၂၁ရာစု မျက်နှာစာမှာတော့ တတိယကမ္ဘာဟာ စက်မှုအမှိုက်ပုံဘ၀ကို ကျရောက်မှု ပိုများလာမယ်လို့ သဘာဝပါတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေက စိုးရိမ်တကြီး ဖြစ်နေကြပါတယ်။ ပညာအခြေစိုက် စီးပွားရေးခေတ်ကို ရောက်ရှိသွားကြပြီဖြစ်တဲ့ ဖွံ့ဖြိုးပြီးနိုင်ငံ

တွေဟာ သူတိုဆီက စွန့်ပစ်ရမယ့် စက်ရုံ၊ အလုပ်ရုံတွေအတွက် မြေနေရာကို ဖွံ့ဖြိုးဆဲကမ္ဘာမှာ

သူတို့ စက်မှုအမှိုက်တွေ စွန့်ပစ်ဖို့ အသည်းအသန်လိုက်ရှာနေကြပါတယ်။ ပင်လယ်အစင်းစင်း

ကိုဖြတ်လာတဲ့ တစ်ပါတ်ရစ် စက်ရုံအဟောင်းကြီးဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် ရတနာသိုက်ဆိုပေမယ့် ဖွံ့ဖြိုးပြီးနိုင်ငံတွေအတွက်တော့ စွန့်ပစ် ပစ္စည်းပါ။ တစ်မုဟုတ်ချင်း ပေါ်လာတဲ့ စက်ရုံကြီးကို အလုပ်လက်မဲ့ဒေသခံတွေက ၀မ်းသာအားရကြိုဆိုကြပါတယ်။ ဒါပေမယ့် မျိုးဆက်ပေါင်းများစွာ နာကျင်ခံစားရမယ့် ပတ်ဝန်းကျင် ပျက်စီးမှုကိုတော့ သတိမမူမိကြပါဘူး။ FDI ဟာ ဆင်းရဲမွဲတေမှုအတွက် အသက်ကယ်ဆေးဆိုပေမယ့် ဘေးထွက်ဆိုးကျိုးတွေလည်း အတောမသတ်ပါလာတတ်ပါတယ်။ ဆင်းရဲမွဲတေမှုကို ဖောက်ထွက်ဖို့ အတွက်ကတော့ လုပ်သာအင်အားတွေ ဈေးပေါပေါရရုံနဲ့ အလုပ်မဖြစ်နိုင်ပါဘူး

ဥာဏအင်အားတွေ အလုံအလောက်မွေးထုတ်နိုင်မှ ဖြစ်နိုင်မှာပါယ်…။

ကမ္ဘာပေါ်က ချမ်းသာကြွယ်ဝတဲ့ နိုင်ငံတွေဟာ ပိုပြီးဆိတ်ငြိမ်လာတယ်။ သူတို့က လူဦးရေနည်းနည်း၊ မြေနေရာကျယ်ကျယ်ဝန်းဝန်းနဲ့ ပါတ်ဝန်းကျင်ကပိုပြီး သန့်ရှင်းသပ်ရပ်လာ

ပါတယ်။ သူတို့ အရပ်ဒေသတွေမှာ မီခိုးထွက်တာဆိုလို့ မော်တော်ယာဉ်တွေကလွဲရင် တခြားထုတ်လုပ်မှု တော်တော်များများကို မီးခိုးတိတ် ထုတ်လုပ်လာကြတာများတယ်။ ဇီဝဗေဒ

ဓါတ်ခွဲခန်းတွေ၊ ကွန်ပြူတာဆော့ဝဲလ်တွေ၊ Cyber Business၊ Information Lab၊ တွေနဲ့ အလုပ်လုပ်နေကြတာ များပါတယ်။

အခြားကမ္ဘာတစ်ဖက်ခြမ်းမှာ ကျတော့ မိုးလင်းတာနဲ့ ဆူညံသံတွေနဲ့ ထိပ်တိုက်တိုးနေရတဲ့

လူနေမှုဘ၀၊ စက်ရုံ၊ အလုပ်ရုံတွေက လေထုထဲကို ကာဗွန်ဒိုင်အောက်ဆိုဒ်တွေနဲ့ ပိန်းပိတ်အောင်မှုတ်ထုတ်နေရတဲ့ မြို့ကြီးတွေက ဖွံ့ဖြိုးပြီး နိုင်ငံက လူဦးရေထက် သုံးဆလောက်ကို မနိုင်မနင်းထိန်းသိမ်းထားနေရပါတယ်။ မြို့ကြီးက သူ့ကိုမှီခိုတဲ့နေရတဲ့

