အေးစက် သွေ့ခြောက်နေတဲ့ ဒီဇင်ဘာအမှောင်ထဲမှာ ၂၀၀၈ ရဲ့ ၀မ်းနည်းစရာရက်စွဲတွေအကြောင်း စဉ်းစားဖြစ်ခဲ့ပါတယ်။ ဘနာဇီယာဘူတို လုပ်ကြံခံရမှုနဲ့ ကမ္ဘာကို စတင်ခြိမ်းခြောက်လိုက်တဲ့ ၂၀၀၈ ဟာ မွမ်ဘိုင်းမြို့ပေါ်မှာ မျက်ရမ်းမှန်းဆ မြင်မြင်သမျှကို စက်သေနတ်နဲ့ ပစ်ချလိုက်တဲ့ သွေးညှီနံ့တွေနဲ့ အဆုံးသတ်ခဲ့တယ်။ တစ်ကမ္ဘာလုံး ယူကျုံး
မရမှုနဲ့ ဒေါသတွေကို ခက်ထန်ကျလာစေတယ်။
သမ္မတဘုရှ်ကို ပစ်ပေါက်လိုက်တဲ့ ဖိနပ်တစ်ရံဟာ ဒေါ်လာ ၁၀ သန်းတဲ့။ တစ်ယူသန် အစွန်းရောက်တွေဟာ ဘယ်လမ်းကို ရွေးနေတာလဲ။ ပါကစ္စတန်၊ အိန္ဒိယ၊ ဇင်ဘာဘွေ အငြိုးရယ်မပြေနိုင်တဲ့ ဦးရာလူဆော်စတမ်း ပွဲကြမ်းနေတဲ့အချိန်။ ဥရောပကလည်း ရုရှားနဲ့ ဂျော်ဂျီယာကို ချွေးသိပ်ခဲ့ရတယ်။ စွမ်းအင်ဈေး အတက်ကြမ်းလာသလို လူသားတွေ အတွင်းစိတ်က ကြမ်းခတ်လာတယ်။ ပူပြင်းရာသီဆို သွေးဆူလွယ်တတ်သလိုပေါ့။
ကမ္ဘာကြီးလည်း လိုအပ်တာထက် အပူချိန်တွေ ပိုတက်လာတယ်။ သဘာဝတရားရဲ့ ဖျားနာမှုက အရေးပေါ်အခြေအနေ၊ မဆိုင်းမတွ ကယ်တင်ရမယ့်အခိုက်မှာပဲ အီရန်က အဏုမြူဗုံးကို လာအိပ်မက်နေတယ်။ မဆီမဆိုင်နဲ့ ဧရာဝတီတိုင်းသားတွေကို နာဂစ်က ၀င်ခွေ့တယ်။ စီချွမ်ပြည်နယ်သားတွေရဲ့ဘ၀ကို မြေငလျင်က ရမ်းခါချတယ်။ ကတ်ထရီနာကလည်း သက်ညှာမပေးပါဘူး။ ကမ္ဘာကြီးရဲ့ အလံတိုင်တွေဟာ တိုင်တစ်ဝက်တွေချည်းပါပဲ။ ၀မ်းနည်းခြင်းနေ့ရက်တွေ ပိုရှည်ကြာခဲ့တယ်။ မိဘနှစ်ပါးဆုံးရှုံးတာ ကလေးငယ်တွေရဲ့ ဘ၀အတွက်တော့ ကမ္ဘာပျက်တာပဲ။ အထီးတည်းကျန်ခဲ့တဲ့ အိမ်ထောင်ဦးစီးတစ်ဦးဟာ အပျက်အစီးပုံတွေထဲမှာ သူ့သားသမီးတွေကို ရှာနေတယ်။
``ကျားပေါင် မင်းဘယ်မှာလဲ၊ ကျားပေါင် ကျားပေါင် ´´
`` မင်း မသေသေးရင် အဖေ့ကို ပြန်ထူးပါ ´´
`` ရှောင်ဖိန် သားအောက်မှာ ပိနေတာလား ´´
ခေါ်သံတွေ အထပ်ထပ်ဆူနေပေမယ့် ဖြေသံတွေတိတ်ဆိတ်နေဆဲ။
`` ဖိုးသံချောင်းနဲ့ ခွေးပူမ ပင်လယ်ထဲကျသွားတယ် ´´
`` သူတို့က ရေကူးသိပ်တေ
ာ်တာဗျာ၊ ဖိုးသံချောင်းက ကျားပိုက်ချလည်းတော်၊ မြှုံးချရင်လည်းပါ၊ သားရယ် မင်းလိုကောင်ကိုမှ ပင်လယ်က ဖမ်းစားရတယ် ´´ လို့ မချိတင်ကဲသံတွေ ကမ္ဘာကြီးထဲ တော်လဲသံလို ညံနေခဲ့တယ်။ လူတစ်ဦးရဲ့ မိသားစုဘ၀ အဓိပ္ပါယ်မဲ့ရတယ်ဆိုရင် မိသားစုတွေနဲ့ ဖွဲ့စည်းထားတဲ့နိုင်ငံက ဘယ်လမ်းကို ဆက်လျှောက်ရမှာလဲ၊ နိုင်ငံများနဲ့ ဖွဲ့စည်းထားတဲ့ ကမ္ဘာကြီးကရော၊ နှစ်ကာလ ပင်လယ်ထဲမှာ လမ်းညွှန်မြေပုံပျောက်သလိုပဲ ကပ်စရာ ကမ်းမဲ့ခဲ့သလိုပါပဲ။
လူတစ်ဦးသေဆုံးတာက ၀မ်းနည်းဖွယ်ရာတစ်ခုဖြစ်ပြီး လူတစ်သန်း သေဆုံးတာက စာရင်းဇယားတစ်ခုတဲ့။
အဲဒီ ခပ်ရမ်းရမ်းအဆိုအမိန့်တွေကို ကမ္ဘာကြီးက မျက်စိမှိတ် ယုံကြည်နေတုန်းလား။ သမိုင်းမှာ မကြုံဖူးလောက်အောင် ပမာဏနဲ့ ဆိုမာလီယာကမ်းစပ်က ပင်လယ်ဓါးမြတွေက ပြန်ပေးဆွဲနေကြတယ်။ သူတို့ရဲ့ပစ်မှတ်က ဆော်ဒီဘုရင်ပိုင် သင်္ဘောကနေ ရုရှားက လက်နက်တင်သင်္ဘောတွေအထိ အနာဂတ်မှာ စစ်ဘက်သုံး နျူကလီးယားလောင်စာနဲ့ ရေငုပ်သင်္ဘောတွေ၊ အာကာသလ
ွန်းပျံယာဉ်တွေပါ ပြန်ပေးဆွဲဖို့အထိ မြေအောက်ထပ်ဇိမ်ခန်းထဲမှာ ဒေါ်လာတွေ ပလူပျံအောင် သုံးဖြုန်းနေတဲ့ ပြန်ပေးဆွဲခေါင်းဆောင်က ရည်ရွယ်ချက်တွေ ကြီးမားနေတယ်။
