စံလွဲ ဒီမိုကရေစီများနဲ့ ၂၁ရာစုကမ္ဘာ

Posted by အောင်ပိုင်စိုး

4 August 2010

 

ဒီမိုကရေစီ ရဲ့ ပထမဆုံးနဲ့ နောက်ဆုံး အနှစ်သာရကတော့ လူသားအားလုံး

တန်းတူညီမျှရေး ကို တရားမျှတစွာကျင့် သုံးဆောင်ရွက်နိုင်ခြင်းဖြစ်ပါတယ်။

 

ယနေ့ ခေတ်မှာတော့ ကမ္ဘာပေါ်မှာ ဒီမိုကရေစီနိုင်ငံတွေ အမျိုးမျိုးပေါ်ထွန်းလာလျှက်ရှိပါတယ်...။အဲဒါဟာ လွန်ခဲ့တဲ့ဆယ်စုနှစ်သုံးစုစာထက်စာရင် ပိုမိုသာလွန်လာတဲ့...လူ့အဖွဲ့အစည်း ဆိုင်ရာရင့်ကျက်မှုပါ . ဒါပေမယ့် ဒီမိုကရေစီဆိုတဲ့ခေါင်းစဉ်အောက်မှာ တရားမျှတမှုနဲ့ ဝေးကွာနေရတဲ့ လူ့အဖွဲ့အစည်းတွေလည်း

များပြားလျှက် ရှိနေဆဲ့ပါ...

 

ကျွန်တော်တို့ အမှောင်ခေတ်ထဲက ထွက်လာခဲ့ပါပြီ.. ဒါပေမယ့် အုံ့မှိုင်းနေတဲ့

မနက်ခင်းကို တော့ရင်ဆိုင်နေရဆဲပါ..

 

ကမ္ဘာတစ်လွှားမှာ ဒီမိုကရေစီဟာ သူ့နည်းသူ့အထွာ နဲ့ အများအပြားပေါ်ထွက်လာနေပါတယ်... အမေရိကန် ဒီမိုကရေစီ၊ ဥရောပ ဒီမိုကရေစီ၊အာရှဒီမိုကရေစီ၊ လက်တင်နဲ့ အာဖရိကမှာဖြစ်ပေါ်နေတဲ့ အာဏာရှင်နဲ့

ဒီမိုကရေစီလွန်ဆွဲပွဲများ.. အရှေ့အလယ်ပိုင်းမှ ဒီမိုကရေစီကိုဘာသာမျက်နှာစည်းပဝါစည်းပြီး ကြိုးပေးသတ်ချင်နေတဲ့ အဖြစ်အပျက်တွေနဲ့ကမ္ဘာကြီး တစ်ခုလုံးအနေနဲ့တော့ ဒီမိုကရေစီဟာ မိုးကုတ်စက်ဝိုင်းအစပ်က မှုန်ပျပျ ကြယ်စင်တစ်လုံးပဲဖြစ်နေပါသေးတယ်..

 

ဒီမိုကရေစီကို ဘယ်သူတွေလိုအပ်သလည်း။

လူတွေဟာ တရားမျှတှုကို လိုလားတယ်ဆိုပေမယ့် အဲဒါလူတိုင်းတော့ မဟုတ်ဘူး ပြီးတော့ အချိန်တိုင်းအတွက်လည်း မဟုတ်ပြန်ပါဘူး... ဘာကြောင့်လည်း ဆိုတော့ လူ့အဖွဲ့အစည်း အလိုက်ကိုက

တရားမျှတမှုတွေကို ကျင့်သုံးနိုင်စွမ်း မရှိသေးပါဘူး... အဲဒါကြောင့်ကမ္ဘာပေါ်က စစ်ပွဲတွေ ရပ်တန့်လို့ မရနိုင်သေးတာပေါ့ ...။နိုင်ငံရေးစီးပွားရေး ပါ၀ါရှိသူတွေက တန်းတူညီမျှရေးကို မစဉ်းစားသလို..

