မေး…။ အစ်ကို ဘယ်အချိန်လောက်ကတည်း စာစရေးဖြစ်တာလည်းခင်ဗျ။




ဖြေ…။ ကျွန်တော် လေးနှစ်သားလောက်တည်းက ၀ လုံးစရေးတယ် အမေက တိုက်တွန်းတာလည်း ပါတာပေါ့… အဲဒါနဲ့ စာရေးဖြစ်သွားတာ အခု ၂၄ ဆိုတော့ စာရေးသက်

နှစ်နှစ်ဆယ်လောက်ရှိပါပြီ…။




မေး…။ ဘယ်လိုစာမျိုးတွေ အရေးများလည်း ခင်ဗျာ။



ဖြေ…။ ကျွန်တော်က စာဆို အစုံရေးပါတယ်… ရည်းစားစာကနေ နာရေးကြော်ငြာအထိရေးအထိ အခွင့်အရေးရရင် အကုန်ရေးပါတယ်…။ ၀တ္ထု၊ ကဗျာ၊ ဆောင်းပါး၊ အက်ဆေး… လူကြိုက်ကြိုက်မကြိုက်ကြိုက် ဖတ်ဖတ်မဖတ်ဖတ်အကုန်ရေးတာပဲ…။




မေး…။ အစ်ကိုရဲ့ စာတွေထဲမှာ လူဖတ်အများဆုံးက ဘယ်အမျိုးအစားလည်း…။



ဖြေ…။ နာရေးကြော်ငြာပါ …။ အဲဒီစာပေမှာတော့ ကျွန်တော်တော်အောင်မြင်တယ်ပြောရမလားပဲ လူတော်တော်များများဖတ်တယ်လေ…

အရေးအသားနဲ့ ပက်သက်လို့ အပြစ်ပြောတဲ့အသံမျိုး အခုထက်ထိ ပြန်မကြားရသေးပါဘူး…

တခြားစာပေတွေမှာ ကျွန်တော်ကို ဖွတ်ဖွတ်ညက်ညက်ကြေအောင် ဝေဖန်ကြတဲ့ မနာလိုသူအချို့ ရှိပါတယ်…။




မေး…။ အစ်ကိုက စာရေးတာကို ၀ါသနာကြီးပုံရတယ် ဘယ်လိုမီဒီယမ်တွေနဲ့ စာပေ အနုပညာကို ပုံဖော်ဖြစ်တာလည်း အစ်ကို…။



ဖြေ..။ ကျွန်တော်က စာပေရေးသားခြင်းကို ကျွန်တော်ရဲ့ မွေးရာပါ တာဝန်တစ်ရပ်လို့ ယူဆပြီး

ကိုယ်လောက်မှ မတတ်သိတဲ့ သူတွေကို ပြန်လည်မျှဝေပေးတာပါ…။ မီဒီယမ်အနေနဲ့က အကုန်သုံးပါတယ် စာရွက်နဲ့ ဘောပင်နဲ့ ရေးသလို… ခဲတံ တို့ မီးသွေးတို့ အုတ်နီခဲတို့နဲ့လည်း

ရေးပါတယ် တစ်ခါတစ်လေ အာရကေ နည်းနည်းရှိရင်တော့ အင်တာနက်ဆိုင် သွားပြီး

မော်နီတာနဲ့ရေးပါတယ်… ကျွန်တော်က စာမရေးရ မနေနိုင်အောင် စွဲပါတယ် နေရာလွတ်တွေရင် စာရေးတတ်လွန်းလို့ တစ်ခါတစ်လေ တချို့လူတွေ အထင်လွဲတာတွေ