အလုပ်လက်မဲ့ စိတ်လေနေတဲ့ လူငယ်တွေကို ဒေါ်လာတွေအထပ်လိုက်နဲ့ ဆိုမာလီယာကမ်းခြေက မြူဆွယ်နေတယ်။ မိန်းမငယ်တွေလည်း ရှိမယ်။ အရက်အကောင်းစားတွေလည်း ရှိမယ်။ ကောင်းကင်ဘုံဆိုတဲ့ စကားလုံးထက် ကမ်းကုန်အောင် ဆိုးရဲသလားဆိုတဲ့ စကားကို ပိုမိုအရသာတွေ့နေကြတယ်။
အာဖရိက ဦးချိုဒေသက ကလေးငယ်တွေ ရည်မှန်းချက်ဟာ ကမ္ဘာကြီးအတွက် ပန်းတစ်ပွင့်ဖြစ်နိုင်ပါ့မလား။
ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့၊ ၂၀၀၈ က ကျန်ခဲ့ပြီ။ အသက်တွေ၊ ဘ၀တွေ၊ စည်းစိမ်ဥစ္စာတွေသာမက ငါတို့ရဲ့ စိတ်ဓါတ်တွေကိုပါ ချိုးဖဲ့ဖျက်ဆီးပြီး ကြီးနိုင်ငယ်ညှဉ်းဝါဒ ကမ္ဘာကြီးမှာ ခေါင်းထောင်ထလာပြီလား။
ငါ့ကလောင်သွားကတော့ အမှန်တရားဆိုတဲ့ ဓါးထက်ထက်ကိုင်ထားတယ်၊ အခု မင်း နေရစ်ခဲ့တော့။ ကျန်ခဲ့တဲ့ ပြက္ခဒိန်စာရွက်တွေကို မေ့ပစ်လို့ရပေမယ့် စူးရှတဲ့အတိတ်ဒဏ်ရာတွေကို ကုစားဖို့ ငါတို့ ၂၀၀၉ ဆီ သွားမယ်။ လင်းလက်တောက်ပတဲ့ အနာဂတ်တွေ ပိုင်ဆိုင်ဖို့၊ ဆာလောင်မှုတွေ ချုပ်ငြိမ်းဖို့၊ ပျော်ရွှင်မှုတွေ မျှဝေဖို့ ၂၀၀၉ ဆီကို ငါတို့ သွားမယ်။
အောင်ပိုင်စိုး
ရန်ကုန်စံတော်ချိန်။
Facebook Badge
Blogroll
- ကဗျာလွယ်အိတ်လေး( ကိုသားဖြိုး)
- ကဗျာပြခန်း
- ကိုညီညီ(သံလွင်)
- ကိုညီလင်းဆက်
- ကိုဖိုးသူတော်
- ကိုမင်းယွန်းသစ်
- ကိုမိုးလှိုင်ည(ကဗျာ)
- ကိုမိုးလှိုင်ည(စာစုများ)
- ကိုရန်အောင်
- ကိုလင်းဦး (စိတ်ပညာ)
- ကိုဖြိုး (စည်းအပြင်ကလူ)
- ကိုနွယ်ရိုး
- ကျွန်တော်တို့ချစ်တဲ့ကဗျာတွေ
- မအိန္ဒြာ
- မနော်ဟရီ
- လသာည
- လိပ်ပြာလေး
- လွတ်ကျသွားတဲ့မြို့တော်
- သုခမိန်( E- journal)
- အာရှခရီးသွားလမ်းညွှန်
- အမေ
- ကောင်းကင်ဖြူ
- တောကျောင်းဆရာရဲ့ တစ်ခါကတချို့တစ်လေ
- ဒေါက်တာ မွန်းသက်ပန်
- နိုင်းနိုင်းစနေ
စိတ်ကူးချင်းရင်းနှီးသူတွေ
Labels
- ကဗျာ (2)
- စာကောင်း စာဟောင်း (3)
- ဆောင်းပါး (1)
- ဓါတ္ပုံ (2)
- ဖတ်ညွှန်း (1)
- ကြုံခဲ့သမျှလူ့ဘ၀ (10)
- ဘာသာရေးစာပေ (1)
- သတင်း (2)
- သတင်းဆောင်းပါး (4)
- ဟာသ (1)
- အက်ဆေး (8)
- အင်တာဗျူး (1)
- အထ္ထုပတ္တိ (2)
- အတွေးစာစု (12)
- ဆောင်းပါး (29)
- ပေါ်လိုကိုဟိုး စာစုများ။ (2)
ဘွဲ့လက်မှတ်တွေ၊ ထောက်ခံစာတွေ၊ ကျွမ်းကျင်မှုတွေတစ်ပုံကြီးပဲ။ ကုမဏီတွေ သွားလျှောက်တော့ သူဌေးက ဖတ်ကြည့်ပြီး၊ နားမလည်တဲ့ပုံစံနဲ့ အဲဒီလောက်တတ်
တဲ့လူ မလိုဘူးဆိုပြီး ငြင်းလွှတ်တယ်။ အလုပ်ခေါ်ကြော်ငြာတွေမှာ အဆင့်မြင့်ရာထူးကို
တိုက်ရိုက်ခေါ်တာမရှိဘူး။ သူများထက်ခေါင်းတစ်လုံးပိုမြင့်တာ၊ ဘတ်စ်ကားပေါ်မှာတော့
ခါးကိုင်းပေးရတဲ့အဖြစ်။ ပစ်တိုင်းထောင်ဖြစ်အောင်လုပ်တော့ ကံကြမ္မာက ခဏခဏပစ်ချတယ်လေ။ ကိုယ်ကလည်း ပေနေရတာပေါ့။ ယဉ်ကျေးမှုနံရံဆိုတာ
ကိုယ်တစ်ယောက်တည်း တွန်းကန်နေလို့ရတာမှ မဟုတ်တာ။ အရင်းမစိုက်နိုင်လို့
လှေထိုးလိုက်ခဲ့တာလည်း အကြိမ်ကြိမ်။ တစ်ခါတစ်လေတော့လည်း တစ်လောကလုံးကို