လူချင်းအတူတူဆိုတဲ့ အခြေခံဝါဒကို တစ်သီး ပုဂလ္လကော အဖွဲ့အစည်းအလိုက်ပါငြင်းဆန်လျှက် ရှိနေတုန်းပါပဲ.. ဒီမိုကရေစီဆိုတဲ့ အခြေခံယူနစ်တွေချို့တဲ့နေတဲ့ လူအဖွဲ့အစည်းတွေ ဒီမိုကရေစီဆိုတဲ့ စကားလုံးဟာ

အခွံ့ချည်းသက်သက် စကားလုံးတစ်ခုပဲ ဖြစ်နေမှာပါ... အမတ်လောင်းတွေမဲရဖို့အတွက် အားကောင်းမောင်းသန် ငြင်းခုံဖို့ အဆင်ပြေမယ့်စကားလုံးသက်သက်ပါပဲ.. အဘက်ဘက်က အားနည်းချို့တဲ့ သူတွေ လူတစ်ယောက်၊

နိုင်ငံတစ်နိုင်ငံ အဖွဲ့အစည်းတစ်ခု က သူရဲ့ တန်းတူညီမျှမှုရပိုင်ခွင့်တွေ တရားမမျှတစွာ ပြုမှုဆက်ဆံခံနေရသူတွေက ဒီမိုကရေစီကိုအလိုအပ်ဆုံးဖြစ်ပါလိမ့်မယ်... အဲဒီလူသားတွေဟာ ကမ္ဘာအနှံ့အပြားများအများအပြားရှိနေဆဲပါ.. အဖြစ်အပျက်မျိုးစုံနဲ့ ပြဠာန်းချက် အမျိုးမျိုးက

မတရားမှုတွေနဲ့ အသာစီးရသူတွေကို အကာအကွယ်ပေးနေတုန်းပါပဲ...

 

ရွေးကောက်ပွဲတွေက တရားမျှတမှုကိုမွေးထုတ်ပေးသလား

 

ရွေးကောက်ပွဲတွေ မရှိတာ ထက်စာရင် ရွေးကောက်ပွဲတွေရှိတာဟာ ကောင်းပါတယ်...။ဒီတစ်ချက်တည်းနဲ့တော့ ရွေးကောက်ပွဲဟာ တရားမျှတမှုတွေကိုရွေးထုတ်ပေးမှာမဟုတ်ပါဘူး... အခြေခံဥပဒေ တွေကိုယ်၌က ရိုးဖြောင့်မှု

မရှိဘူးဆိုရင် အဲဒီဥပဒေကြောင့် ပေါ်ပေါက်လာတဲ့ ရွေးကောက်ပွဲတွေဟာမှန်ကန်မျှတတဲ့ရလဒ်တွေနဲ့တော့ ဝေးကွာနေမှာပါပဲ.. ပြီးတော့ကမ္ဘာပေါ်မှာရှိတဲ့ ရွေးကောက်ပွဲ အများစုဟာ ရွေးကောက်ပွဲ ဦးဆောင်

ကျင်းပသူတွေ လိုချင်တဲ့ ရလာဒ်အဖြေမျိုးဖြစ်အောင် ပြည်သူအများစုရဲ့သဘောထားကို အတင်းအကျပ်တောင်းယူတာမျိုးပဲ ဖြစ်နေပါသေးတယ် အဲဒီတော့ကျွန်တော်တို့ဟာ ရွေးကောက်ပွဲတိုင်းကို စင်လုံးချော တရားမျှတမယ်လို့တွေးခေါ်ထားရင် မိုက်မဲရာ ကျပါလိမ့်မယ်ကျွန်တော်တို့ လုပ်နိုင်တာ တစ်ခုတော့ ရှိပါတယ် ပြည်သူတွေရဲ့ ဆန္ဒအမှန်ကိုအနုနည်း အကြမ်းနည်းနဲ့ ခြိမ်းခြောက်မြူစွယ်ခံရခြင်းမှ ပြည်သူတွေ

