေပြီ။ လူ သားနဲ့ ရှင်သန်ခြင်းကတော့ ဘယ်လိုအခြေအ နေဆိုးမျိုးကိုဆို အံတုကြိုးစားရင်း ရင်ဆိုင်ဖြတ် သန်းနေကြသည်။
လေက အရှိန်ကျလာပြီး မိုးပေါက်လည်း ကျဲပြီ။ နေရောင်ခြည်တစ်ချို့က တိမ်တောင်စွန်း တွေက ခေါင်းပြူလာတဲ့အခါ လမ်းတွေပေါ်မှာ အသက်ရှင်လျက် နိုးကြားသူတွေ ပြန်ထွက်လာ ခဲ့တယ်။ အပိုင်းပိုင်းလဲပြိုကျနေတဲ့ သစ်ပင်တွေ ကို ခုတ်ထွင်ဖို့။ အရင်က သွယ်တန်းခဲ့တဲ့ ဓာတ် ကြိုးတန်းတွေ အခုတော့ မြေပြင်ပေါ်ရှုပ်ထွေး ပွေလီလျက်။ ဓါတ်တိုင်တွေ ကတ္တရာလမ်းပေါ် လဲပြိုကျနေတယ်။ ပြန်လည်ထူမတ်ဖို့၊ အမိုးတွေ လန်တဲ့အိမ်တွေ လဲပြိုသွားခဲ့တဲ့ တဲအိမ်တွေ၊ ရေနစ်နေခဲ့တဲ့ လမ်းတွေ၊ မြို့တွေ၊ မျှော်လင့်ခြင်း ကတော့ ပြန်လည်ပျိုမြစ်လာခဲ့တယ်။ ဆုံးရှုံးသ မျှပြန်လည်ထူထောင်ဖို့က လူသားမှာသဘာဝ တာဝန်ရှိတယ်။ ကြောက်ရွံ့ခြင်းလည်း ကင်းခဲ့ ပြီ။ ငိုေ<ကးခြင်းနဲ့လည်း အခက်အခဲတွေကို ကျော်လွှားနိုင်စွမ်းမရှိတော့။ ကိုယ့်ခွန်အားကိုပဲ စိတ်ချလက်ချ ယုံကြည်လိုက်ကြသည်။ မြို့ကြီးက ခဏ ချင်းတွင်းလင်းချင်းလာခဲ့ပြီ။ ပုံမှန်ဘ၀ကို ပြန်ရဖို့ မုန်တိုင်းဒဏ်ကိုကုစားဖို့ အားကြိုးမာန် တက် စွမ်းအင်တွေနဲ့ လူသားသိက္ခာကိုတော့ ဘယ်လိုမုန်တိုင်းမျိုးကမှ နင်းချေမသွားနိုင်ပါ။ မုန်တိုင်းလွန်ကာလမှာ နာကျင်ခြင်းကတော့ ဒဏ်ရာအဖြစ် ကျန်ရစ်ခဲ့ဆဲပါ။ ဆုံးရှုံးသွားရတဲ့ အးသက်တွေအတွက် ၀မ်းနည်းဆုတောင်းစကား တွေ ရေရွတ်ကြ၊ ရှင်သန်နေကြသူတွေက ဆက် လက်ရှင်သန်ရေးကလည်း အရေးတကြီး အစား အစာ၊ ရေ၊ လောင်စာကပ်ဘေးအမျိုးမျိုးက လုပ်ကြံဖို့ ချောင်းမြောင်းနေဆဲ။ ဒုက္ခတရားကို ရင်ဆိုင်တိုက်ခိုက်နေရတဲ့ လူသားအချင်းချင်း စာနာမှုတွေ လက်ဆင့်ကမ်းနိုင်မှသာ မြဲမြံစွာ ဆုပ်ကိုင်ထားတဲ့ အတူရှင်သန်နေထိုင်ခြင်း လက် တွေက အခက်အခဲတွေကို တားဆီးဖို့အားမာန် သာ။ မုန်တိုင်းမတိုင်ခင်ဘ၀နဲ့ မုန်တိုင်းလွန်ဘ၀ ကတော့ အပုံကြီးခြားနားနေမည်က အမှန်ပါ။ တစ်ကိုယ်စီဘ၀တွေမှာတောင် တစ်ဖက်ကမ်း ဆီ ခြားနားသလို အရာအားလုံးက ဗြောင်းဆန် အောင် ပြောင်းလဲနေမှာပါ။ လူအများစုကြီ၏ ဘ၀မှာဆိုတော့ အပြောင်းအလဲတွေက အတော မသတ်နိုင်တော့ပေ။ မှုန်ဝါးခြားနားတဲ့ ကြမ္မာ တွေ အစီစဉ်တကျဖြစ်ဖို့ တတ်စွမ်းသမျှတော့ အားထုတ်ကြရမှာပါ။ ရုပ်ဝတ္တုတွေကို ပြန်တည် ဆောင်ရသလို စိတ်ဝိညာဉ်ကိုလည်း ပြန်ထူမတ် ရပါတယ်။ ဒဏ်ရာတွေရင့်ကျက်မှုအဖြစ် အ သွင်ပြောင်းတတ်ရပါမယ်။ ဒါမှသာ သွေးပျက် ခြောက်ခြားခြင်းက ကုစားနိုင်မှာပါ။ ဒုက္ခသည် အချင်းချင်း နိုင်ထက်စီးနင်းခြင်းတွေလည်း ကင်း လွန်နိုင်မှသာ သာယာဝပြောတဲ့ လူ့ဘောင်သစ် တစ်ခုကို ပြန်တည်ဆောက်နိုင်မှာပါ။ မြို့ကြီး ကတော့ မုန်တိုင်းကိုကျောခိုင်းပြီး လမ်းလျှောက် ထွက်လာခဲ့ပြန်ပါပြီ။ အနာဂတ်နေ့ရက်များဆီ သို့ သူသယ်ဆောင်လာခဲ့တဲ့ ဘ၀တွေနဲ့ သူယူ ဆောင်လာခဲ့တဲ့ အမှတ်ရခြင်းများနဲ့...။
လူသားကတော့ မုန်တိုင်းကို ကျောခိုင်းပြီး နောက်မှ နောက်ထပ်ရင်ဆိုင်ရမယ့် မုန်တိုင်း အမျိုးမျိုးအတွက် ကိုယ်စွမ်းကိုယ်အင်ကိုပဲ လက် နက်လို ပြင်ဆင်လာခဲ့ပြီ။


အောင်ပိုင်စိုး