စိန်ခေါ်ချင်နေမိလောက်အောင် စိတ်အချဉ်ပေါက်မိတယ်။ မန်နေဂျာကတော့ လာလာပြောနေတာပဲ။ အလုပ်ကိုလေးစား ပါတဲ့ ။ အလုပ်ကကော လူကို ပြန်လေးစားမှာလား။
ခွင့်ဘယ်နှစ်ရက်ယူရင် ဘယ်လောက်ဖြတ်မယ်။ အလုပ်ချိန် နာရီမပြည့်ရင် ဘယ်လိုအရေးယူမယ်။ လုပ်ငန်းသုံးကိရိယာတွေ ပျက်စီးရင် ဘယ်လောက်ပေးလျော်ရမယ်။
နို့စ်တစ်ဘုတ်ဆိုတာ ၀န်ထမ်းတွေကို ခြိမ်းခြောက်စာ ကပ်တဲ့နေရာ။ အလုပ်ကြိုးစားရင် ဘယ်လိုခံစားရမလဲလို့ မေးရင် သူဌေးတွေ၊ မန်နေဂျာတွေက ဆွံ့အနားမကြား ဖြစ်သွားရော။
ငကန်းသေရင် ငစွေပေါ်တဲ့ လုပ်ငန်းရှင်တွေပဲ ပိုမိုများလာတာလား၊ လူတွေကပဲ ငကန်းနဲ့ငစွေပဲ ဖြစ်ချင်နေသလားမသိဘူး။ လောကကြီးတစ်ခုလုံး ဇောက်ထိုးမိုးမျော် ဖြစ်နေတာကြာပြီ ဆိုတဲ့ သူငယ်ချင်းတစ်ယောက်ရဲ့စကားကို အခုမှ သဘောပေါက်မိတယ်။
ပိုက်ဆံမ၀င်ရင် လူလေလူလွင့် လို့ယူဆတတ်တဲ့ အသိုင်းအ၀ိုင်းကြားမှာတော့ ဂုဏ်သိက္ခာနဲ့
ပညာကိုတန်ဖိုးထားတဲ့ လူက အရူးလိုပဲ။
လွယ်အိတ်ထဲမှာ စာအုပ်တွေထည့်ပြီးလျှောက်သွားနေလို့ကတော့ ဘယ်မှာ အလုပ်ရမှာလဲ။
အလုပ်ရဖို့ လမ်းကြောင်းလိုတယ်။ လမ်းမသိရင်တော့ တစ်ယောက်ယောက် မေးရမှာပဲ။
ခက်တာက လမ်းပေါ်မှာ ကိုယ့်လိုလူတွေက အများကြီး။ တစ်နေ့ကို ထမင်းသုံးနပ်နဲ့ ၀မ်းအပြင်
အိတ်မှမပါတာ။ ပြက္ခဒိန်ပေါ်က အချိန်တွေကို တစ်ရက်ချင်းဆွဲယူပေါ့။ အသက်ရှင်နေရင် ပြီးတာပဲ။
လူဆိုတာ အလုပ် လုပ်ရတယ်တဲ့။ အလုပ်ဆိုတာကလည်း လူကပဲလုပ်တာပါ။ လူနဲ့အလုပ် အပြန်
အလှန်လေးစားမှုတော့ လိုတာပေါ့။ သူများခိုင်းမှ အလုပ်လုပ်တတ်ရင် ကိုယ့်ကိုယ်ကို
မခိုင်းတတ်တော့ဘူး။
ကိုယ့်ကိုကိုယ်မှ မခိုင်းတတ်ရင် သူများကိုလည်း ပြန်မခိုင်းတတ်ဘူး။ ကိုယ့်ကိုကိုယ်မှမခိုင်းတတ်ရင်တော့ သူများလက်ဝေခံဘ၀မှာသက်တမ်း ရှည်သွားမှာပဲ။
လောကကြီးဆိုတာက ရုံပြည့်ပြီလို့ ဆိုင်းဘုတ်တင်ထားတာမှ မဟုတ်တာ။ ၀င်လာတဲ့လူ
ဝင်လာမယ်၊ ထွက်တဲ့လူက ထွက်သွားမယ်။ တောင်ငေးမြောက်ငေးဆိုရင် အတွေးတွေက
တောင်ရောက်မြောက်ရောက်နဲ့ လူက ဘယ်မှမရောက်တော့ဘူး။
အလုပ်ကိုလေးစားပါ၊ လူကိုလေးစားပါ။
လူကော အလုပ်ပါ လေးစားပါ။
အောင်ပိုင်စိုး
ဘ၀ဆိုတာ အချိန်ကာလနဲ့ ဖွဲ့စည်းထားတယ်လို့ လူအတော်များများက ပြောဆိုသုံးစွဲတတ်ကြပါတယ်။ အိုင်းစတိုင်းကလဲ နှိုင်းရသီအိုရီနဲ့ အချိန်သဘောသဘာဝကို လူတွေနားလည်အောင် ရှင်းပြဖို့ ကြိုးစားခဲ့ဖူးပါတယ်။ စတီဖင်ဟော့ကင်းကလဲ ဘီးတပ်ကုလားထိုင်ပေါ်ကနေ ကမ္ဘာကျော် အချိန်နဲ့သမိုင်းအကျဉ်းဆိုတဲ့ ရူပဗေဒကျမ်းတစ်အုပ် ရေးဖွဲ့ခဲ့ဖူးပါတယ်။ ရစ်ချတ်ဖိုင်းမန်းတစ်ယောက်ပဲ အချိန်ကာလအကြောင်း ကောင်းကောင်းနားမလည်ပါဘူးတဲ့…။
အဲဒီအချိန်ကာလကို နေနာ
ရီ၊ သဲနာရီနဲ့ အီဂျစ်ပြက္ခဒိန်တွေက စတင်ခဲ့သလား…အာရုံမိုးသောက်ယံမှာ အရှေ့အာရှက ကြက်ဖတွန်သံတွေနဲ့ စခဲ့သလား… ရွှေဗဟိုရ်စည်သံနဲ့ ရွာဦးကျောင်းက တုံးမောင်းခေါက်သံ… နရီသံပါတ်အမျိုးမျိုး နေ့နဲ့ညတွေကြားမှာ လူတွေ ခေတ်တွေ ဖြတ်သန်းနေထိုင်လာကြတာပါ…။