ကိုယ်တိုင် သူတို့ သဘော ဆန္ဒအမှန်ကို ကာကွယ်နိုင်ဖို့ အသိအမြင်ကျယ်ပြန့်စွာ ပေးနိုင်ဖို့ လိုအပ်ပါတယ်... လူမှုအဖွဲ့အစည်း တည်ငြိမ်စွာဖွံ့ဖြိုးတိုးတက်အောင် ရေရှည် အကျိုးစီးပွား အတွက် မျှော်မှန်းတတ်လာအောင်

ပညာပေးလှုံ့ဆော်မှု အပိုင်းတွေကို ထိထိရောက်ရောက် ဆောင်ရွက်ဖို့လိုပါတယ်... အာဏာရှင် နိုင်ငံတော်တော် များများမှာတော့အသိဉာဏ်ပညာဆိုင်ရာ ရရှိပိုင်ခွင့် ဟာ အနည်းဆုံးဖြစ်နေတတ်ပါတယ် ...

ပညာရေး အတွက် အခြေခံ အဆောက်အဦး တွေ ချို့တဲ့တာကနေ သင်ရိုညွှန်းတမ်းဘက်လိုက်မှုများနဲ့ မျက်မှန်စိမ်းတပ် ၀ါဒဖြန့် မှုမျိုးတွေကအစ အသုံးချတတ်ကြပါတယ်... အဲဒါကြောင့် အခြေခံလူထုဟာ အသိဉာဏ်ဆိုင်ရာဖွံ့ဖြိုးမှု နောက်ကျနေတတ်ပါတယ်... အဲဒီတော့ ရွေးကောက်ပွဲ ဟာ အာဏာပိုင်တွေ

စိတ်ကြိုက် ဖြစ်လာခဲ့ရတာပါပဲ...နောက်ထပ် နည်းလမ်း တစ်ခုက လူလတ်တန်းစားအသံကို ပိတ်ဆို့ ခြင်းပါ... အရင်းအမြစ် ကြွယ်ဝတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံငယ်တွေဟာ ချမ်းသာကြွယ်ဝရမယ့် အစား မှားယွင်းတဲ့ စီမံခန့်ခွဲမှု

တွေကြောင့် ဒါမှမဟုတ် လက်နှက်ကိုင် အဖွဲ့အစည်းတွေရဲ့ သယံဇာတအရင်းအမြစ်တွေအပေါ် လက်ဝါးကြီးအုပ်လုယက်နေမှုတို့ကြောင့် ဆင်းရဲမွဲတေမှုပြဿနာတွေကို နက်နက်ရှိုင်းရှိုင်း ရင်ဆိုင် နေရလေ့ရှိပါတယ်... စနစ်တကျအခွန်စည်းကျပ်မှုမရှိတဲ့အတွက် ဝန်ထမ်းအဖွဲ့အစည်းတွေမှာ နည်းပါးတဲ့

ဘက်ဂျက်ကို မျှဝေသုံးစွဲနေရပြီး..လူမှုအဝန်းအဝိုင်းဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ခြင်း

မရှိပါဘူး... လူလတ်တန်းစားအနေနဲ့ ပုဂ္ဂလိက လုပ်ငန်းရှင် အနည်းငယ်နဲ့အစိုးရ အရာရှိ အနည်းငယ်သာရှိပြီး.. သူတို့အနေနဲ့အသက်မွေးဝမ်းကျောင်းဆိုင်ရာ ခြိမ်းခြောက်ခံရမှုနဲ့အမြဲတစေထိတွေ့နေရပါတယ်..ရွေးကောက်ပွဲ ကာလရောက်မှ အာဏာပိုင်တွေဟာလူထုကိုချော့မြူဖို့ ကြွယ်ဝတဲ့ အရင်းအမြစ်တွေကို ထုတ်ယူသုံးစွဲလေ့