ခံရတတ်ပါတယ် ဥပမာဗျာ … အုတ်နံရံ အလွတ်ဆိုပါတော့ ဒီအတိုင်း ဗြောင်ထားမယ့် အစား

သေးမပေါက်ရ အမှိုက်မပစ်ရလို့ ကျွန်တော်က စေတနာနဲ့ ရေးပေးပါတယ် … အဲဒါကို

အာဏာပိုင်တွေ ခေါ်သတိပေးတာတွေ ခံရတတ်ပါတယ်… ဒါဟာ စာပေလွတ်လပ်ခွင့်ကို

ချိုးဖောက်တာ မျိုးပေါ့….။




မေး…။ စာမူခ တစ်နှစ်ဝင်ငွေဘယ်လောက်များရှိလည်း…။



ဖြေ…။ အဲဒီမေးခွန်းက ဖြေဖို့ခက်တယ်ဗျာ အမှန်အတိုင်းဖြေရင်လည်း အခွန်မှုးတွေ

ကျွန်တော်အိမ့်ရှေ့မှာ လာတန်းစီနေလိမ့်မယ်… ညာလှိုင်းပြီး ဖြေရင်လည်း တိုင်းပြည်နဲ့ လူမျိုးအပေါ် သစ္စာဖောက်ရာရောက်မယ်ဗျာ စာမူခ ဟောပြောပွဲ လိုက်ခ ကော်ပိုရေးရှင်းတွေ

အကြံပေးခတို့ နာမည်ကြီး တက္ကသိုလ်တွေမှာ အချိန်ပိုင်း နည်းပြလုပ်တဲ့ ၀င်ငွေကောပေါင်းလိုက်ရင် တစ်နှစ်ကိုဒေါ်လာသုံးသန်းလောက် ၀င်ငွေရှိပါတယ်… ဒါပေမယ့်

လောလောဆယ်တော့ တစ်ပြားမှ မ၀င်သေးပါဘူး… အင်တာနက်ပေါ်မှာ တင်ဖို့အတွက်

အင်တာနက်သုံးခတောင် သူငယ်ချင်းတွေဆီက လှည့်ပါတ်ချေးနေရတုန်းပါ…




မေး…။ ဟုတ်ကဲ့ အခုလို့ ဖြေကြားပေးတဲ့ လူငယ်ခြေတက်စာရေးဆရာ…. ကိုကျေးဇူးအများကြီးတင်ပါတယ်…။ ပြီးတော့ ပရိတ်သတ်တွေကိုကော ဘာများမှာချင်ပါသေးလည်းခင်ဗျာ…။



ဖြေ…။ ကျွန်တော်ကို တကူးတက ပင်တိုင်အားပေးတဲ့ ပရိတ်သတ်ကြီးကို လမ်းကြုံတိုင်း အလကားဖတ်ပေးအတွက် ကျေးဇူးအများကြီး တင်ပါတယ်လို့ ပြောပါစေ … ပြီးတော့

ပရိတ်သတ်ကြီးကို ဒီထက်ပိုကြိုးစားဖို့ လိုပါလိမ့်မယ်လို့ ကျွန်တော်က အကြံပေးတယ်လို့

ပြောပြပေးပါခင်ဗျာ…။




အောင်ပိုင်စိုး




( ရယ်ရွှင်ဖွယ် သက်သက်ရေးသားခြင်းဖြစ်ပါသည် စကာလုံးအသုံးအနှုန်း ချွတ်ချှော်တိမ်းပါးခဲ့ပါက

လမ်းညွှန် အကြံပေးရန်နှင့် နားလည်ခွင့်လွှတ်ပေးပါရန် ကြိုတင်တောင်းပန်အပ်ပါသည်…။)

4 comments:

စာပေအင်တာဗျူး... မိုက်တယ်... ဒီစာရေးဆရာက သရော်စာလဲ ရေးတတ်တယ်နော်... စာဆို အစုံရေးကြောင်း သက်သေပြတာပေါ့လေ...:)

“ကျွန်တော် လေးနှစ်သားလောက်တည်းက ၀ လုံးစရေးတယ် အမေက တိုက်တွန်းတာလည်း ပါတာပေါ့… အဲဒါနဲ့ စာရေးဖြစ်သွားတာ အခု ၂၄ ဆိုတော့ စာရေးသက်

နှစ်နှစ်ဆယ်လောက်ရှိပါပြီ…။”

ဟားဟား ဒီစာရေးဆရာ တော်တော် ရေးတတ်တာပဲ။ ဒါပေမဲ့ တို့ထက် လုပ်သက်နည်းသေးတယ်။

“လမ်းကြုံတိုင်း အလကားဖတ်ပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်လို့ ပြောပါစေ ”
ဟုတ်ကဲ့ စာရေးဆရာ “အောင်ပိုင်စိုး”ကိုလည်း “အလကားဖတ်ခွင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါကြောင်းပါ ခင်ဗျားးး

ကောင်းလိုက်တဲ့ စာပေအင်တာဗျုးပဲဗျာ..
သဘောကျမိပါတယ် ..း) ။

သဘောကျတယ် :þ