နာရီကိုကြည့်လိုက်တော့ ၅း၀၀ ထိုးဖို့ဆယ်မိနစ်၊ လုပ်လက်စအလုပ်တွေကိုတော့ လက်စသတ်ပြီးပြီ။ တစ်နေ့စာ စာရင်းဇယားတွေ၊ ဖိုင်တွေကို မန်နေဂျာကိုတင်ပြဖို့ မန်နေဂျာအခန်းထဲ လှမ်းကြည့်လိုက်တော့ ဧည့်သည်နှစ်ယောက်နဲ့ စကားလက်ဆုံကျနေတယ်

ကိုယ်က ရုံးဆင်းချင်နေပြီ။ သူတို့က အာလာပ၊ သလ္လာပတွေ ပြောကောင်းတုန်း၊ နာရီကိုကြည့်လိုက်တော့ ငါ့နာရီထိုးဖို့ နှစ်စက္ကန့်လောက်ပဲလိုတော့တယ်။ စိတ်ကတော့ပူနေပြီ။

ဒါပြီးရင် အလုပ်နောက်တစ်ခုကို ကူးရမှာ၊ ကွန်ပြူတာဆိုင်မှာ ညနေပိုင်း စာစီစာရိုက်ကို ကိုးနာရီခွဲထိ လုပ်ရဦးမှာ။ ညနေပိုင်းအလုပ်ချိန်က ခြောက်နာရီမှာ စမှာ၊ ငါးနာရီဆိုရင်တောင်

ညနေပိုင်း အလုပ်ချိန်က ခြောက်နာရီမှာစမှာ၊ ငါးနာရီဆိုရင်တောင် ညနေစာကို အပြင်မှာစားပြီး၊ အလုပ်နောက်တစ်ခုကို သွားဖို့ အချိန် ၄၅ မိနစ်လောက်ပေးရဦးမှာ။

နောက်ကျရင် အလုပ်ရှင် မျက်နှာညိုမှာ ကိုယ့်အတွက်စိုးရိမ်စရာပဲ။ အလုပ်နှစ်ခုလုပ်မှ လောက်ငရုံ လောက်ရတဲ့ ၀မ်းရေးကို တော်ရုံအတွေးနဲ့ စာနာတတ်သူတော့ သိပ်ရှိမှာမဟုတ်ဘူး။ အလုပ်ချိန်ဆိုတာ မျက်စိနှစ်လုံးပွင့် ကတည်းက အိပ်ရာထဲ ပြန်ဝင်တာတောင် မပြီးချင်ဘူး။ ညနေခင်းထဲမှာ ချစ်သူလက်ကိုဆွဲပြီး အေးအေးလူလူ လမ်းလျှောက် ထွက်ဖို့ သူတို့လိုလူတန်းတွေကို ဒီရာစုနှစ်က ခွင့်မပြုဘူးထင်တယ်။

ပထမအလုပ်က ရုံးတစ်ရုံးရဲ့ ၀န်ထမ်း၊ စီမံခန့်ခွဲမှုအပိုင်းမှာ သူတာဝန်ယူရတဲ့ ကိစ္စလေးတွေရှိတယ်။ ပြဿနာ အမျိုးမျိုးနဲ့ကြုံရ၊ ဆုံရ၊ ကိုယ်အောက်လက် ငယ်သားတွေ ကိစ္စကို အထက်ကိုတင်ပြ၊ သူတို့ လိုအပ်ချက်တွေရှိရင် ဖြည့်ဆည်း၊ လုပ်ငန်းရဲ့ပေါ်လစီ လိုအပ်ချက်တွေ အတွက် သူက ပုံမှန် အကြံပြုချက်လေးတွေရေးနဲ့၊ အတွေးကို ဇောင်းပေးရတဲ့ လုပ်ငန်းခွင်။ ဒုတိယအလုပ်က မော်နီတာဖန်သားပြင်ပေါ်ကို A4 စက္ကူပေါ်က

ညွှန်ကြားချက်တွေ အဆက်မပြတ် ရိုက်ထည့်နေရတဲ့ အလုပ်။ A4 တစ်မျက်နှာမှာ ဘယ်လောက်ရမယ် ဆိုတဲ့သတ်မှတ်ချက်အရ၊ သူ့အတွက်များများနဲ့ မြန်မြန်ရိုက်နိုင်ဖို့ အတွက်

ကတွန်းအားဖြစ်ပြီးသားပဲ။

သူဆယ်တန်းအောင်ကာစက ဒီအချိန်ဆို ငွေနှစ်ရာကျပ်နဲ့ သီးချင်းနားထောင်ရင်း ကဗျာဖတ်လို့ ရတဲ့ `ဒေါင်´ တစ်ခုခုမှာ ခွေးကောင်းနေချိန်ပေါ့။ အဲဒီအချိန်လေး တွေက သူ့ကို