ရှိပါတယ်.. အဲဒါကြောင့် ရွေးကောက်ပွဲ တချို့ဟာ ပြည်သူ့ရင်ထဲက ကသဘောထားကို မတရားနည်းနဲ့ ပြောင်းလဲစေခိုင်းတာပဲ ဖြစ်နေပါတော့တယ်...။အဲဒါဆို တရားမျှတတဲ့ ရွေးကောက်ပွဲတွေပေါ်ဖို့ ကျွန်တော်

ကြိုတင်မရှာဖွေသင့်ဘူးလား...

 

အရောင်စုံအာရှ

 

၁၉၄၅ နောက်ပိုင်းမှာ အာရှနိုင်ငံတွေဟာကိုလိုနီလက်အောက်က လွတ်မြောက်လာကြပါတယ်.. ကိုလိုနီခေတ်မတိုင်မီသက်ဦးဆံပိုင် ဘုရင်တွေနဲ့ နေထိုင်လာခဲ့ကြတဲ့ နိုင်ငံအများစုဟာလွတ်လပ်ရေးထိန်သိမ်းနိုင်ဖို့ တည်ငြိမ်တဲ့ နိုင်ငံရေးစနစ်အတွက် အဆင်သင့်မဖြစ်သေး တာကိုတွေ့ရပါတယ်... အဲဒီအတွက် ပြည်တွင်းစစ်ပွဲတွေအာရှမှာပေါ်ပေါက်လာပါတယ် ကမ္ဘာအင်အားကြီး အုပ်စုနှစ်ခုက အာရှနိုင်ငံများ၏ပြည်တွင်းစစ်များပေါ်တွင် ဝင်ရောက်ခြယ်လှယ်ကြပါတယ်..

အဲဒီအချိန်တုန်းက အာရှနိုင်ငံတွေဟာ ဒီမိုကရေစီရေးထက် ပုဂ္ဂိုလ်ရေးဦးဆောင်မှုနောက်ကို ပြည်သူအများစုက ကွဲပြားစွာထောက်ခံကြပါတယ်...။အဲဒီအရေးအခင်းတွေဟာ ၁၉၈၉ ဘာလင်တံတိုင်းပြိုကျပြီး လင်းပွင့်မှု ကာလရောက်မှနှင်းခဲအရည်ပျော်သလို တစ်စတစ်စချုပ်ငြိမ်းပျောက်ကွယ်လာကြပါတယ်..။ဒါပေမယ့် ယခင် ကွန်မြူနစ်ဟောင်းကြီးတွေက အစ စစ်အာဏာရှင်တွေ အဆုံး ဒီမိုကရေစီကို ကိုယ်ပိုင်အဓိပါယ်တွေနဲ့ ကိုင်ဆောင် သုံးဆွဲလာကြပါတယ်..။တရုတ်ကွန်မြူနစ်ပါတီကအစ city state နိုင်ငံတစ်ခုဖြစ်တဲ့ စကာင်္ပူအဆုံး အတိုက်အခံတွေ အင်အားစုတွေရဲ့အသံမပါပဲ... စီးပွားရေးနိုင်ငံရေး တချို့အစိတ်အပိုင်းတွေမှာ

ဒီမိုကရေစီဆန်လာကြပါတယ်.. စစ်အာဏာသိမး်မှုများနဲ့ သပိတ်တိုက်ပွဲတွေကြားမှာလွန်ဆွဲနေတဲ့ ထိုင်းနိုင်ငံဒီမိုကရေစီ...ဂျပန်နိုင်ငံရေးအရှုပ်တော်ပုံကြားမှာ ခေါင်းမဖော်နိုင်သေးတဲ့ဒီမိုကရေစီစံနှုန်းများ မြောက်ကိုရီးယားနဲ့ ဘာသာရေးအစွန်းရောက်အရှေ့အလယ်ပိုင်းနိုင်ငံများ.. အကြမ်းဖက်ခံနေရတဲ့ ပါကစတန်ဒီမိုကရေစီ...အရောင်စုံအာရှ မှာ ဒီမိုကရေစီထိုးဇာတ်တွေကလည်း အများအပြားပါ..