ဒီနေ့ ၂၁ ရာစု ကော်ဖီshopတစ်ခုမှာ လူငယ်လေးယောက် ထိုင်နေကြတယ်… သုံးယောက်က နာရီပတ်သူဖြစ်ပြီး တစ်ယောက်က နာရီမပတ်ထားပါဘူး။ လက်ကောက်ဝတ်သွေးကြောတွေ ကျဉ်းကြပ်နေမှာ စိုးတာကတစ်ကြောင်း… စက္ကန့်တံလေးရဲ့ လှုပ်ရှားမှုလောက်နဲ့ ဘ၀ကို ရင်မခုန်ချင်လို့ပါလို့ နာရီပတ်မထားသူက ဆင်ခြေပေးပါတယ်။
နာရီတစ်လုံးဟာ ခင်ဗျားဖက်ရှင်ကို ပံ့ပိုးပေးနိုင်မယ်ဆိုတာ တွေးခဲ့ဖူးသလား…။ ကျွန်တော် အခု ဂျင်းပင်န်၊ တီရှပ်နဲ့ Gshot နာရီပတ်ထားတယ်… ဒါဟာ သိပ်လိုက်ဖက်တယ်လို့ ကျွန်တော်ခံစားရတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုတိုးတက်စေပါတယ်… ကျွန်တော့်မှာ နာရီခြောက်လုံးရှိတယ်… လိုက်ဖက်တဲ့ဝတ်စုံနဲ့ တွဲဝတ်ဖို့ပါလို့ ဖက်ရှင်အတွက် နာရီပတ်သူက ပြောပါတယ်။
Rado ကိုလဲ လက်မှာ ပတ်ချင်တယ်… Titan ဆိုရင်လဲ တိုက်တေနီယမ်ကစစ်… တန်ဖိုးရှိတဲ့အချိန်ကို တန်ဖိုးကြီးကြီးပေးကြည့်မှ ဘ၀တန်ဖိုးကို အမြဲမြှင့်တင်နိုင်မှာပေါ့… သေချာတာက နာရီဟာ လက်ကောက်ဝတ်ပေါ်မှာ လေးလံစီးပိုင်နေရမယ်…။ လက်ကောက်ဝတ်တစ်ချောင်းကို သိန်းနဲ့ချီတန်ဖိုးရှိမှ တစ်ချို့လူတွေဆီက အထင်ကြီးတဲ့ မျက်ဝန်းတွေ ရရှိနိုင်မှာ… လက်ကိုင်ဖုန်းထဲမှာ နာရီပါပေမယ့် တန်ဖိုးကြီးကြီး နာရီပတ်တဲ့ အလေ့အကျင့်ကို ကျွန်တော် နှစ်သက်နေတုန်းပါပဲ…။
နာရီတစ်လုံးရဲ့တန်ဖိုးက အချိန်မှန်ဖို့ထက် ဘာမှပိုမလိုအပ်ပါဘူး။ တရုတ်လုပ် တစ်ဒေါ်လာခွဲတန် အပေါ့စားနာရီလေးတွေကလဲ ကမ္ဘာပေါ်က ဘယ်စံတော်ချိန်နဲ့မဆို အချိန်ညှိယူလို့ရ
ပါတယ်။ စံတော်ချိန်နဲ့ လွဲနေရင်… ဒါမှမဟုတ် စက္ကန့်တံလေး သေဆုံးသွားခဲ့ရင်လဲ သံယောဇဉ်တွယ်ဆက်နေစရာ မလိုပါဘူး… နောက်ထပ်တစ်လုံး လဲပတ်ရုံပါပဲ။ ဒါပေမယ့် ကုန်ညံ့ဆိုတိုင်း အသုံးချတန်ဖိုး ဘာမှမပါဘူးလို့တွေးရင် တက်တက်စင်အောင် လွဲသွားမှာပါ…။ ကျွန်တော်ပတ်ထားတဲ့ တရုတ်လုပ် လက်ပတ်နာရီလေးက ဆယ်စုနှစ် တစ်ဝက်ကျိုးတဲ့ထိအောင် စက္ကန့်တစ်မှတ် မလွဲဖူးသေးပါဘူး။ မိုးထဲရေထဲမှာတောင် ဒုန်းစိုင်းသွားခဲ့ဖူးတယ်။ အဲဒီလို ချစ်စရာကောင်းတဲ့ နာရီလေးတစ်လုံးကို ဘယ်လိုကြွားဝါမှု၊ ဘယ်လိုမာနတရားမျိုးနဲ့မှ အလဲအထပ် မလုပ်နိုင်ဘူးလို့ Casio နာရီအတုတစ်လုံး ပတ်ထားတဲ့ လူငယ်က ပြောပါတယ်။
ဆောင်းကြမ်းရာသီတစ်လျှောက်လုံး အချိန်ကို ဘယ်လိုဖြုန်းတီးရမလဲလို့ တွေးတောနေခဲ့ရဖူးတဲ့ ဆွစ်ဇ်လူမျိုးတွေဟာ ကမ္ဘာကြီးအတွက် အကောင်းစားနာရီတွေကို ထုတ်လုပ်ပေးခဲ့ဖူးတယ်။ နာရီဆိုရင် ရိုးလက်စ်၊ Rado၊ Sandoz ဆိုပြီး ဆွစ်ဇ်ဇာလန်ဆိုတဲ့ စာတန်းကို ဂုဏ်ယူဝင့်ကြွားစွာပတ်တဲ့ မျိုးဆက်ရှိခဲ့သလို… ခေတ်မီပေါ့ပါးတဲ့ Casio၊ Gshotနဲ့ Rock သီချင်းဆိုတဲ့ လူငယ်တစ်ချို့ ရှိခဲ့သလို… Gucci၊ အလက်ဇန်းဒါးခရစ်စတင်းနဲ့ လုပ်ငန်းရှင်ပေါက်စ လူလတ်ပိုင်းတွေ ရှိခဲ့ဖူးတဲ့မြို့မှာ လူငယ်လေးယောက်ရဲ့ နာရီဝါဒကို နာကြားပြီးတဲ့နောက်…
တစ်နေ့မှာ ၂၄ နာရီထက် ဘယ်သူမှ အချိန်ပိုမရခဲ့တာ သေချာနေခဲ့ပြန်ပါတယ်…။
အောင်ပိုင်စိုး