မောင်ချောနွယ်နဲ့ မိတ်ဆက်ပေးဖူးတယ်။ မိုးဝေး၊ အောင်ချိမ့်၊ သစ္စာနီ၊ ပြီးတော့ ကစ်ပလင်၊ ပက်ဘလိုနီရူဒါ၊ ရှေးမော့စ်ဟေနီနဲ့ တီအက်စ်အဲ့လိယော့စ်အထိ၊ စည်းအပြင်ကနေ လူနာဆောင်အမှတ် ၆ အထိ အမှတ်မထင် ရောက်သွားခဲ့ဖူးတယ်။

ရာစုသစ်ရဲ့ သိပံဘီးထဲမှာ နည်းပညာနဲ့ ဓနချို့တဲ့နေတဲ့ သူလိုလူကို စွမ်းရည်နိမ့်တဲ့ ရိုဘော့အဟောင်းတွေလို လောကကြီးက ချောင်ထိုးထားလိုက်မယ်ဆိုတာ ကြိုတင်မသိခဲ့ရိုး အမှန်ပါ။ လောကဓံလှိုင်းတွေ၊ ငလျင်တွေ၊ ဆုပ်ဝဲ၊မြုပ်ဝဲတွေထဲ ၀ဲလည်ရင်း၊ ဘာပဲလုပ်လုပ် ဆင်ဆင်ခြင်ခြင် သတိနဲ့လုပ်ဆိုတဲ့ အဖေ့စကားကို ကြားယောင်ဖူးပါတယ်။ အချိန်ကာလနဲ့ ခေတ်ကို မျက်ခြေမပြတ်ခဲ့ပါပဲနဲ့ မြန်နှုန်းမြင့် အပြောင်းအလဲတွေထဲမှာ သူက အမြဲတမ်း အံ့သြ မှင်သက်နေခဲ့ရတယ်။ တိုင်ကပ်နာရီကို လှမ်းကြည့်တော့ ဆယ်နာရီဆယ်မိနစ်၊ နောက်ဆုံးဝါကျအတွက် သူ Backspace ကို ခြောက်ခါလောက်သုံးလိုက် ရတယ်။ ဒီထက်ပို နောက်ကျရင် သူ မနက်ဖြန် အလုပ်တွေ တလွဲတချော် ဖြစ်တော့မှာ။ အိမ်ပြန်ရောက်ရင် အေးစက်တောင်ခဲ နေတဲ့ ညနေစာတွေ သူ့ကိုစောင့်နေတော့မယ်။ သူ့ကိုယ်သူ အိမ်ပြန်လမ်းပေါ် ပစ်ချလိုက်တယ်။ လေတွေက လာအရောင်မှန်း သတိမထားမိပေမယ့် အေးစက်ကြမ်းတမ်းလွန်းတာ ခံစားသိလိုက်တယ်…..။



အောင်ပိုင်စိုး

5 comments:

ခင်ဗျား ရေးတာလေး ဖတ်လိုက်တယ်ဗျာ. တကယ်တော့ လူတွေက အလုပ်ကို ခိုင်းတာလား အလုပ်က လူကို ခိုင်းတာလား။ ရေစီးကြောင်းကြီးက ကျုပ်တို့ ကို ခိုင်းနေတာလား. ဘာပဲ ပြောပြော ကျုပ်တို့လို လူတွေ အလုပ် လုပ်နေကြရတယ်။

သူတော်(၃၀.၆.၂၀၀၉)

အမောများကို လာခံစားသွားတယ်ဗျာ...။
အိမ်ပြန်ချိန် ချုပ်ညနေရီမှာ နက်ဖြန်အတွက် မျှော်လင့်ချက်တွေ ကိုယ်စီပေါ့...။

ဟုတ်တယ်...ဘယ်သူက ဘယ်သူ့ကို ခိုင်းနေတယ်တော့ မသိဘူး..သေချာတာကတော့ အလုပ်တွေ လုပ်နေရတယ်..။

ရုံးဆင်းချိန်မှာတောင်...မဆင်းနိုင်ပါဘူး..အိုတီ လုပ်ရသေးတယ်..။ အိမ်ပြန်ရောက်တော့လဲ စားဖို့ သောက်ဖို့အတွက် လုပ်ရသေးတယ်..။ အားလုံးပြီးလို့ နာရီကြည့်တော့ အိပ်ချိန်ရောက်ပြီ..။ နောက်နေ့ မနက် ရုံးတက်...ဒီလိုနဲ့ပဲ..တကယ့် စက်ရုပ်ပါပဲ..။

ဒီရာစုနှစ်ကြီးထဲမှာ လူနဲ့ ရိုဘော့ ခွဲခြားဖို့ ခက်နေပါပြီ။ စက်ရုပ်ဆန်တဲ့ လှုပ်ရှားမှုနဲ့ ဘ၀ကို ဖြတ်သန်းနေကြတဲ့သူတွေအတွက် ပတ်ဝန်းကျင်လေထုက တဖြည်းဖြည်း အေးစက်ကြမ်းတမ်းလာတယ်။ ဘာပဲဖြစ်ဖြစ် အလုပ်တွေကတော့ မနားတမ်း လုပ်နေရဦးမှာပဲလေ..။