လူတစ်ဦးချင်းစီရဲ့ ပညာရေချိန်မြင့်တက်မှုမရှိမခြင်း ကျွန်တော်တို့ဒီမိုကရေစီအခွင့်အရေးဟာ နညး်အမျိုးမျိုးနဲ့ နှောင့်ယှက်ဖျက်ဆီးခံရေဦးမှာပါပဲ... လက်နှက်ကိုင်တစ်စု၊ လူတစ်ယောက် ၊လူတန်းစားတရပ်က ပြည်သူ့အခွင့်အာဏာကို အလွဲသုံးစားလုပ်ဖို့ချုပ်ကိုင်ခြယ်လှယ်နေတာကို ခွင့်ပြုနေသမျှ ကာလပါတ်လုံး ကျွန်တော်တို့တင်းပြည့်ကျပ်ပြည့် ဒီမိုကရေစီကိုရဖို့ဝေးကွာနေဦးမှာပါ.. ဒီမိုကရေစီဟာ ကိုယ်တိုင်ကျင့်သုံးရတဲ့အရာဖြစ်လို့ လူတိုင်း ဒီမိုကရေစီကိုကျင့်သုံးဖို့လိုပါတယ်... အရေးကြီးတဲ့အချက်က ကြောက်တတ်ရင်ဒီမိုကရေစီမရပါဘူး.. ပညာမဲ့ရင် အကြောက်တရားကြီးတတ်ပါတယ်။ အဲဒီတော့

ကိုယ့်ရပိုင်ခွင့်နဲ့ ကိုယ့်တာဝန်ဟာ ဘာမှန်းမသိတော့ဘူး.. အဲဒီတော့ဒီမိုကရေစီဖွံ့ဖြိုးဖို့ အများပြည်သူတွေရဲ့ ပညာအဆင့်အတန်းကိုမြင့်မားလာအောင် ဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်...

 

တရားဥပဒေ မစိုးမိုးပဲ လူများအုပ်ချုပ်သောနိုင်ငံ

 

လူဟာ တစ်ဦးချင်းထက်

လူအုပ်စုကြီးက ပိုမိုက်မဲတတ်တယ်။

 

အဲဒီအဆိုအမိန့်တစ်ခုကို စာအုပ်တစ်အုပ်ထဲမှာ ဖတ်ဖူးတယ်..။ဒီမိုကရေစီဆိုတာ လူ့အဖွဲ့အစည်းတစ်ခုလုံးထဲကမှ အများရဲ့ ဆနအတိုင်းသဘောတူဆုံးဖြတ်ရတာဖြစ်ပြီး.. အဲဒီထဲက ကွဲပြားဆန့်ကျင်တဲ့အဆိုပြုချက်တွေကို လက်သင့်ခံထည့်သွင်းစဉ်းစားရတာပါ.. ဒီမိုကရေစီအဖွံ့ဖြိုးဆုံး လူ့အဖွဲ့အစည်းတွေထဲမှာ တောင် ရာခိုင်နှုန်းကိုးဆယ်ညီညွတ်တဲ့ ဆုံးဖြတ်ချက်တွေဟာ ဖြစ်တောင့်ဖြစ်ခဲပါ.. အဲဒီတော့ဒီမိုကရေစီစံတိုင်းတာချက်မှာ သီအိုရီတစ်ခေါ်ပေါ်လာပါတယ်... အများညီ ဤကိုကျွဲဖတ်တယ် ဆိုရင်တော့ အဲဒီလူ့အဖွဲ့အစည်းအနေနဲ့ တနည်းနည်းနဲ့ပြန်ပေးဆွဲ ခြိမ်းခြောက်ခံနေရပြီလို့ ကောက်ချက်ဆွဲကြည့်လို့ရပါပြီ...မိုးခါးရေကို အတူဝိုင်းသောက်ကြတာလား မိုးခါးရေကို အတင်းတိုက် ခံနေရတာလားဆိုတာ စဉ်းစားစရာပါ.. အလိုတူအလိုပါပဲဖြစ်ဖြစ် မလိုမတူပါပဲဖြစ်ဖြစ်