ဒီနေ့ ရောင်းအား သိန်း ၄၀ ကျော်သွားပြီ၊ သိန်းသုံးဆယ်ကျော်ရင် သူဌေးက အမြဲဘောက်ဆူးပေးမယ်လို့ ပြောတယ်။ အရောင်းစာရေးတွေက သိန်းသုံးဆယ်ဆိုရင် တစ်ယောက် ၅၀၀ ကျပ်ရတယ်။ အခု သိန်းလေးဆယ်ကျော်ဆိုတော့ ၇၀၀ လောက်ရမယ်၊ ထမင်းဖိုးက ငါးရာ၊ လမ်းစရိတ်က ၃၀၀ နဲ့ဆိုရင် ဒီနေ့ ၁၅၀၀ လောက်ရတယ်။ တစ်ပတ်ကို ဘောက်ဆူးနှစ်ရက်လောက်တော့ ရတတ်တယ်။ အင်း … လကုန်ရင်တော့ သူကြိုက်တဲ့ သီတာအေး ၀တ်ထားတဲ့ ဖိနပ်မျိုးဝယ်နိုင်မှာ၊ ပိုက်ဆံစုထားတာ ၆၀၀၀ ဒီနေ့ရမှာနဲ့ဆို ခုနစ်ထောင့်ငါးရာ ညနေကျရင် အပြန် မုန့်ဟင်းခါးတစ်ပွဲလောက်တော့ ၀ယ်စားဦးမှ၊ မနက်က ထမင်းချိုင့်နောက်ကျနေလို့ မထည့်ခဲ့၊ နေ့လည်ကလည်း ရုံးမှာ ကော်ဖီနဲ့ မုန့်ပဲစားထားတာ အပြန် မုန့်ဟင်းခါးလေးဝယ်စားမှ နေသာထိုင်သာရှိမယ့်ပုံပဲ။ တစ်ခါတစ်လေ လိုင်းကားတိုးစီးရင် အဲဒီထမင်းချိုင့်ကြီးက တစ်ဒုက္ခ၊ ထမင်းချိုင့်မဆွဲရတဲ့ အလုပ်တစ်ခုခု လုပ်ရရင်တော့ ပြောင်းလုပ်ချင်တယ်။ စတီးချိုင့်ဆွဲမှပဲ လိုင်းကားနဲ့ အဆင်ပြေတယ်။ ကော်ဆွဲခြင်းလှလှလေးနဲ့ ထမင်းဘူးလှလှလေးတွေဆိုရင်တော့ ကိုင်ချင်ပါသေးတယ်။ ဒါပေမယ့် ဘ၀ပေးက လိုင်းကားပဲ စီးနေရတော့ ထမင်းချိုင့်ကြီး တကားကားနဲ့ ရုံးက ထမင်းချိုင့်စရိတ် မပေးဘဲ ထမင်းကျွေးရင် ကောင်းမှာပဲလို့ တွေးမိတယ်။ မုန့်ဟင်းခါး အကြော်နဲ့ဆို ၃၅၀၊ လမ်းစရိတ်နဲ့ဆိုရင် သူ့လက်ထဲမှာ ခုနစ်ထောင်လောက်တော့ ကျန်သေးတယ်။
`ဟယ် ဖိနပ်လေးက လှလိုက်တာ သီတာအေး … နင် ဒီဖိနပ် ဘယ်လောက်ပေးရလဲ´
`သောင်းသုံးထောင်ဟဲ့၊ ငါ့ရည်းစား ၀ယ်ပေးတာလေ။ အင်း … လှတော့လှတယ်၊ ငါ အဲဒါမျိုး သိပ်မ၀တ်တတ်ဘူး´
သီတာအေးရည်းစား ကောင်လေးက ပြေလည်ပုံပေါ်တယ်။ အ၀တ်အစားဆိုလည်း တောက်တောက်ပြောင်ပြောင်၊ ဘာတံဆိပ်တွေမှန်းတော့ မသိဘူး။ ဈေးကြီးတယ်လို့ ထင်တာပဲ။ တစ်ခါတစ်လေ ဟမ်းဖုန်းတွေဘာတွေ ပါလာတတ်တယ်။ သီတာအေးတင် ရည်းစားရှိတာ မဟုတ်ပါဘူး။ သူ့ကိုကြိုက်နေတဲ့ ကောင်လေးလည်းရှိတာပဲ။ သူကတောင် သီတာအေးထက် နည်းနည်းပိုလှတယ်လို့ သူ့ဟာသူ တွေးမိတယ်။ သီတာအေးက မျက်နှာလေးချိုပြီး အသားဖြူတာတစ်ခုပဲ။ သူကမှ မိန်းကလေး ပီပီသသနဲ့ ကိုယ်လုံးကိုယ်ပေါက် ရှိသေးတယ်။ သူ့ကောင်လေးက အ၀တ်အစား သပ်သပ်ရပ်ရပ်နဲ့ ရည်မွန်ပြီး သဘောကောင်းပုံရတယ်။ ငွေအသုံးအစွဲ စည်းကမ်းရှိပြီး သူ့ပုံစံက ချွေတာပုံရတယ်။ ပိုက်ဆံပေါပြီး အသုံးအဖြုန်းကြီးတဲ့ပုံစံတော့ မဟုတ်ဘူး။ သူ့ကို လက်ဆောင်တွေလည်း ခဏခဏ မပေးတတ်ဘူး။ သူနဲ့ လက်ဖက်ရည်ဆိုင်ထိုင်ရင် လမ်းဘေးက ကဖေးတွေမှာပဲ ထိုင်ရတာများတယ်။ သူမက မှန်ခန်းနဲ့ ကော်ဖီဆိုင်တွေ ထိုင်ချင်တယ်။ သူကတော့ အဲဒါကို သက်သက်ဖြုန်းတီးတာပဲလို့ မြင်နေတယ်။ တစ်ခါတစ်လေ ထိုင်ဖူးပေမယ့် အများအားဖြင့်တော့ လမ်းဘေးက ကဖေးတွေ၊ မုန့်ဟင်းခါးဆိုင်တွေပဲ ထိုင်ဖြစ်တယ်။
ကောင်လေးက လာကြိုရင် သူလမ်းစရိတ် သက်သာမှာတော့ အမှန်ပဲ။ နင်နဲ့ငါ သမီးရည်းစားမှမဟုတ်တာ ခဏခဏ လာမကြိုနဲ့လို့ ပြောလိုက်တယ်။ တစ်ခါတစ်ခါတော့ နှုတ်ခမ်းပဲ့ချင်း မီးမမှုတ်ချင်ပါ။ အလုပ်ကအပြန် ပလက်ဖောင်းပေါ်မှာ လမ်းလျှောက်ရင်း ဟိုလျှောက်ဒီလျှောက် ကြည့်နေမိတယ်။ `မိန်းမစီးဖိနပ်တွေ၊ ဒေါက်ဖိနပ်တွေ တစ်ရံ ၁၅၀၀´၊ အသံကြားတဲ့ဆီ လှမ်းကြည့်မိတော့ လမ်းဘေးမှာ ဖိနပ်တွေ ပုံရောင်းနေတဲ့ဆီမှာ အမျိုးသမီး တော်တော်များများ ရွေးနေကြတယ်။