လူဦးရေအားလုံးကို မိုးလင်းတိုင်း ဘယ်လိုရှာဖွေကျွေးမွေးမလဲ၊ ခေါင်းခဲနေရပါတယ်။ ပေါ်လစီမိတ်ကာ တွေက ကျန်းမာရေး၊ ပညာရေး၊ နေရေး၊ စားရေးကိုစာရွက်ပုံကြီးတွေ ကြးထဲမှာ လက်မှိုင်ချနေရတဲ့ အဖြစ်၊ အာဏာပိုင်တွေရဲ့ ပါးစပ်က ဘာမှမတတ်နိုင်ပါလား ဆိုတဲ့ စကားတစ်ခွန်းပဲ ရေရွတ်နေရတယ်။ သူတို့ဘ၀ရဲ့ လေနီကြမ်းတွေထဲမှာ ၀မ်ရေးကလည်း ကြမ်းတမ်းသလို၊ သူတို့ ထုတ်လုပ်လိုက်တာကလည်း ကုန်ကြမ်းပစ္စည်းတွေပဲ

ဖြစ်နေတတ်ပါတယ်။

ဂလိုဘယ်လိုက်ဇေးရှင်းကြောင့် သေးကျုံ့လာရတဲ့ ကမ္ဘာဟာ ကုန်စည်ဈေးကွက်ကတော့

အလွန်အမင်း ကျယ်ပြန့်လာပါတယ်။ ကမ္ဘာတစ်ဖက်စွန်းက ထုတ်လုပ်လိုက်တဲ့ ကုန်စည်ဟာ

အခြားတစ်ဖက်မှာ နေ့ချင်းညချင်းသုံးစွဲလို့ ရနေပါပြီ။ ၀ါစေ့တွေဟာ နိုင်ငံသုံးနိုင်ငံပါတ်ပြီးမှ

ရှပ်အင်္ကျီတစ်ထည်ဖြစ်လာရသလို မိုက်ခရိုချပ်စ်တစ်ပြားဟာ ဂလိုဘယ်ကုမဏီသုံးခုရဲ့

တံဆိပ်ကပ်ထားပေမယ့် သုံးစွဲသူလက်ထဲရောက်ဖို့ ၃နာရီပဲကြာပါတယ်။ အမျိုးအမည်မသိ

ပစ္စည်းမျိုးစုံကို ဖွံ့ဖြိုးဆဲကမ္ဘာကထုတ်လုပ်လိုက်ပြီး မိမိတို့ ထုတ်လုပ်လိုက်တဲ့ ပစ္စည်းကို

ဘယ်လိုလူမျိုးတွေသုံးစွဲမလည်း ဆိုတာကို ကွဲကွဲပြားပြားမသိတဲ့ စက်ရုံလုပ်သားတွေ ကမ္ဘာပေါ်မှာ အများအပြားရှိနေပါတယ်…။

ဆင်းရဲတာကို ပြတိုက်ပို့ပစ်မယ်ဆိုတဲ့ ပါမောက္ခမိုဟာမက်ယူနွတ်ကတော့ သူ့တိုင်းပြည်မှာ

အလုပ်သမားတွေကို မွေးထုတ်ဖို့ထက် လုပ်ငန်းရှင်တွေကိုပဲ မွေးထုတ်ဖို့ စိုင်းပြင်းနေပါတယ်။

FDI ကို အလွန်အမင်းလိုအပ်နေတဲ့ ဖွံ့ဖြိုးဆဲကမ္ဘာအနေနဲ့တော့ အနာဂါတ်မှာ စက်မှုအမှိုက်ပုံ

ဖြစ်မသွားဖို့ အတွက်ကတော့ အထူးတလည်ချိန်ဆရမှာပါ…။ လှပတဲ့ မိမိတို့ ကမ်းခြေမှာ

မော်နီတာအပျက်တွေသောင်လာမတင်ဖို့ဆိုတာ…။


အောင်ပိုင်စိုး

1 comments:

မော်နီတာ အပျက်တွေ ကမ်းခြေ မှာ ပေါလောပေါ်လာတော့လဲ ကောက်ယူပြီး ရောင်းစားလိုက်ရုံပေါ့ဗျာ ဘာခက်တာလိုက်လို့ ...း)