လူ့အဖွဲ့အစည်း တရပ်လုံး အဆုံးအစွန်ဆုံး ချောက်ကမ်းပါးကိုဦးတည်သွားနေတာပါ.. ကျွန်တော်တို့ ခုန်ပျံကျော်လွှားရေး သီအိုရီနဲ့မဟာအောင်မြင်မှုကြီးကနေ ချောက်ထဲထိုးကျသွားတဲ့ ဆိုဗီယက်

ပြည်ထောင်စုကြီးကို သတိရကြဦးမယ် ထင်ပါတယ်.. ဆိုဗီယက် ပြည်ထောင်စုကိုဇာဘုရင်တွေထက ်အာဏာစက်ပိုပြင်းတဲ့ ကွန်မြူနစ်ခေါင်းဆောင်တွေအုပ်ချုပ်ခဲ့တာသာ ဖြစ်ပြီး ကွန်မြူနစ်ဝါဒကော တရားမျှတတဲ့ ဥပဒေတွေနဲ့ပြည်ထောင်စုကိုစည်းနှောင်ထားခဲ့နိုင်ခြင်းမရှိခဲ့ပါဘူး.. ကျော်စွာတစ်ရာ

စာအုပ်ရေးသားသူက အခုလိုရှင်းပြထားပါတယ်..ဂျော့ဝါရှင်တန်ကို ဂျူးလိယက်ဆီဇာ၊ နပိုလီယန်၊ မဟာ အလက်ဇန်းဒါးတိုထက်ရှေ့မှာထားရတာ.. အတော်ဆုံးစစ်ဗိုလ်ချုပ်ဖြစ်တာကြောင့်မဟုတ်ပါဘူး..

ခေါင်းဆောင်မှုစွမ်းရည်နဲ့ စစ်ရေးမှာ ဂျော့ဝါရှင်တန်ဟာ အထက်ပါသုံးယောက်ထက် အားနည်းနိုင်ပါတယ်.. ဒါပေမယ့် သူတည်ထောင်ခဲ့တဲ့ အင်ပိုင်ယာကတော့ တခြားစစ်ဗိုလ်ချုပ်တွေ တည်ထောင်တဲ့ အင်ပိုင်ယာထက်

ပိုမိုသက်တမ်းရှည်ကြာခဲ့လို့ပါတဲ့...

 

ဂျော့ဝါရှင်တန်ဟာ အမေရိကန်တော်လှန်ရေးအများဆုံးရင်းနှီးမြုပ်နှံသူတစ်ယောက်ဖြစ်ခဲ့ပေမယ့်...

အမေရိကန်ဖွဲစည်းပုံအခြေခံဥပဒေအပေါ်မှာတော့ တခြားအမေရိကန်တစ်ဦးတစ်ယောက်ထက်မှ အခွင့်အရေး ပိုမယူခဲ့သူဖြစ်ပါတယ်..။အဲဒါဆိုရင် ကျွန်တော်တို့ တရားဥပဒေမကြီးစိုးပဲ လူအများ အုပ်ချုပ်တဲ့

နိုင်ငံအတွက် ဒီမိုကရေစီ လှေကားထစ်တွေဟာ မက်စောက်မြင့်မားနေဦးမှာ အသေအချာပဲ ဖြစ်ပါတယ်...

 

အောင်ပိုင်စိုး

0 comments: