ဒီကနေ့ ဒီဂျစ်တယ် ဘ၀ထဲက လူအဖွဲ့အစည်းကို မြန်နှုန်းမြင့် သယ်ဆောင်ပေးခဲ့တဲ့ တစ်ကိုယ်ရည်သုံး ( Desktop PC ) တွေဟာ ကျေးဇူးရှိခဲ့တာ အမှန်ပါပဲ..။ ဒါဟာ နှစ်ပေါင်းသုံးဆယ် ကျော်ကျော် နည်းပညာ ဇာတ်ခုံပေါ်မှာ ( Desktop PC ) တွေရဲ့ သရုပ်ဆောင်မှုတွေပါပဲ .. ( Desktop PC )တွေကိုယ်တိုင် အမြဲတမ်းဆန်းသစ်နေသလို အပြောင်းအလဲတွေနဲ့ လိုက်လျှောညီထွေ ပြုပြင်ခဲ့ပြီး သူတို့ရဲ့ မော်နီတာ ဖန်သားပြင်တွေ ရှေ့မှာ နေ့စဉ်နေ့တိုင်း လူသန်းပေါင်းများစွာကို နာရီပေါင်းများစွာ ဆွဲဆောင်ထားနိုင်ခဲ့ပါတယ်

( Desktop PC ) က အကျိုးအမြတ် အများကြီးပေးပြီး အပြောင်းအလဲ တွေကို အများကြီး ဖန်တီး ပေးခဲ့ပြီးပါပြီ…။ ဒါပေမယ့် ဒီကနေ့မှာတော့ ( Desktop PC )တွေရှေ့ကနေ လူတွေကို ထပြီးလမ်းလျှောက်ထွက်ဖို့ အချက်ပေးသံတွေဟာ သံပြိုင်ထွက်ပေါ်လာနေပါပြီ…။


အဲဒီလိုဖြစ်နိုင်ဖို့ အဓိက ပံ့ပိုးတွန်းအားပေးနေတာက အင်တာနက်ချိတ်ဆက်နိုင်တဲ့ ကြိုးမဲ့ကွန်ရက် စနစ်တွေ ပိုမို များပြားလာတာပါပဲ…။ လက်ကိုင်ဖုန်း တတိယမျိုးဆက်၊ Note Book၊ Net Bookတွေ ၊ Iphone နဲ့ Ipod ၊ PSP စတဲ့ ကြိုးမဲ့ကွန်ယက် ချိတ်ဆက်နိုင်တဲ့ ဒီဂျစ်တယ် အသုံးအဆောင်ပစ္စည်းတွေဟာ Facebook ၊ twitter လိုမျိုး Micro bloging ပလက်ဖောင်းတွေ အားကောင်းမောင်းသန် ပေါင်းစပ်လာပြီး ( Desktop PC ) ရှေ့က လူငယ်တွေ အနေနဲ့ လက်ဖက်ရည်ဆိုင်၊ ကော်ဖီဆိုင်၊ ပန်းခြံတွေ၊ တက္ကသိုလ် စာသင်ခန်းတွေကနေ အွန်လိုင်းပေါ်တက်ရောက်နိုင်ပြီ ဖြစ်ပါတယ်…။ ဒါဟာ လူသန်းပေါင်းမျာစွာ ပါဝင်စွဲလန်းနေရတဲ့ virtual world အွန်လိုင်း ကမ္ဘာထဲက တော်လှန်ပြောင်းလဲမှု တစ်ရပ်ပါပဲ… အရင်တုန်းကလို ခြေထောက်တွေ သွေးကျအောင် ဒါမှမဟုတ် ခါးတွေ ဇက်ကြောတွေ တောင့်တင်းခိုင်မာအောင် ( Desktop PC ) ရှေ့မှာ ငုတ်တုတ်ထိုင်နေစရာ မလိုတော့ပါဘူး…။ ဒါဟာ လူမှုဘ၀အတွက် အပြုအမူသစ်တွေ ဖြစ်ထွန်းပေါ်ပေါက်မယ့် ရှေ့ပြေးနိမိတ်တွေလည်း ဖြစ်ပါတယ်..။ အစည်းအဝေးခန်းထဲမှာ search engine အသုံးပြုလို့ ရနိုင်မှာ ဖြစ်သလို အပြေးလေ့ကျင်ရင်းနဲ့လည်း Twitter မှာ

တွစ် လုပ်လို့ရနိုင်ပါတယ် ဂေါက်ရိုက်ရင်း facebook မှာရှယ်ယာလုပ်နိုင်သလို ဘတ်စ်ကား

စီးရင်းလည်း chatting ၀င်နေလို့ရပါတယ် အဲဒီလို တစ်ကယ်ဖြစ်လာရင် အိပ်ခန်းထဲက ပီစီကို

ဘယ်နေရာ ရွေ့ထားရမလည်း ဆိုတာ ကျွန်တော်တို့အားလုံး ခေါင်းစားရမယ့် ပြဿနာ ဖြစ်လာနေပါပြီ…။