ဖိနပ်တွေ အများကြီးပဲ၊ ဒီဇိုင်းလည်းစုံ အရောင်လည်းစုံနဲ့။ သူရွေးရင်းနဲ့ ဟိုဟာဒီဟာ လိုချင်နဲ့ သီတာအေးဝတ်ထားတဲ့ ဖိနပ်ထက်တောင် ပိုလှသေ
းတယ်။ ဖိနပ်သဲကြိုးမှာ ပုလဲသီးလေးတွေ စီထားတဲ့ ဖိနပ်တစ်ရံ သူ ယူလိုက်တယ်။
`ဦးလေး … ဒီမှာ ပိုက်ဆံ´
ဖိနပ်လေးကို ကားပေါ်လည်း ထုတ်ကြည့်၊ အိမ်ပြန်ရောက်တော့လည်းကြည့်နဲ့၊ ကိုရီးယားဇာတ်ကားထဲမှာ မင်းသမီးတစ်ယောက် ၀တ်ထားတဲ့ ဖိနပ်မျိုး၊ အင်း … ငါ ဒီဖိနပ်နဲ့ဆိုရင် အရင်ကထက် ပိုပြီးလှသွားမယ်။
နောက်တစ်နေ့ …
သူ ထမင်းချိုင့် မယူတော့ဘူး။ သူငယ်ချင်းတွေက သူနဲ့လိုက်တယ်ဆိုတဲ့ လက်ကိုင်အိတ်လေးနဲ့ သူ အလုပ်ကို စောစော ထွက်လာမိတယ်။
`ဟယ် ဖိနပ်လေးက လှလိုက်တာ´
`ငါ့ရည်းစား မွေးနေ့လက်ဆောင် ၀ယ်ပေးတာ။ ဒီဇိုင်းအသစ်ဆိုတော့ သောင်းခြောက်ထောင်တောင် ပေးရတယ်´
သီတာအေးကို သူ အဲဒီလို ပြောလိုက်မိတယ်။ အရင်က လျှောက်နေကျလမ်းတွေပဲ၊ ဒီနေ့မှ လမ်းလျှောက်ရတာ အရသာတွေ့နေတယ်။
အောင်ပိုင်စိုး
ကမ္ဘာပေါ်မှာ လူနေထူထပ် မြို့ကြီးတွေဟာ အစည်ကားဆုံး မြို့တွေဖြစ်တယ်ဆိုတာ အငြင်းပွားဖွယ်ရာ ကိစ္စတစ်ရပ်တော့ မဟုတ်ပါ။ မြို့ကြီးတွေမှာ လူတွေဘယ်လို ရှင်သန်နေထိုင်ကြသလဲဆိုတာကတော့ စိတ်ဝင်စားစရာပါ။ ကမ္ဘာကျေးလက်နေ လူထုက မြို့ကြီးတွေဆီ အချိန်နဲ့အမျှ စီးဆင်းနေပါတယ်။
မြို့ပြအိပ်မက်တွေကို မျိုးဆက်အဆင့်ဆင့်က လက်ဆင့်ကမ်းလာတဲ့ ယဉ်ကျေးမှု ဖြစ်နေပါပြီ။ မြို့ပြမှာ အခွင့်အလမ်းများတယ်။ ၀င်ငွေကောင်းတယ်။ ပညာရေးစနစ်၊ ကျန်းမာရေးစနစ် လက်လှမ်းမျှီတယ်ဆိုတဲ့ မြို့ပြဆီ ပြောင်းရွှေ့လာကြတဲ့ ကျေးလက်သားတွေဟာ တစ်စတုရန်းမီတာမှာ လူဘယ်နှစ်ဦး နေထိုင်တယ်ဆိုတာကိုြွကွားဝါနေကြတဲ့ မြို့ပြစီမံကိန်းတွေကြားမှာတော့ မွန်းကျပ်လို့နေပါတယ်။
အဆိုးဆုံးက မြို့ပြ၀င်ငွေနဲ့ မြို့ပြစရိတ်က အချိုးမညီလှတာ သိသာလွန်းနေပါတယ်။ မိမိအိတ်ကပ်ထဲက လုပ်ခငွေကြေးကို မျက်စောင်းခဲနေကြတဲ့ မြို့ပြညှို့ချက်တွေထဲမှာ ၀ဲလည်သွားကြတဲ့ အရေအတွက်ကလည်း မနည်းပါဘူး။
ဝမ်းစာအတွက် အမြဲမလောက်ငတဲ့ မြေကြမ်းတဲ့လယ်ကွက်လေးပေါ်မှာ ဟင်းစားတချို့ ရတတ်ပေမယ့် တစ်လ၀င်ငွေဟာ တစ်သီးစား၊ ရောင်းသလောက်ရတတ်တဲ့ မြို့ပြကို ကျေးလက်သား ရင်ခုန်တတ်ကြတာ ဓမ္မတာတရားတစ်ခု။
ဒါပေမယ့် မြို့ပြရဲ့ ခိုအိမ်ကလေးတွေမှာ မိသားစုအားလုံး စက်ရုပ်သဏ္ဍာန်လှုပ်ရှားနေရတတ်ပါတယ်။ မနက်စောစောမှာ စက်မှုဇုန်မှာ အလုပ်ဆင်းမယ့် ထမင်းချိုင့်တွေ၊ မနက်ခင်းစာကို အလုပ်သွားယာဉ်တစ်စီးစီးမှာ ဖြစ်သလို စားသောက်ရတဲ့ အလေ့အကျင့်၊ အလုပ်ပြန်ယာဉ်ပေါ်မှာ အိပ်ချိန်အနည်းငယ်ကို ဖန်တီးရတဲ့ဘ၀၊ အလုပ်နားရက်ဟာ လုပ်ခသုံးဆရဖို့ အခွင့်အရေးဖြစ်တဲ့ဆိုတဲ့ အတွေးနဲ့ ဘ၀ကို အချိန်ပို မထားကြသူတွေ တိုးပွားလာနေပါတယ်။
အထည်ချုပ်စက်ရုံက ကောင်မလေးဟာ သူတို့စက်ရုံက တီရှပ်ကို အချိန်ပိုလုပ်ခခြောက်လစာစုပြီးမှ ၀ယ်ဝတ်နိုင်ပါတယ်။
တစ်နှစ်တာနေထိုင်ခဲ့တဲ့ အခန်းကျဉ်းလေးဟာ နောက်တစ်ခါစာချုပ်တဲ့အခါ ပိုင်ရှင်က လခတိုးတောင်းလိမ့်မယ်ဆိုတာ ကြိုသိနေတဲ့အတွေးဟာ မြို့ပြရဲ့ အိပ်မက်တစ္ဆေပါ။ ဒီထက်ဈေးပေါပြီး ဒီထက် ပိုကျဉ်းတဲ့ တစ်နေရာရာစာ ရှာရလိမ့်မယ်။ တစ်နှစ်တာအသားကျခဲ့ပေမယ့် ပြန်လှည့်မကြည့်နိုင်မယ်ဈေးကို ပိုင်ရှင်နဲ့ပွဲစားက ပြောလာကြမှာက အသေအချာ နောက်တစ်နေရာရှာ နောက်တစ်ခါ ပွဲစားပေး နောက်ထပ်တစ်နှစ် နေထိုင်ဖို့ အိပ်စက်စို့။ မြို့ပြရှင်သန်နေထိုင်မှုက အမြဲတမ်းကျဉ်းထဲကျပ်ထဲမှာပါ။ မြို့ပြအတွေးအခေါ်က တတ်နိုင်သမျှ ခပ်ကြာကြာနေထိုင်ရေးပဲ။ မြို့ပြအကွက်အကွင်းဟာ ဘောဂဗေဒ ကျမ်းစာဟောင်းထဲကအတိုင်း တန်ဖိုးတက်ဆဲ။
ပညာ အခြေစိုက်ခေတ်ဆိုပေမယ့် နီယွန်မီးတွေ အဆမတန်လင်းထိန်နေတဲ့ ဖျော်ဖြေရေးမြို့တော်တွေ က ၀င်ငွေအကောင်းဆုံးဖြစ်နေပါသေးတယ်။ ကောင်းမွန်တဲ့ ၀င်ငွေရရှိတာဟာ လူကိုပညာနဲ့ အလှမ်းဝေးသွား နိုင်စေပါတယ်။ ရှင်သန်ရပ်တည်မှုအတွက် ၀င်ငွေလိုအပ်သလို၊ ယဉ်ကျေးမှုကိုယ်ခံအားအတွက် ပညာကိုလိုအပ် နေပါတယ်။ ၀င်ငွေကောင်းခြင်းဟာ ချမ်းသာကြွယ်ဝမှုဆီကိုတော့ တွန်းမပို့နိုင်ပါဘူး။ ၀င်ငွေထိန်းသိမ်းခြင်းနဲ့ ရင်းနှီးမြှုပ်နှံမှု မှန်ကန်ဖို့ ပညာအခြေခံတွေ လိုအပ်ပါတယ်။ မြို့ကြီးကို မောင်းနှင်နေတဲ့ လူတန်းစားဟာ ပညာ အခြေခံ ယူနစ်တွေပြည့်စုံပါမှ ဂုဏ်သိက္ခာရှိတဲ့ မြို့ပြဖြစ်လာပါမယ်။ ကမ္ဘာ့အချမ်းသာဆုံး သူကြွယ်ကြီးနဲ့ တစ်နေ့ဝမ်းစာတစ်ဒေါ်လာကို စွန့်ပစ်ပစ္စည်းတွေထဲ ပြန်လည်ရှာဖွေစားသောက်နေရသူတွေ ယှဉ်တွဲနေထိုင်တဲ့ မြို့ဟာ ကောင်းမွန်တဲ့ မြို့ပြတစ်ခုတော့ မဟုတ်ပါဘူး။ သူ့ရင်ဘတ်နဲ့ မဆန့်မပြဲ လူဦးရေတွေ လက်ခံထားရတဲ့ မြို့ကြီးမှာတော့ မြို့နေလူတွေ အချင်းချင်း ရောဂါဘယတွေ ကူးစက်တယ်၊ ယဉ်ကျေးမှုတွေ ကူးစက်တယ်။ ရှင်သန်မှုပုံစံတွေကူးစက်၊ မြို့ပြရဲ့ နေထိုင်မှုက ကြုံသလို ဖြတ်သန်းခြင်းပါတဲ့။
ကျွန်တော်တို့အားလုံး ပန်းသီးဆွတ်ဖို့လာခဲ့ကြတာပါ။ တွင်းတူးသမားတွေ မဟုတ်ပါဘူး။
တယ်လီဖုန်းခွံတွေထုတ်၊ လိုင်းတပ်၊ ခုံလေးချထိုင်ပြီးကာစ ပထမဆုံး စလုပ်ရမှာက အကြွေအမ်းထားဖို့ပဲ။
ဘေးနားက လက်ဖက်ရည်ဆိုင်က ဆိုင်ရှင်ကိုပဲ အကူအညီတောင်းရဦးမှာပဲ။
“အစ်ကို … အကြွေတစ်ထောင်ဖိုးလောက် လဲပေးပါဦးနော်။”
တချို့က ကျပ်ငါးဆယ်၊ တစ်ရာကို စကားထဲ ထည့်မပြောကြပေမယ့် တချို့ကတော့ တစ်ဆယ်၊ နှစ်ဆယ်ကို အရေးကြီးခွင်ကျယ် လုပ်တတ်ပါတယ်။ သြော် … လူတွေပဲလေလို့ ခဏခဏ ဖြေတွေးနေရတာနဲ့ တရားက ရချင်ချင်၊ ကြာရင်တော့ အပျိုကြီးပဲ ဖြစ်သွားမလား မသိဘူး။
ဒီနေ့မှ တာဝန်တွဲကျတဲ့ အစ်မကြီးက သူ့သားလေး နေမကောင်းလို့ မလာနိုင်ဘူးထင်တယ်။ တစ်ယောက်တည်းတော့ ပတ်ချာလည်နေဦးမှာပဲ။ နေရောင်ကလည်း စူးလိုက်တာ၊ နေမပူအောင် အအေးဘူးကြော်ငြာ ဗီနိုင်းကြီး ထကာဦးမှပဲ။ ညနေမိုးရွာရင်တော့ ဒုက္ခက တစ်မျိုးလာဦးမယ်။ ခြေထောက်နှစ်ချောင်း ခုံပေါ်တင်ပြီး မိုးမစိုအောင် ကျုံ့ကျုံ့လေး နေနေရမှာ။
ဘွဲ့ရပြီး လမ်းဘေးရောက်မယ်လို့ ဇာတာက မှောက်လိုက်လေသလားလည်း မသိ။
"လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ တပ်ဆင်ထားခြင်းမရှိသေးပါသဖြင့် … ခေါ်ဆို၍ မရနိုင်ပါရှင် … "
တချို့က မြို့တွင်း၊ နယ်ဝေးခွဲထားပေမယ့် ကြုံရာဆက်ချင်တယ်။
* * *
"ဘယ်လိုလုပ်ရမှာလဲ၊ ခင်ဗျားပစ္စည်းကမှ မရောက်သေးတာ ကျွန်တော်က ဘယ်လိုငွေချေရမှာလဲ”
"ကြိုတင်ငွေက ကျွန်တော် ပစ္စည်းကြိုက်မှ ပေးတာ"
" အဲဒါဆို အဆင်ပြေတယ်လေ"
"ခင်ဗျား ပစ္စည်းရောက်တာနဲ့ ငွေလွှဲက… "
"အေး … ဒါပဲ"
"ဟာ … ဦးလေးကြီး ဖုန်းဖိုးပေးသွားဦးလေ။ မကြားဘူးထင်တယ်၊ အစ်ကို လက်ခုပ်တီးပေးပါဦး … ၊ ဟေး … ဦးလေးကြီး"
သိန်းနဲ့သောင်းနဲ့ စီးပွားရေးအကြောင်းပြောပြီး ဖုန်းဘိုးမပေးဘဲ ထွက်သွားတတ်သေးတယ်။
* * *
"အာ … ကိုကိုကလည်း ညက ဖုန်းနှစ်ခါတောင် ဆက်တာ၊ ပထမ ဆက်တုန်းက ဆက်သွယ်ရေးပြင်ပတဲ့၊ နောက်တစ်ခေါက်ကျတော့ ကောင်မလေးတစ်ယောက် လာကိုင်တယ်။ ဘာ ရေချိုးနေလို့ ညီမလေး လာကိုင်တာ … ။ ကိုကို မညာနဲ့နော်။ ညီမလေးဆို ဘာလို့ချက်ချင်း ဖုန်းပိတ်ပစ်တာလဲ၊ ဒီမှာက နာမည်ပဲ ပြောရသေးတယ်။ သူက မရှိဘူးဆိုပြီး ဖုန်းပိတ်ပစ်တာ အဲဒါ ဘာပြောမလဲ … "
* * *
"ဟေ့ရောင် … ဘယ်လိုလဲ၊ ညက အောင်လား၊ ညဦးပိုင်း ပွဲတွေတုန်းကတော့ ငါလည်း ပြာသွားတာ။ နောက်ပိုင်း ပြန်ရတော့ ခံသာတာပေါ့။ အခု ဘယ်မှာလဲ၊ ဟုတ်လား၊ ငါ့ချစ်ချစ်ဆိုင်က ဆက်နေတာ … "
ခွေးကောင်လေး၊ လူပုံစံက ဂြိုဟ်သားလိုလို အရူးလိုလိုနဲ့၊ ဆံပင်က ထောင်ထောင်၊ ဘောင်းဘီက ပွပွနဲ့ … ။
"ဘယ်လောက်ကျလဲ၊ ၁၅၀ ဟုတ်လား၊ ၁၅၀၀ ယူ အချစ် အကြွေ တစ်စနှစ်စ ပြန်အမ်းရင် ရပြီ"
လူကို ရိသဲ့သဲ့ လာလုပ်နေတယ်၊ မျက်နှာရူးနဲ့ …။ တစ်ခါတစ်ခါ မိန်းကလေးမို့ လမ်းဘေးမှာ လူပေါင်းစုံနဲ့ အလုပ်လုပ်ရတာ ရှက်မိတယ်။ အဆိုးဆုံးက လမ်းဘေးဖုန်းမှာ လူထိုင်စောင့်ရတာ ကိုယ့်တစ်နိုင်ငံတည်း ရှိတာမို့ ကိုယ့်လူမျိုးတွေကြောင့် ရှက်ရမယ်ဆိုရင် လဲတောင် သေလိုက်ရမလား မသိဘူး။
ဒီတစ်ခါ ဂျူတီချိန်းရင် မြို့ထဲဘက်ကျရင် ကောင်းမယ်။ မြို့ထဲက ဖုန်းရုံလေးတွေက မိုးလုံလေလုံနဲ့။ ဖုန်းဆက်တဲ့လူနဲ့က မှန်ခြားထားသေးတော့ မျက်လုံးတွေဒဏ်က အနည်းငယ် ခံသာသေးတယ်။ အီးမေးလ်ရှိတဲ့ရုံကျရင် ကောင်းမှာပဲ။ အရင်တစ်ခေါက် အီးမေးလ်ပို့တာ သင်နေတာ တစ်ဝက်တစ်ပျက်ကြီး။ ဒီတစ်ခါကျရင်တော့ အီးမေးလ်ပို့တာကို တတ်အောင် သင်ထားမှ။ သူများတွေပြောတာတော့ အင်တာနက်ကနေလည်း ဖုန်းပြောလို့ရတယ် ဆိုတာတော့ ကြားဖူးတယ်။
* * *
"ရှင် ဘယ်နံပါတ်တွေ လျှောက်နှိပ်နေတာလဲ၊ အဲဒီဖုန်းနံပါတ်မှ မရှိသေးတာ"
"ဟုတ်တယ်၊ ကျွန်တော် အနာဂတ်ကို ဖုန်းခေါ်နေတာ"
"ဟင် … အရူးလား မသိပါဘူး။ ၀၉၅၁ အနာဂတ်တဲ့ … "
အောင်ပိုင်စိုး
(သံလွင်အိပ်မက် အတွဲ-၂ အမှတ်-၁)
ဟေ့ရောင်တွေ ဘာလုပ်နေတာလည်း
ရေတီရှာနေတာကွ ငါ့ စဥ့်အိုးပဲ့ထဲက
ရေမှော်တွေဖယ်ပြီး ရှာမှတွေမှာပေါ့
မင်းတို့နှစ်ယောက်အကြီးဆိုပြီး
အနိုင်မကျင့်နဲ့နော်
ငါရေကူးမလို့ ဖယ်ပေး မဖယ်ရင်အုတ်ခဲကျိုးနဲ့ဆော်မှာနော်
ကျွန်တော်အားလုံးရဲ့ အနာဂတ်တွေပါ...။ ကလေးငယ်တွေဆိုတာက တန်ဖိုးအရှိဆုံး
သယံဇာတတွေပါ သူတို့အပေါ် ကျွန်တော်တို့ တာဝန်မကျေပုံ က အထက်ကပုံတွေ
အထင်းသားရှိပါတယ်... ။ နာလည်းစာနာနိုင်ပါစေ ။