သေးငယ်ပြီး အစွမ်းထက်လွန်းတဲ့ နည်းပညာဟာ ကျွန်တော်တို့ ရဲ့ လူနေမှုဘ၀တွေကို အမြဲတစေ ပြောင်းလဲပစ်ဖို့ ကြိုးစားနေပါတယ်…။ သူတို့က နည်းပညာအချင်းချင်းလည်း အိုမင်းမစွမ်းဖြစ်အောင် လုပ်တတ်ပါတယ် ။ နောက်ဆုံးတော့ စွမ်းရည်ထက်မြက်ပြီး ပြင်လွယ်ပြောင်းလွယ်နိုင်တဲ့ နည်းပညာတွေက အသာစီး ရတတ်ကြပါတယ် .. အခုလည်း နှစ်ပေါင်း သုံးဆယ်ကျော်… နည်းပညာအခန်းကဏ္ဍမှာ သက်တမ်းရှည်ခဲ့တဲ့ Desktop PC တွေရဲ့ နိဂုံးကို လွယ်လွယ်ကူကူ အဆုံးသတ်ပေးဖို့တော့ မဖြစ်နိုင်သေးပါဘူး…။ စီးပွားရေး လုပ်ငန်းတွေနဲ့ အစိုးရရုံးတွေထဲမှာတော့ Desktop PC တွေဟာ သပ်သပ်ရပ်ရပ် ခန့်ခန့်ထည်ထည် ရှိနေနိုင်ဦးမှာပါပဲ… ဒါပေမယ့် Desktop PC တွေက သူတို့ရဲ့ အနာဂါတ် ကိုတော့ အကြီးအကျယ် မျှော်လင့်ထားလို့ မရပါဘူး Search Engine ထည့်သွင်းထားတဲ့ မိုဘိုင်းဖုန်းတွေ … သေးငယ်ပေါ့ပါးပြီး အစွမ်းထက်လွန်းတဲ့ Netbook တွေရဲ့ အခန်းကဏ္ဍက လည်း ပိုမိုကျယ်ပြန့်လာတယ်.. အနာဂါတ်မှာ အွန်လိုင်းချိတ်ဆက်နိုင်တဲ့ E Reader တွေရဲ့ စွမ်းပကားနဲ့ ပိုမိုကျယ်ပြန့်လာတဲ့ ကြိုးမဲ့ကွန်ယက်စနစ်တွေ လူဦးရေထူထပ်မှုနှုန်း.. လူဦးရေးထူထပ်မှုနှုန်းကို အင်တာနက် ကွန်ယက် Bandwith အကျယ်နဲ့ တွက်ချက်ရမယ့် အချိုးညွှန်ကိန်းတွေ ပေါ်ထွက် လာပါလိမ့်မယ်… အဲဒီအချိန်မှာ အိမ်ခန်းတိုင်းမှာ Desktop PC တစ်လုံးရောင်းချမယ် ဆိုတဲ့ စိတ်ကူမျိုး ရှိခဲ့ရင် စွန်လွှတ်လိုက်ဖို့ အချိန်ကောင်းပါပဲ..။ အိုင်စီတီခေတ် မှာတော့ ကြိုးမဲ့ကွန်ယက်နဲ့ ရွှေ့ပြောင်းလွယ်တဲ့ ဒီဂျစ်တယ်လူသုံးကုန်တွေဟာ လူကြိုက်များမှု အများဆုံးဖြစ်နေပါတယ်… web 2.0 ပလက်ဖောင်းတွေ ဖြစ်တဲ့ social network တွေ micro bloging တွေကလည်း ကြိုးမဲ့ကွန်ယက်နဲ့ ဒီဂျစ်တယ် လက်ကိုင် လူသုံးကုန်တွေနဲ့ ပေါင်းစပ်ဖို့ အပြင်းအထန်ကြိုးစားနေပါတယ်…။


ဒီအတိုင်းဆို တတိယ ထောင်စုနှစ်ရဲ့ ဒုတိယဆယ်စုနှစ်မှာ ကျွန်တော်တို့အားလုံး လူမှုဘ၀အသစ်တွေ အတွက် အပြုအမှုပုံစံသစ်တွေကို ပြင်ဆင်ရလိမ့်မယ် … ဒါမှမဟုတ် လက်ခံရရှိနိုင်ရပါတော့မယ်.. ကားမောင်းရင် တွစ်တာ မသုံးရ၊ အများသုံးဘတ်စ်ကားပေါ်မှာ အသံနဲ့ မချက်ပါနဲ့… (စပယ်ယာ အော်ခံထိလိမ့်မယ်) လမ်းလျှောက်ရင်း မာဖီးယားမဆော့ပါနဲ့

မီပွိုင့် ကွန်ယက်စနစ်တွေကို နှောင့်ယှက်ခြင်းမပြုပါနဲ့ ပြင်းထန်စွာ အရေးယူခြင်းခံရမည်…။

ကျွန်တော်တို့ Desktop PC ရှေ့က လမ်းလျှောက်ထွက်လာမယ့် ဆယ်စုသစ်မှာတော့ အတွေ့အကြုံဆန်းတွေ မုချကြုံရပေလိမ့်မည်…။


အောင်ပိုင်စိုး


0 comments: